ရင္သားႀကီးသူအမ်ိဳးသမီးေတြအတြက္ကုမၸဏီ

ရင်သားကြီးချင်တယ်ဆိုပြီး တောင့်တနေတဲ့သူတွေ အမျိုးသမီးတွေ အများကြီးရှိပါတယ်။

ဂျပန်လူမျိုးတွေက အရင်တုန်းက လူညှက်ကလေးတွေဖြစ်ခဲ့တဲ့အတွက်၊ စားသောက်မှုပုံစံကို ပြောင်းလဲခဲ့ပြီး အခုမှာတော့ အရပ်လည်းရှည်ပြီး၊ ရင်သားကြီးတဲ့သူတွေလည်း များလာပါတယ်။

၄ယောက်မှာ တစ်ယောက်က E Cup နဲ့အထက်လို့ ဆိုပါတယ်။

အဲလိုမျိုး အားကျတဲ့သူတွေလည်း ရှိပေမယ့်၊ ရင်သားကြီးတဲ့သူတွေအားလုံး ပူပန်သောကတွေ ပွေ့ပိုက်ထားရပါတယ်။

ဝတ်တဲ့အဝတ်အစားကိုလိုက်ပြီးတော့ ပိုကြီးသလိုထင်ရတာမျိုးတွေ….

အောက်ခံအင်္ကျီ အမျိုးအစားလည်း နည်းတယ်။

ရင်သားကြီးလို့ ဝတ်ချင်တဲ့ အဝတ်အစားတိုင်းလည်းဝတ်လို့မရပါဘူး။

အကုန်အကျများတဲ့ ပူပန်သောကလို့ တွေးတဲ့သူတွေလည်းရှိမယ်လို့ ထင်ပါတယ်။

အဲလို ပူပန်သောကရောက်နေတဲ့သူတွေကို တစ်ခုခုကူညီပေးချင်ခဲ့ပါတယ်။

အသက်၂၆ရှိတဲ့ ဝဒ က အဲဒီအမျိုးသမီးတွေအတွက် တံဆိပ်အသစ်ထုတ်ပေးခဲ့ပါတယ်။

overE

အဲဒီE Cupနဲ့အထက်အမျိုးသမီးတွေအတွက် အထူးထုတ်ကုန် ဖြစ်ပါတယ်။
ဂျပန်မှာ E Cupနဲ့အထက်အမျိုးသမီးဦးရေက ၁၅သန်းကျော်ရှိတဲ့ပုံပေါ်ပါတယ်။

ဝဒ ကအင်တာနက်မှာ အကြံဉာဏ်တွေတောင်းခံတာတွေ၊ အမျိုးသမီးတွေနဲ့ တတ်နိုင်သမျှ များများ စကားပြောတာတွေလုပ်ပြီးတော့ ပိတ်စအမျိုးအစားရွေးတာတွေ၊ ဒီဇိုင်းစမ်းသပ်ပြုပြင်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်ပြီး၊ ရှပ်အင်္ကျီ၊ ဂါဝန်ရှည်၊ ဂျက်ကတ်အစရှိတာတွေကို အင်တာနက်ကနေ ရောင်းချနေပါတယ်။

ပြန်လည်လုပ်ဆောင်ခဲ့တဲ့ရာခိုင်နှုန်းကတော့ မယုံကြည်နိုင်လောက်အောင်ပါပဲ၊ ၆၀ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။

ဝဒ က အရင်ဆုံး၊ နိုင်ငံခြားတံဆိပ်နဲ့ ရင်သားဆိုဒ် ၉၀စင်တီမီတာနဲ့အထက်တွေကို စုံလင်အောင်ထားဖို့ လုပ်ခဲ့ပါတယ်။

ဒါပေမယ့်၊ လက်တွေ့ အတည်ပြုကြည့်တော့ ဥရောပကလူတွေနဲ့ အာရှကလူတွေရဲ့ ခန္ဓာကိုယ်ပုံစံက အတော်လေးကွာခြားတဲ့အတွက်၊ ရင်ဘတ်ဆိုဒ်နဲ့တင် ခန္ဓာကိုယ်နဲ့ကွက်တိမကျတော့ပါဘူး။

ဒါကြောင့် ကိုယ်ပိုင်ဒီဇိုင်းထွင်ပြီးတော့ ဂျပန်လူမျိုးတွေရဲ့ ကိုယ်လုံးနဲ့ကွက်တိကျတဲ့ အဝတ်အစားတွေကို ချုပ်ခဲ့ပါတယ်။

ရင်ဘတ်ကြီးရင် ရှပ်အင်္ကျီကြယ်သီးနှစ်ခုကြားက ဟနေပြီးတော့ အောက်ခံအင်္ကျီ မြင်ရတဲ့အတွက်၊ ရှပ်အင်္ကျီမှာ ကြယ်သီးပျောက်တပ်ပြီး ဖြေရှင်းခဲ့ပါတယ်။

ဒုက္ခအရောက်ဆုံးက အပေါ်ထပ်ဂျာကင်အင်္ကျီတွေပါ။

ရင်ဘတ်ကြီးတဲ့သူတွေက ဂျာကင်အင်္ကျီကြယ်သီး တပ်လို့မရတာများပါတယ်။

အတင်းအကျပ်ကြယ်သီးတပ်မယ်ဆိုရင် ဂျာကင်အင်္ကျီက ပုံပျက်သွားတဲ့အတွက် ကြယ်သီးပျောက်တပ်ပြီးတော့ ဖြေရှင်းထားပါတယ်။

ဒီလိုမျိုး ပူပန်သောကရောက်နေရတဲ့သူတွေ အတွက်၊ ဂျပန်ဘာသာစကားနဲ့ပဲ ရေးသားထားပေမယ့်၊ overEတွေရောင်းချပေတဲ့ ဝဘ်ဆိုဒ်ကို အလည်သွားကြည်မယ်ဆိုရင်တော့… အောက်မှာလင့်လေးပြပေးထားတယ်နော်။
http://overe-shop.com

ကိုးကား https://gunosy.com/articles/aa700?s=s

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: