Pi number တွေနဲ့တည်ဆောက်ထားတဲ့ အနုပညာလက်ရာတစ်ခု

တိုကျိုမှာ ပြသထားတဲ့ artist Tsuyoshi Hisakado ရဲ့ အနုပညာလက်ရာတစ်ခုကို ကြည့်ရှူခံစားလိုက်ရအောင်
ဒီအတိုင်းကြည့်လိုက်ရင်တော့ အဖြူရောင်နံရံလို့ပဲ မြင်ရပေမယ့်၊ သေသေချာချကြည့်လိုက်ရင် ဂဏန်းတွေကို သပ်သပ်ရပ်ရပ် စီပြီးထည့်ထားတာ တွေ့ရမှာပါ
အဲ့ဒါတွေက π (pi) နံပါတ်တွေပါ
အလယ်ဗဟိုကနေ လေနဲ့လွင့်သွားသလို နံပါတ်အစဉ်လိုက် အပြင်ဘက်ကို ဝိုက်ထွက်သွားတာ မြင်ရမှာပါ
“River” လို့ခေါ်တဲ့ ဒီလက်ရာကို သဘာဝမြစ်တစ်စင်း စီးဆင်းမှုဟာ လူသာယဉ်ကျေးမှု မူလအစ စီးဆင်းမှုပြယုဂ်နဲ့ အလားတူပဲဆိုပြီး ခံစားရစေဖို့ ဖန်တီးထားတာပါ
မျိုးဆက်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တဲ့ ယဉ်ကျေးမှုတွေဟာလည်း မြစ်တစ်စင်းစီးဆင်းသလို မျောပါသွားနိုင်ပြီး အသစ်ပြန်လည်မွေးဖွားလာနိုင်တာပါပဲ
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: