ဂျပန်က‌ကျောင်းတွေကို လေ့လာကြည့်မယ်!!

ဂျပန်ကို အလုပ်နဲ့သွားတာဘဲဖြစ်ဖြစ်၊ သွားလည်တဲ့အခါဘဲဖြစ်ဖြစ် တော်ရုံနဲ့ ကျောင်းတွေကို

မသွားကြည့်ဖြစ်ကြပါဘူး။

အထူးသဖြင့် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေက အထဲကို၀င်ဖို့ အခွင့်အရေးမရှိတာလဲပါပါတယ်။

 

၁. ။ ကျောင်းတက်ကျောင်းဆင်းချိန်

http://hata26blog.blog.fc2.com/blog-entry-617.html

ဂျပန်မှာ မူလတန်းအရွယ်ဘဲဖြစ်စေကာမူ မိဘက ကျောင်းကြိုကျောင်းပို့မလုပ်ကြပါဘူး။

အိမ်နီးချင်း အနီးအနားမှာနေတဲ့ ကျောင်းသားတွေအချင်းချင်းစုပြီး ကျောင်းကိုသွားကြပါတယ်။

အတန်းကြီးတဲ့သူက အတန်းငယ်တွေကို သေချာထိန်းပေး၊ စောင့်ရှောက်ပေးပြီး ကျောင်းကိုသွားကြပါတယ်။

 

 

၂။ ရေကူးကန်ရှိခြင်း

https://www.yamaha-motor.co.jp/pool/lineup/school/index.html

ဂျပန်က မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ ကျောင်းအားလုံးနီးပါး ရေကူးကန်ရှိပါတယ်။

ဆောင်းတွင်းတော့ အေးတဲ့အတွက် အသုံးမပြုကြပါဘူး။

ဒါပေမယ့် နွေရာသီဆို ကျောင်းရဲ့သင်ခန်းစာအချိန်ထဲမှာ ရေကူးသင်ရပါတယ်။

 

 

၃။ ကျောင်းပရဝုဏ်ကျယ်၀န်းခြင်း

https://blog.goo.ne.jp/shortwood/e/53fbb2424559553a3ef2fcdeb38ce5f9

ကျောင်းတွေမှာ ကျယ်၀န်းတဲ့ ကျောင်းပရဝုဏ်ရှိပါတယ်။

ဒီနေရာမှာ ဘောလုံးကစားတာကလည်း ကျောင်းရဲ့ သင်ခန်းစာ၏တစိတ်တဒေသပါ။

 

မူလတန်းကျောင်းဆိုရင် အောက်ကပုံထဲကလို ကစားရတဲ့ပစ္စည်းတွေလည်း ထားထားပေးပါတယ်။

https://blog.goo.ne.jp/shortwood/e/53fbb2424559553a3ef2fcdeb38ce5f9

 

 

၄။ အားကစားရုံ

https://iipla-h.jimdo.com/北条体育館-北条グラウンド/

 

အားကစားလုပ်ဖို့အတွက် ဒီလိုအခန်းအတွင်း အားကစားခန်းမတွေလည်း ထားရှိပါတယ်၊

တစ်ကျောင်းလုံးက ကျောင်းသားတွေစုပြီးတော့ အားကစားလုပ်ကြတာမျိုးလည်း ရှိပါတယ်။

 

 

 

၅။ တိရိစ္ဆာန်

https://www.sankei.com/west/news/180116/wst1801160003-n1.html

 

တိရစ္ဆာန်လေးတွေမွေးထားတဲ့ ကျောင်းတွေလည်း များပါတယ်။

အသက်တစ်ခုက အရေးကြီးပါတယ်ဆိုတာကို သင်ယူနိုင်ဖို့အတွက်ပါ။

များသောအားဖြင့် ယုန်လေးတွေမွေးထားတာကို တွေ့ရမှာပါ။

ကျောင်းနဲ့လိုက်ပြီးတော့ သိုးနှင့်မြင်းများကိုမွေးထားတာမျိုးလည်း ရှိပါတယ်။

 

 

ကဲအခုဆိုရင်တော့ မူလတန်း၊ အလယ်တန်းကျောင်းချင်းတူတူတောင်မှ

မြန်မာကကျောင်းတွေနဲ့ ဘာတွေကွာြခားလည်း သိသွားကြပြီထင်ပါတယ်နော်။

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: