IT နဲ့ ပေါင်းစပ်ထားတဲ့ အမိုက်ဆုံး ကစားနည်းများ

ဂျပန်နိုင်ငံမှာ Dragon Ball ဆိုတဲ့ အရမ်းကို နာမည်ကြီးတဲ့ ဂိမ်းရှိပါတယ်။

အဲ့ဒီဂိမ်းက ပါဝါတွေသုံးပြီးတိုက်ခိုက်ရတဲ့ ဂိမ်းဖြစ်ပါတယ်။

ကလေးဘဝတုန်းက စာရေးသူလည်း ပါဝါတွေလိုချင်လိုက်တာ ….လို့ စိတ်ကူးယဥ်ဖူးပါတယ်။

သင်တို့ရော ကြီးလာတဲ့ အချိန်မှာတော့ အဲ့ဒီလိုမျိုး စိတ်ကူးယဥ်တာတွေကို မသိချင် ယောင်ဆောင်နေရတယ်မလား ?

 

ဂျပန်မှာတော့ အဲ့လို စိတ်ကူးတွေကို ဆက်ပြီးတော့ အမှတ်ရနေဖို့အတွက် ကစားနည်းအသစ်ကို ထွင်လိုက်တဲ့ သူတွေရှိပါတယ်။

အဲ့ဒီကစားနည်းကတော့HADO လို့ ခေါ်တဲ့ နာမည်ကြီးကစားနည်းပဲဖြစ်ပါတယ်။

 

အောက်မှာပြထားတဲ့ ပုံထဲကို ကြည့်လိုက်ပါဦး။

 

https://www.networkworld.com/article/3187403/consumer-electronics/meleap-delivers-augmented-reality-to-the-iphone-before-apple.html

 

သေချာကြည့်တော့ Photoshop လို့မထင်မိဘူးလား?

 

အောက်ကဗွီဒီယိုကို ကြည့်လိုက်မယ်ဆို ပိုရှင်းသွားပါလိမ့်မယ်။

 

 

VR မျက်မှန် ကိုတပ်ပြီးတော့ တိုက်ခိုက်ရတဲ့ Virtual Reality ဆိုတဲ့ ကမ္ဘာကို တကယ်ရောက်သွားသလို ခံစားရမှာပါ။

အဲ့ဒီလို မျက်မှန်ကိုတပ်ထားတဲ့ အခါမှာ ကစားသမားရဲ့ ရွေ့လျားမှုကို လိုက်ပြီးတော့ ပုံရိပ်က AR မှာ ပြောင်းပြီးပေါ်လာမှာ ဖြစ်ပါတယ်။

အဖွဲ့ ခွဲ ပြီးတော့ ပါဝါတွေနဲ့ တစ်ဖက်အသင်းကို တိုက်ခိုက်တဲ့ အခါမှာ ထိသွားတဲ့ အရေအတွက်နဲ့ အမှတ်ရမှာ ဖြစ်ပါတယ်။

virtual reality ကမ္ဘာဖြစ်တဲ့ အတွက် ထိသွားရင်နာကျင်မှုမရှိတာကြောင့်

အစစ်မဟုတ်ပေမယ့် လေ့ကျင့်စရာမလိုပဲ ပါဝါတွေကို သုံးပြီးကစားလို့ရမှာ ဖြစ်ပါတယ်။

 

အဲ့ဒီလိုလူငယ်တွေရဲ့ ဂိမ်းအသစ်တွေလည်း တဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။

 

Bubble jumper ဆိုတဲ့ ကစားနည်းကို ကြည့်လိုက်ပါဦး။

 

နွေဦးမှာ ဆော့လို့ရတဲ့ ဖိနပ်ကိုစီးပြီး အားနဲ့ ခုန်ရတဲ့ ကစားနည်းဖြစ်ပါတယ်။

စပရိန်ပါတဲ့ ဖိနပ်နဲ့ အပေါ်ကို ခုန်ပြီးတော့ တစ်ဖက်လူကိုတိုက်ခိုက်ရတာဖြစ်ပါတယ်။

တစ်ဖက်လူက လှဲသွားတာ ဒါမှမဟုတ် စည်း အပြင်ကို ထွက်သွားမယ်ဆိုရင် ရှုံးပါတယ်။

ခန္ဓာကိုယ်ကို ဘောလုံးထဲမှာတစ်ဝက်ထည့်ထားတဲ့ အတွက်ကြောင့် လှဲကျသွားရင်လည်း အန္တရာယ်မရှိပါဘူး။

 

Hover Cross ဆိုတဲ့ ကစားနည်းလည်းရှိပါသေးတယ်။

 

အခုတလော နိုင်ငံခြားသားတွေပါ  မျက်စိကျနေတဲ့ Hover board ကိုစီးပြီး ဆော့ရတဲ့ ဂိမ်းပဲဖြစ်ပါတယ်။

 

Carriot ဆိုတာက ရောဘယ်လိုဖြစ်မလဲ?

 

StarWars episode1 ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတဲ့ လက်နဲ့ဆွဲ ပြီးစီးရတဲ့ အရာဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပြိုင်ပွဲတွေလုပ်ရတာကို Carriot လို့ခေါ်ပါတယ်။

 

အမျိုးမျိုးသော နည်းပညာ အသစ်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီးတော့ တီထွင်ခဲ့တဲ့ အားကစားနည်းတွေပဲဖြစ်ပါတယ်။

ရုပ်ရှင်တွေထဲမှာတွေ့ခဲ့တဲ့  anime တွေရဲ့  ဇာတ်ဝင်ခန်းတွေ တကယ်အသက်ဝင်လာဖို့ အတွက် အရွယ်ရောက်လာတဲ့ လူတွေက စုပေါင်းပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

 

ဒီလို နည်းပညာမြင့်တဲ့ ကစားနည်းတွေကို သင်ရော မကစားကြည့်ချင်ဘူးလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: