ဝန်ထမ်းမလုံလောက်မှု ပြဿနာကိုရင်ဆိုင်နေရတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း

ဂျပန်နိုင်ငံက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Yamato Transportation ဟာ ဝန်ထမ်းမလုံလောက်မှုကြောင့် ယခင်ကလို မြန်မြန် အရောက်ပို့တာမျိုး မလုပ်နိုင်တော့ဘူးလို့ ကြေညာလာပါတယ်။
ခါတိုင်းရောက်မယ့်ရက်ထက် တစ်ရက်နောက်ကျသွားမှာ ဖြစ်ပါတယ်။
လက်ရှိ Yamato Transportation ရဲ့ ပစ္စည်းရောက်ချိန်က ပစ္စည်းအပ်ပြီး နောက်ရက် ၂နာရီနေရင် ရောက်နေပြီးဖြစ်ပါတယ်။
သို့သော် ဇွန်လ ၁ရက်နေ့ကစပြီး “ပို့ပြီး နှစ်ရက်ကြာ မနက်ပိုင်း” မှ အရောက်ပို့မယ်ဆိုပြီး ကြေညာခဲ့တာပါ။ ဒီလိုသတ်မှတ်လိုက်တာဟာ Amazon ကနေ ပစ္စည်းမှာရာမှာလည်း သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဒီထက်ပိုပြီး လုပ်သားရှားပါးလာမှာဖြစ်တာကြောင့် အချိန်ပိုလုပ်မယ့်သူလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အခက်အခဲတွေကို စိန်ခေါ်လာရပါတော့မယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: