အလုပ်လုပ်ချင်ပေမယ့် အလုပ်လုပ်မလုပ်နိုင်သော အချိန်ပိုလုပ်ခွင့်မရှိရာကနေ ဖြစ်ပေါ်လာတဲ့ ဂျပန်နိုင်ငံရဲ့ အမှောင်ခြမ်း

“အလုပ်ပိုလုပ်ခွင့်ပြုစေချင်တယ်” ဆိုတဲ့ အလုပ်ပိုလုပ်လိုတဲ့အလုပ်သမားတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ လူဦးရေ ၂ သန်းလောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ အလုပ်သမားဦးရေက ၆၈ သန်းလောက်ရှိတာကြောင့် ၃ ရာခိုင်နှုန်းခန့်က အလုပ်ပိုလုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့အနေအထားမှာ ရှိနေတာပါ။

ကျွန်တော် ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်ကပေါ့။

အချိန်ပိုလုပ်ရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။

အလုပ်ချိန်မတိုင်မှီ ၁ နာရီ အလုပ်ကြိုရောက်နှင့်ရတာက ဖြစ်ရိုးဖြစ်စဉ်ပါ။

အချိန်မှန်အိမ်ပြန်ရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။

မနက်ခင်း စောစောအလုပ်လာရတာက ပင်ပန်းပေမယ့် ညနေ အချိန်ပိုလုပ်ရရင်တော့ အချိန်ပိုကြေးကို သေချာတွက်ချက်ပေးပါတယ်။

အဲ့ဒါကလည်း အချိန်ပိုကြေးသာမရှိရင် အသက်ရှင်နေထိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

ဒါတွေဟာ စီးပွားရေးတွေ ကျဆင်းလာပြီး အချိန်ပိုကြေးစီမံခန့်ခွဲမှုတင်းကြပ်လာချိန်ကစလို့ ချိန်သားမကျဖြစ်လာခဲ့ပါတယ်။

မလိုအပ်ဘဲ အချိန်ပိုလုပ်တာကို ခွင့်မပြုတဲ့အပြင် အချိန်ပိုကြေးကို မပေးဘူးဆိုတဲ့ပုံစံ ဖြစ်လာခဲ့ပါတယ်။

ဒါက မမှားပေမယ့် အချိန်ပိုကြေးသာမရှိရင် အသက်ရှင်နေထိုင်ဖို့ခက်ခဲလာမယ်ဆိုတဲ့ လစာနည်းပါးမှုကို အတူတကွ ဖြေရှင်းရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်လုပ်ငန်းတွေက စီးပွားရေးကျဆင်းလာတာကြောင့် အလဟသဖြစ်မှုကို လျော့ချဖို့ပဲ အာရုံစိုက်ခဲ့ကြပါတယ်။

ဒီလိုပြောင်းလဲမှုဟာ ဝန်ထမ်းတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေခဲ့ပါတယ်။

ဒါ့အပြင် အချိန်ပိုလုပ်တဲ့ပြဿနာကို ဆွဲထုတ်လာကြပြီး ကုမ္ပဏီအများစုဟာ အချိန်ပိုလုပ်ခြင်းကို တားမြစ်တဲ့စနစ်ကို စတင်လာကြပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုရင် အချိန်ပိုကြေးမရလည်း လုပ်သင့်တဲ့အရာတွေကို ပြီးမြောက်စေဖို့အတွက် ဝန်ထမ်းတွေဟာ ကွန်ပြူတာတွေကို အိမ်ကိုသယ်သွားပြီး အလုပ်လုပ်ကြပါတယ်။

နောက်ပိုင်းမှာ လုံခြုံရေးပြဿနာကြောင့် အဲ့ဒီလိုလုပ်တာကို တားမြစ်ခံရပြီး အလုပ်ပမာဏဟာလည်း တကယ့်ကို နည်းပါးသွားခဲ့ပါတယ်။

အလုပ်ပမာဏနည်းတာဟာ ကျေးဇူးတင်စရာဖြစ်ပေမယ့် ကုမ္ပဏီရဲ့ အမြတ်ငွေက ကျဆင်းသွားပါတယ်။

မှန်ကန်တဲ့လမ်းကြောင်းတော့ မဟုတ်ပါဘူး။

ပြီးတော့ နောက်ပိုင်းမှာ ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ရောင်းအားကျဆင်းလာတဲ့ကုမ္ပဏီတွေ၊ အလုပ်မတက်နိုင်တဲ့ဝန်ထမ်းတွေကြောင့် အလုပ်လုပ်နိုင်တဲ့အချိန်ဟာ ဖြည်းဖြည်းချင်း နည်းပါးလာပါတယ်။

အလုပ်လုပ်တဲ့နာရီအရေအတွက် နည်းရင် လစာဟာလည်း အလိုအလျောက် နည်းသွားတာကတော့ မကောင်းတဲ့သံသရာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လက်မဲ့တွေ အပါအဝင် လူပေါင်း ၄ သန်းကျော်ဟာ အလုပ်ပိုလုပ်ချင်တယ်လို့ တွေးနေကြပါတယ်။

ဝန်ထမ်းတွေကို အကာအကွယ်ပေးတဲ့စည်းမျဉ်းဖြစ်ပေမယ့် ဝန်ထမ်းတွေကို ထိခိုက်နစ်နာစေမယ့်အရာတွေကို မဖယ်ရှားပေးရင် ဂျပန်နိုင်ငံဟာ ရှေ့ဆက်တိုးတက်လာပါ့မလားဆိုတာ မေးစရာဖြစ်နေပါတော့တယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: