သင့်အသားအရည်ရဲ့ အောက်ခံ base အရောင်က ဘာဖြစ်မလဲ? အသားအရည်ရဲ့ အရောင်နဲ့လိုက်ပြီး သိနိုင်တဲ့ သင်နဲ့ကိုက်ညီမယ့် သင်တစ်ဦးတည်းရဲ့အရောင်!

ဂျပန်အပါအဝင် အာရှမှာရှိတဲ့ လူအများအပြားဟာ အဝါရောင်အသားအရည်ရှိကြပြီး အဝါရောင်မျိုးနွယ်လို့ ခေါ်ကြပါတယ်။အများစုက အသားအရည်ဖြူစင်ဖို့ UV ကာကွယ်ရေးအတွက် ကြိုးစားနေကြဆဲပါ

နေ့တိုင်းအဖြူရောင် ဖောင်ဒေးရှင်းကို လိမ်းပြီး … ဒါပေမယ့် ဒီဖောင်ဒေးရှင်းက သင်နဲ့ တကယ်ကို လိုက်ဖက်ရဲ့လား?

 

ဂျပန်မှာတော့ အသားအရေဖြူစင်လှပမှုတစ်ခုတည်းက လှတယ်ဆိုတဲ့ခေတ်က ကုန်သွားပါပြီ

ကိုယ့်မူရင်းအသားအရောင်နှဲ့ လိုက်ဖက်တဲ့ မိတ်ကပ်လိမ်းခြင်းအားဖြင့် ပိုမိုလှပသော မိမိကိုယ်ကို ဖြည့်ဆည်းပေးနိုင်လို့ပါပဲ

မူရင်းအသားအရေအရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ မိတ်ဆက်ပေးပါမယ်

 

ပထမဆုံးအနေနဲ့ skin base နှစ်မျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်မှာ “ blue base” နဲ့ “ yellow base” ဆိုပြီး နှစ်မျိုးခွဲထားပါတယ်

သင့်လက်ကောက်ဝတ်အရောင်နဲ့ အခုမိတ်ဆက်ပေးတော့မယ့် အသားအရောင်ကို နှိုင်းယှဉ်ပြီး ဆင်တူတဲ့အရောင်က မင်းရဲ့အောက်ခံအရောင်ပါ။ စစ်ကြည့်ပါဦး

 

ပထမဆုံးအနေနဲ့ အပြာရောင်ကို အခြေခံတဲ့ လူတွေရဲ့ အသားအရေက ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

အသားအရည်ကြည်လင်ပြီး၊ အပြာရောင်ဘက်သမ်းနေတတ်ပါတယ်

 

အပြာရောင်ကို အခြေခံတဲ့ လူတွေက ပိုနက်တဲ့အရောင်နဲ့ ကြည့်ကောင်းတယ်လို့ ဆိုကြပါတယ်။မျက်လုံးမိတ်ကပ်နဲ့ နှုတ်ခမ်းနီ အရောင်ကိုတော့ အနည်းငယ် ဖျော့တာလေး သုံးရင်အဆင်ပြေမယ်ထင်ပါတယ်

ဆံပင်အရောင်ကိုလည်း မီးခိုးရောင်သမ်းတဲ့ ငြိမ်တဲ့အပြာရောင်နဲ့ဆို ကြည့်ကောင်းမှာပါ

 

ဖောင်ဒေးရှင်းသုံးတဲ့အခါမှာလည်း blue base ရှိတဲ့သူတွေက အရမ်းအများကြီးသုံးလိုက်ရင် ကြည်လင်နေတာလေး ပျောက်သွားနိုင်ပါတယ်။

တစ်ချို့ဆို ဖောင်ဒေးရှင်းတောင် မလိမ်းကြပါဘူး

 

ဒါပေမယ့် ဖောင်ဒေးရှင်းက UV ကို ကာကွယ်ဖို့အတွက်လည်း လိုအပ်တာမို့ လိမ်းပေးစေချင်ပါတယ်။ ဒါကတော့ Blue Base နဲ့လိုက်ဖက်တဲ့ foundation အမျိုးအစားပါ။

https://www.narscosmetics.jp/pure-radiant-protection-aquatic-glow-cushion-foundation-refill/F62801.html

ဒီလို ကူရှင်ဖောင်ဒေးရှင်းတဲ့ လိုက်ဖက်တဲ့လူများပါတယ်။ ကူရှင်ဖောင်ဒေးရှင်းက ပါးပါးလေးလိမ်းလို့ရပြီး၊ သဘာဝကြတဲ့ မိတ်ကပ်ပုံစံလေးဖြစ်စေမှာပါ

ဖောင်ဒေးရှင်းရွေးတဲ့အခါမှာလည်း အသားအရောင်နဲ့ လိုက်ဖက်ရဲ့လားဆိုတာ စမ်းလိမ်းကြည့်ပြီးမှ ရွေးချယ်ကြရအောင်

အသားဖြူချင်ဇောနဲ့ ကိုယ့်အသားအရောင်ထက် ဖြူနေတာကို လိမ်းလိုက်ရင် ပိုဆိုးသွားမှာပါ

 

နောက်တစ်ခုက “ Yellow base” ပါ

Yellow base က အခြေခံအားဖြင့် အနည်းငယ်နီသော သို့မဟုတ် အဝါရောင်အသားအရည်ရှိသူများကို ရည်ညွှန်းပါတယ်

လိုက်ဖက်သောအရောင်များမှာ အဝါရောင်၊ လိမ္မော်ရောင်နှင့် အစိမ်းရောင်တို့ဖြစ်ပါတယ်

တောက်ပပြီး အသက်ဝင်နေတတ်တာက Yellow base လေးတွေပါပဲ

အဝတ်အစားတွေကို ရွေးချယ်ပြီး တောက်ပတဲ့အရောင်တွေကို စမ်းကြည့်နိုင်လောက်မလား??

 

စကားမစပ်၊ ဒီလိုအဝါရောင်အောက်ခံက အသားအရေကို ဖြူစင်လှပစေချင်တဲ့အခါ သူ့အသားအရေနဲ့ လိုက်ဖက်တဲ့ အောက်ခံကို လိမ်းဖို့ အရေးကြီးပါတယ်။ Yellow base  လူတော်တော်များများက အသားရောင်နဲ့ ကြည့်ကောင်းပြီးသားမို့ ဘာကြောင့် အသားရောင်ရှိတဲ့ အခြေခံကို မစမ်းကြည့်တာလဲ?

 

ပြီးတော့ Yellow base တွေက နေလောင်ပြီးနောက် အရေပြားအရောင်ကို ညိုစေတတ်သောကြောင့် UV blocking effect ရှိသော ဖောင်ဒေးရှင်းကို ရွေးချယ်ပါ

ရွေးချယ်ရာတွင် SPF နှင့် PA တန်ဖိုးများကို ကြည့်ရှုဖို့လည်း အလေ့အထပြုလုပ်ပါ။

 

သင်တို့ရဲ့ အသားအရောင် base ကရော?

လူတိုင်းကို ဒီ၂ရောင်တည်းနဲ့ ခွဲလို့ရတာတော့ မဟုတ်ပေမယ့် ကိုးကားကြည့်ပါနော်

လှပတဲ့ မိတ်ကပ်ကို ပြင်နိုင်ကြအောင်ပါ!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: