ဂျပန်မှာ ဘယ်သူမဆိုလုပ်နိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း
ရေဒီယိုကိုယ်ကာယလေ့ကျင့်ခြင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ကတည်းရှိခဲ့တာပါ၊
ဂျပန်ရဲ့ ပြည်သူတွေအားလုံးလုပ်နိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဘဲဖြစ်ပါတယ်။
ဂျပန်ထူးဆန်းတဲ့အလေ့အထတွေနဲ့ ရေဒီယိုကိုယ်ကာယလေ့ကျင့်တာကို
မိတ်ဆက်သွားပါမယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း၉၀လောက်က တီဗီတွေမရှိသေးပါဘူး၊ ရေဒီယိုမှာ မနက်တိုင်းလွှင့်ခဲ့တာပါ။
စန္တယားရဲ့စည်းချက်နဲ့အညီ ရေဒီယိုမှာ ကိုယ်ကာယလေ့ကျင့်တာကို ရှင်းပြသွားတာပါ။
ရေဒီယိုဆိုတော့ အသံနဲ့ဘဲရှင်းပြတာဆိုပေမယ့် နားလည်လွယ်အောင်ရှင်းပြပါတယ်။
အခုခေတ်ကတော့ တီဗီကနေဆိုတော့ ပိုနားလည်လွယ်သွားတာပေါ့။
https://www.youtube.com/watch?v=LuiDj3wa0UA
ပြည်သူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်သွားဖို့အတွက် ရေဒီယိုကိုယ်ကာယလေ့ကျင့်ရေးကို ကလေးဘ၀အချိန်မှာ မသင်မနေရသင်ယူရပါတယ်။
အပေါ်ကဗီဒီယိုထဲမှာ ထိုင်ခုံမှာထိုင်နေတဲ့လူသူရော၊ ခြေထောက်မသန်တဲ့သူလည်းရော လုပ်လို့ရအောင်လုပ်ထားပါတယ်။
နွေရာသီမှာ ကလေးတွေက ရက်၄၀လောက်နွေကျောင်းပိတ်ရက်ရှိတဲ့အတွက် ဒီကျောင်းပိတ်ရက်အတွင်းမှာ မနက်တိုင်း အိမ်နားမှာရှိတဲ့ပန်းခြံမှာ ရေဒီယိုကိုယ်ကာယလေ့ကျင့်တာကို လုပ်ကြပါတယ်။
ရေဒီယိုကိုယ်ကာယအားကစားမှာ ပါ၀င်မယ့်ကဒ်ကိုကြိုးနဲ့ လည်ပင်းမှာဆွဲပြီးသွားကြပါတယ်။
အဲလိုသွားရင် ပါ၀င်တဲ့နေ့မှာ အောက်ကလိုတံဆိပ်လေးတွေ ရိုက်နှိပ်ပေးပါမယ်။
http://photozou.jp/photo/show/2300358/237791475
ဒီလိုတံဆိပ်တွေအများကြီးမရှိဘူးဆိုရင် သိပ်မကောင်းဘူးလို့ တွေးတဲ့သူတွေလည်းရှိပါတယ်။
ရေဒီယိုကိုယ်ကာယလေ့ကျင့်တာက အခန်း၂၊ အခန်း၃ ဆိုပြီရှိပေမယ့် အခန်း၃က မထုတ်လွှင့်တဲ့အတွက် အကုန်လုံးက အခန်း၁နဲ့ အခန်း၂ ကိုဘဲသိကြပါတယ်။
ဒီရေဒီယိုကိုယ်ကာယလေ့ကျင့်တာက ဘယ်သူမဆို လုပ်နိုင်တဲ့အားကစားပါ။
အောက်ကဗီဒီယိုက ရေဒီယိုကိုယ်ကာယလေ့ကျင့်တာကတော်တော်လေးခက်တာကို တွေ့ရပါတယ်။
အစပိုင်းမှာလွယ်မလိုနဲ့ တစ်၀က်လောက်ကနေ ခက်ခဲတဲ့လှုပ်ရှားမှုတွေဖြစ်လာတာပါ။
သူငယ်ချင်းတို့လည်း ဒီလို ရေဒီယိုကိုယ်ကာယလေ့ကျင့်တာမျိုး လုပ်နိုင်တယ်ဆိုရင်
ဂျပန်လူမျိုးတွေ အံ့သြသွားပါလိမ့်မယ်နော်..
စမ်းလိုက်လုပ်ကြည့်ကြရအောင်နော်..