Iphoneသုံးပြီး ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ကြရအောင်

ဘီယာတွေ အလွန်အကျွံသောက်ပြီးတော့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရင်းတွေကြောင့်ပဲဖြစ်ဖြစ် ဗိုက်ခေါက်တွေ ထွက်လာတယ်၊၀လာတယ်လို့ ခံစားနေရတဲ့ လူတွေ အခုတလော တော်တော်လေးများလာပါတယ်။

အဲဒါကြောင့်Gym သွားကစားဖို့စဉ်းစားလာကြပါတယ်။ တကယ်တော့ Gym ကိုတကူးတကသွားကစားရတာလည်း အတော်အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် iPhone အက်ပလီကေးရှင်းကိုသုံးပြီး ကြွက်သားလေ့ကျင့်ခန်းလုပ်နေ တဲ့သူတွေလည်းရှိလာပါတယ်။ ဒါပေမဲ့ အဲလောက်အများကြီးမဟုတ်သေးပါဘူး။
နောက်ပြီးအက်ပလီကေးရှင်းအသုံးပြုလုပ်တဲ့သူတွေဟာ စွဲစွဲမြဲမြဲလည်းမလုပ်နိုင်ကြပါဘူး။ ဘာလို့လည်းဆိုတော့
အက်ပလီကေးရှင်းနဲ့လုပ်နိုင်တာဟာလည်း အကန့်အသတ်ရှိပါတယ်။

ဒါပေမဲ့ အခုပြောပြမယ့် ပစ္စည်းအသစ်ကိုသုံးမယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
iPhone ပုံမှန်အတိုင်း သုံးနေရုံလေးနဲ့ ကြွက်သားလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
ထွေထွေထူးထူး ဘာမှကိုလုပ်စရာမလိုဘူးနော်။

ဖုန်းပြောရင်း ဂိမ်းဆော့ရင်းအသုံးပြုနိုင်ပါတယ်။

iPhone နဲ့တွဲဖက်အသုံးပြုတဲ့ပစ္စည်းကတော့ ဒီဟာပါ။

https://gigazine.net/news/20180517-headline/

iPhone ကာဗာကို ၁၀ ကီလိုတောင်လုပ်ထားတာဆိုတော့
လုပ်တဲ့သူက တော်တော်ကြောင်တောင်တောင်နိုင်မဲ့ပုံပါပဲ။

https://gigazine.net/news/20180517-headline/

ဖုန်းပြောရင်းပဲဖြစ်ဖြစ်၊ ဂိမ်းဆော့ရင်းပဲဖြစ်ဖြစ် ကြွက်သားလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။
ဖုန်းကာဗာကိုက ၁၀ ကီလိုတောင်ရှိတော့ လေ့ကျင့်ခန်းလုပ်လို့ရတာပေါ့နော်။

ဒီပစ္စည်းကို Softbank ဆိုတဲ့ကုမ္ပဏီကပြုလုပ်ထားတာဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ဂျပန်ရဲ့ ဖုန်းကုမ္ပဏီကြီး ၃ ခုမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီဟာကို ၁၀ ခုပဲရောင်းမှာဖြစ်ပါတယ်။ဒါကို မြန်မာနိုင်ငံမှာလည်းအလွယ်တကူပြုလုပ်လို့ရပါတယ်။
ဘယ်အချိန်မဆို ဝိတ်လျှော့ချင်တဲ့သူတွေက မိမိတို့ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: