Football မဟုတ်ပဲ ဘာလို့Soccer လို့ခေါ်တာလဲ

World Cup ကြောင့် ထိပ်ဆုံးရောက်လာခဲ့တဲ့ Football ။

မြန်မာမှာရော ဂျပန်မှာရော လူကြိုက်များလှ‌ပေမယ့် ဂျပန်မှာတော့ Football လို့မ‌ပြောကြပါဘူး။ Soccer လို့ပဲပြောကြပါတယ် ။
ကမ္ဘာတစ်ဝှမ်းလုံးက တော်တော်များများနိုင်ငံတွေက Football လို့ပြောကြ‌ပေမယ့်လည်း ဂျပန် အမေရိကနဲ့ ကနဒါ စတဲ့နိုင်ငံတွေကေတာ့ Soccer လို့ပဲပြောကြပါတယ်။

အမှန်ကဘယ်ဟာဖြစ်မလဲ။
ဘာကြောင့်မို့ Soccer ဆိုတဲ့စကားက တွင်ကျယ်သွားရတာလဲ?

ဒီမှာတော့ Football မွေးဖွားလာတဲ့သမိုင်းက ကွဲပြားလို့နေပါတယ်။
၁၈၀၀ ခုနှစ်ပိုင်းလောက်မှာ အဂ်လန်မှာ မွေးဖွားထွက်ပေါ်လာခဲ့တဲ့ Football ။
အဲအချိန်မှာဘဲ တခြားနေရာတွေမှာလည်း ဆင်တူတဲ့ကစားနည်းတွေ ပျ့ံနှ့ံသွားခဲ့တယ်လို့ဆိုပေမယ့် ၁၈၄၈ ခုနှစ်မှာ Cambridgeတက္ကသိုလ်က ကျောင်းသားတွေက စံစည်းမျဉ်းတွေကို ရေးဆွဲသတ်မှတ်ခဲ့ပါတယ်။
၁၈၆၃ ခုနှစ်မှာ Footballအသင်းအဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်။

 

https://matome.naver.jp/odai/2143219704867733001

အဲ့နောက်ပိုင်းမှာတော့ ဒီ Football ဆွေးနွေးပွဲတွေမှာ အမျိုးတူစုလာခဲ့ပါတယ်။
Rugby Football လို့ခေါ်တာက ၁၈၇၁ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပြီး အဲ့ဒီဟာကိုလည်း Football လို့ခေါ်ကြပါတယ်။

 

https://www.express.co.uk/sport/rugby-union/914001/Six-Nations-2018-results-latest-scores-fixtures

အဲ့ဒါနဲ့ ဆန့်ကျင်ဘက် အခုထိ ခြေ‌ေထောက်တစ်ခုတည်းနဲ့ကစားတဲ့ Football က association football လို့ခေါ်တဲ့ တရားဝင်ပြိုင်ပွဲ နာမည်ဖြစ်လာပြီး အဲ့ဒါကို
အတိုကောက်ပြီး assoccer နောက်ပိုင်းမှ Soccerရယ်လို့ဖြစ်လာခဲ့ပါတယ်။
ပြီးတော့ Football ကအမေရိကကို ကူးစက်ရောက်ရှိသွားခဲ့ပါတယ်။
Rugby Football ကတော့ ဒီမှာပဲပြောင်းလဲတိုးတက်လာပြီးတော့ American Footballအနေနဲ့ အရမ်းကိုလူကြိုက်များလာခဲ့ပါတယ်။
ဒီဟာတွေက Football ရဲ့အကြောင်းတွေဖြစ်ပြီးတော့ ရိုးရာ Football ကနေ Soccer ဆိုတဲ့စကားလုံးအဖြစ် ပြောင်းလဲသုံးစွဲလာခဲ့ကြပါတယ်။

https://matome.naver.jp/odai/2143219704867733001
ဂျပန်ကတော့ အမေရိက အဂ်လိပ်စာကို အဓိကထားသုံးတဲ့အတွက် Soccer ဆိုတဲ့စကားလုံးကို ပြောင်းသုံးတဲ့ပုံပါပဲ။
အခေါ်အဝေါ်ကွဲပြားတာလေးပဲဖြစ်ပြီးတော့ စည်းမျဉ်းတွေကအတူတူပဲဖြစ်တဲ့အတွက် ဘယ်ဟာပဲသုံးသုံး အဆင်ပြေ မယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: