လှလွန်းလို့ နာမည်ကြီးနေတဲ့ ၁၆ နှစ်အရွယ်ကောင်လေး

Mayutamu ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်လေးဟာ လတ်တလောမှာ မိန်းကလေးလို ဝတ်တတ်စားတတ်လွန်းလို့ နာမည်ကြီးနေပါတယ်

မိတ်ကပ်ကလည်း တအားလှအောင်ပြင်တတ်ပြီး၊ မိန်းကလေးအဝတ်အစားတွေ ဝတ်ထားရင် တကယ့်မိန်းကလေး အစစ်အတိုင်းပါပဲ

သူကတော့ Tokyo မြို့ Akihabara မှာရှိတဲ့ maid Cafe မှာအလုပ်လုပ်နေတာပါ

ဒီ Cafe က သာမန်ဆိုင်တစ်ခုမဟုတ်ဘဲ ‘pseudo-girl’ ဆိုတဲ့ concept နဲ့ဖွင့်ထားတဲ့ဆိုင်ပါ

အဓိပ္ပာယ်ကတော့ ဒီဆိုင်မှာရှိတဲ့ ဝန်ထမ်းအားလုံးက မိန်းကလေးလို့ ဝတ်စားပြင်ဆင်ထားတဲ့ ယောက်ျားလေးတွေဖြစ်နေလို့ပါပဲ

ဝန်ထမ်းတွေအားလုံးထဲမှာမှ Mayutamu ဟာ မိန်းကလေးအရမ်းဆန်လွန်းလို့ နာမည်ကြီးပြီး၊ သူမပြောမချင်း ယောကျ်ားလေးလို့တောင် သိကြမယ်မထင်ပါဘူး

လူတော်တော်များများကတောင် တကယ့်မိန်းကလေးအစစ်ထင်ထားလို့ တော်တော်လေး အံ့ဩမိတယ်လို့ ဝန်ခံထားကြပါတယ်

Mayutamu ကလည်း Twitter တို့ Instagram ရဲ့ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပြီး follower  တွေလည်း အများကြီးရှိပါတယ်

November 2 ရက်နေ့ကတင်လိုက်တဲ့ Twitter post တစ်ခုကြောင့် ၅ ရက်တည်းနဲ့ follower 2000 ကျော်ရခဲ့ပါသေးတယ်

Mayutamu ကအရပ် 168cm ရှိပြီး၊ ကိုယ်အလေးချိန် 48kg ရှိပါတယ်

မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အသင့်တော်ဆုံး အနေအထားဖြစ်ပေမယ့် မိန်းကလေးဆန်တဲ့ ပုံစံအနေအထားကြောင့် နာမည်ကြီးနေပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: