မလျော်မကန် မသုံးရ! သူများရဲ့ ID ဓာတ်ပုံ ကို ဘယ်မှာသုံးလို့ရမှာလဲ?

Gacha Gacha ဆိုတာကို သိလား။

ဒင်္ဂါးပြားများထည့်ပြီး ဒိုင်ခွက်ကို လှည့်လိုက်ရင်၊ အရာမျိုးစုံပါဝင်တဲ့ capsule ထွက်လာပါလိမ့်မယ်။

ဂျပန်လာဖူးတဲ့သူရှိရင်မှာ ဒီလိုစက်မျိုးကို မြင်ဖူးပါသလား။

အရင်ဆုံး ပစ္စည်းကောင်းကောင်းလေးတွေကနေ စပြီးမိတ်ဆက်ပေးပါမယ်

အာလူးကြော်ဘူးပုံ သော့ချိတ်

ဒါလေးကတော့ ချစ်စရာလေးပါ

လိုချင်မိပါတယ်

ကဲ ဒါဆို ဂေါက်တောက်တောက်အရာတွေကို ကြည့်လိုက်ရအောင်

https://store.shopping.yahoo.co.jp/vt-web/vt-zcogigi-2set.html

 

တိရိစ္ဆာန်လေးတွေက ခေါင်းလေးတွေ ငုံ့နေတာလဲ

ထူးဆန်းနေပေမယ့် ချစ်စရာတော့ကောင်းပါတယ်

ဒါကတော့ လက်ခံနိုင်နေပါသေးတယ်

အသားကင်ကို လက်ချောင်းမှာဝတ်မယ်?

နည်းနည်း‌တော့ ကြောင်တောင်တောင်နိုင်လာပြီ

 

ကဲ့ ဒီတစ်ခေါက်ရဲ့ ဇာတ်လိုက်ကတော့ တော်တော်လေး ကြောင်တောင်တောင်နိုင်တဲ့ Gacha Gacha ကို ကြည့်လိုက်ရအောင်

 

ဒါလေးပါ

https://maidonanews.jp/article/14582349

 

ဘယ်သူမှန်းမသိတဲ့ သူတွေရဲ့  ID ဓာတ်ပုံ

ဘာအဓိပ္ပာယ်မှန်းကို မသိတော့ပါဘူး

 

အဲ့ ကောင်မလေးပုံထွက်လာတယ်

ပြီးတော့ ဘိုးတော်ကြီး

ကိုရိုနာကြောင့် လူတွေအားလုံးလည်း နှာခေါင်းစည်းတွေနဲ့ပဲ နေနေရတယ်

တခြားသူရဲ့ မျက်နှာကို မြင်ရဖို့ခဲယဥ်းလာတာကြောင့် နည်းနည်းတော့ လန်းဆန်းသွားသလို ခံစားလိုက်ရပါတယ်

 

ဒါပေမယ့်လည်း…သူများပုံကြီးလေ

ပြီးတော့လည်း ID ဓာတ်ပုံ ဆိုတော့ ရှေ့တည့်တည့်က ရိုက်ထားတဲ့ပုံကြီးတွေ

 

ပန်းဖလက်တွေက လူပုံတွေနဲ့ ထပ်ကြည့်ရင် ရီရမလား?

တောင်းပန်ပါတယ်

တကယ်ကို နားမလည်တော့ဘူး

 

ဒါကြီးကတော့ ဘယ်လိုစဥ်းစားစဥ်းစား ကြောင်တောင်တောင်ကြီးပါ

 

မူးပြီး အဲ့ဒီ Gacha Gacha ကိုသွားကမြင်း၊ မိန်းကလေးပုံရခဲ့တော့ အိတ်ကပ်ထဲထည့်လာ၊ အိမ်ကမိန်းမတွေ့

ဆိုပြီးဖြစ်ရင်တော့ ကွိုင်ပဲ

ထုံးစံအတိုင်း ဘယ်ကမိန်းမလဲ? ဆိုပြီး အမေးခံရတော့မယ်

Gacha Gacha ကရခဲ့တာလို့ပြောရင် အကြိတ်တောင်ခံရဦးမယ် haha

ဒီလို အရှုပ်အထွေးတွေကို ကြုံချင်သူတွေအတွက်၊ တခြားသူတွေရဲ့ ID ဓါတ်ပုံတွေကို လိုချင်နေတဲ့သူတွေ (ရှိမရှိသိချင်ပါတယ်….)။

စိန်ခေါ်ပြီး စမ်းကြည့်ဖို့ ဂျပန်ကို လာခဲ့ပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: