Nattō ကထုတ္လုပ္တဲ့ skin care ပစၥည္း

ဇူလိုင်လ ၁၀ ရက်နေ့ကို ဂျပန်မှာ “Nattō နေ့” လို့ခေါ်ပါတယ်

ပဲနဲ့ပြုလုပ်ထားတဲ့ ဂျပန်ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါတယ်

 

Nattō မှာပါဝင်တဲ့ ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ skin care အရောင်းပွဲကို ဇူလိုင် ၁၇ ရက် မှာ Ibaraki Antenna Shop မှာကျင်းပမှာဖြစ်ပါတယ်

 

ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းမွန်တဲ့ “ Nattō” မှာ အသားအရည်ကို လှပကောင်းမွန်စေတဲ့ အစွမ်းသတ္တိတွေ များစွာရှိပါတယ်

ဒါကို လက်တွေ့ပြသဖို့အတွက် Nattō မှရရှိသောပါဝင်ပစ္စည်းများနဲ့ skin care series တွေထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်

 

မျက်နှာသစ်ဆေး၊ lotion ၊ မျက်နှာလိမ်း lotion ၊ ဂျယ်အမျိုးအစား ဆိုပြီး အမျိုးအစား 4 မျိုးကို 022 ခုနှစ် ဇူလိုင်လ 17 ရက်၊ တနင်္ဂနွေနေ့တွင် Ibaraki စီရင်စု “ IBARAKI sense” ဆိုင်မှာ အရောင်းပွဲတစ်ခုကျင်းပမှာဖြစ်ပါတယ်

Product site: https://s-herb.com/natto_lotion/

 

ဒါဆိုရင် Nattō ရဲ့အနံ့ကရော?

နာမည်မှာက Nattō ဆိုတာပါနေတော့ အသုံးပြုဖို့ တွန့်ဆုတ်နေကြမယ်ထင်ပါတယ်

အနံ့အတွက် စိုးရိမ်စရာမရှိတဲ့အပြင်၊ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် “ စေးကပ်ခြင်းမရှိဘဲ ရေဓာတ်ဖြည့်ပေးတယ်” ဆိုတဲ့ တခြားမှာမရှိတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ခံစားမိသွားသူ များစွာရှိတယ်လို့ ဆိုပါတယ်

 

Suzuki Herb Research Institute ဟာ Nattō ကရရှိတဲ့ အစိုဓာတ်ပါဝင်ပစ္စည်းများကို အသုံးပြုထားတဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလှကုန်များကို တီထွင်ထုတ်လုပ်နေပါတယ်

တည်ထောင်သူရဲ့ မွေးကင်းစသမီးငယ်ဟာ ကြမ်းတမ်းတဲ့ အသားအရေရှိခဲ့တာကြောင့် ဒါကိုအကြောင်းပြုပြီး၊ ပါဝင်ပစ္စည်းများဆိုင်ရာ သုတေသနပြုမှုကို စတင်ခဲ့ပြီး အခုလို skin care တွေအထိ ထုတ်လုပ်ထာခဲ့တာပါ

ကုမ္ပဏီကို တည်ထောင်ပြီး 18 နှစ်အကြာအထိကို စဉ်ဆက်မပြတ် အသုံးပြုနေတဲ့ ကာလကြာရှည်စွာ အရောင်းရဆုံး မှတ်တမ်းများလည်း ရှိနေပါတယ်

 

ပရိတ်သတ်ကြီးရော စမ်းသုံးမကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: