ဘယ်သူကအမေ ဘယ်သူက သမီးလဲ?

ပုံထဲကမိန်းကလေးနှစ်ယောက်ကို သူငယ်ချင်းတွေလို့ထင်ပါသလား?
မဟုတ်ပါဘူး။ သားအမိတွေပါ။ အမေက ၄၂ ဖြစ်ပြီး၊ သမီးဖြစ်သူက ၂၁ နှစ်ဖြစ်ပါတယ်။
ဒီပုံဟာ ၂၀၂၁ တုန်းက ဂျပန်နိုင်ငံ အင်တာနက်မှာ နာမည်ကြီးသွားတဲ့ ပုံဖြစ်ပါတယ်။ ဘယ်ဘက်မှာရှိနေတာက ၄၂ နှစ်အရွယ် Ayumi ဖြစ်ပြီး ညာဘက်ကတော့ သမီးဖြစ်သူပါ။ လူတော်တော်များများက ဘယ်သူကအမေလဲ၊ သမီးလဲ မခွဲတတ်ကြဘဲ ဝိုင်း share ကြရင်း နာမည်ကြီးသွားတာပဲဖြစ်ပါတယ်။
နုပျိုလွန်းလှတဲ့ အမေဖြစ်သူဟာ အမျိုးသားနဲ့ကွဲနေပြီး သမီးလေးကို တစ်ယောက်တည်း စောင့်ရှောက်နေတာပါ။ တက္ကသိုလ်တက်နေတုန်း ကိုယ်ဝန်ရသွားပြီးနောက် ကလေးကိုပြုစုစောင့်ရှောက်ဖို့ ကျောင်းထွက်ပြီး လက်ထပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၆ အရွယ်မှာ အမျိုးသားနဲ့ လမ်းခွဲခဲ့ပါတယ်။
အသက်ငယ်ငယ်နဲ့ ကလေးရလိုက်တော့ ကလေးအရွယ်ရောက်တဲ့အချိန်မှာ သူ့ဘဝကလည်း အချိန်ကောင်းကို ရောက်နေခဲ့ပါတယ်။
Ayumi ကတော့ sunscreen နဲ့ moisturizer ပုံမှန်လိမ်းဖို့နဲ့၊ ၂ပတ်တစ်ကြိမ်လောက် နေရောင်အောက်မှာ ယောဂကျင့်ရင်း သွေးလည်ပတ်မှုကောင်းအောင် လုပ်ပေးတာက ငယ်ရွယ်နုပျိုနေစေဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: