တစ်ဖက်လူအပေါ် တွေးပေးတတ်လွန်းတဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုတစ်ခု

အကျိုးအကြောင်း ဆက်စပ်စဉ်းစားပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုအကြောင်း ပြောပြချင်ပါတယ်
Atsushi Noguchi (@A_gussan0531) ဆိုတဲ့ တွစ်တာအကောင့်တစ်ခုက share ထားတဲ့ Lawson convenience store မှာကြုံတွေ့ခဲ့တဲ့ အကြောင်းလေးကို ရှာတွေ့ခဲ့ပါတယ်
Noguchi ဟာ နားသိပ်မကြားရတဲ့အတွက် ဈေးဝယ်တိုင်းမှာ အခက်အခဲဖြစ်နေရသူပါ
အစားအသောက်ဝယ်ပြီးတော့ ငွေရှင်းရင်း ဝန်ထမ်းကသူ့ကို စားစရာကိုနွေးမလားလို့ မေးပါတယ်
ဒါပေမယ့် ဘာမေးနေလဲဆိုတာ မကြားရတော့ နားကြားကိရိယာလေးကိုပြရင်း သူမကြားရကြောင်း ပြလိုက်ပါတယ်
ဝန်ထမ်းက ချက်ချင်းနားလည်သွားပြီး ကောင်တာပေါ်တင်ထားတဲ့ ဇယားလေးကို Noguchi  ကိုပြခဲ့ပါတယ်
ဒါကိုကြည့်ရင်း အချင်းချင်း လွယ်လွယ်ကူကူ နားလည်နိုင်ခဲ့ကြပါတော့တယ်
ဒီဇယားပုံကနေတစ်ဆင့် ဈေးဝယ်သူတွေဟာ လိုချင်တဲ့ ဝန်ဆောင်မှုကို တောင်းဆိုနိုင်ပြီးေတာ့၊ ပလက်စတစ်အိတ်လိုချင်လား၊ နွှေးပေးစေချင်လား၊ တစ်ခြားဘာလိုလဲဆိုတာ ပြနိုင်မှာပဲဖြစ်ပါတယ်
ဒါကဈေးဝယ်အတွက်သာမကဘဲ ဝန်ထမ်းတွေအတွက်ပါ အဆင်ပြေသွားစေတဲ့ ဝန်ဆောင်မှုလေးဖြစ်သွားပါတယ်
“ convenience store” လို့ပြောတဲ့အတိုင်းပဲ အရည်အသွေးရော အရာရာပါ အဆင်ပြေသွားစေပါတယ်
ရိုးရှင်းပြီး အသုံးဝင်ပေမယ့်၊ ဘယ်သူမှသတိမထားမိသေးတဲ့
နားမကြားတဲ့ ဈေးဝယ်ဂျ၊ ဂျပန်ပစကားသိပ်မပြောနိုင်တဲ့ ဈေးဝယ်တွေအတွက် အလွန်အဆင်ပြေတဲ့ ဂျပန်နိုင်ငံက ဝန်ဆောင်မှုလေးတစ်ခုဖြစ်ပါတယ်
ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုပေးပုံကတော့ အမြဲတမ်း မှင်သက်စရာတွေပါပဲ
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: