ဘယ်လိုလေးစီထားတာလဲ? ဂျပန်မှာ ပြသမှုအတွက်လည်း နတ်ဘုရားရှိနေပုံပါပဲ
ကုန်ပစ္စည်းအများအပြားကို ဂျပန်စူပါမားကတ်များနှင့် စတိုးဆိုင်များတွင် နားလည်ရလွယ်ကူပြီး သပ်ရပ်သောပုံစံဖြင့် ပြသထားတတ်ပါတယ်
ပုံမှန်အတိုင်း စုထားရင်တောင် လှပပြီး အပြစ်ပြောစရာမရှိပေမယ့်၊ တစ်ခါတစ်လေတော့ စီတန်းပေးတဲ့ နတ်ဘုရားရှိနေပုံပါပဲ
ဘယ်လောက်လှလဲဆိုတော့ ကြည့်ကြည့်လိုက်ပါ
ပန်းမုန်လာအစိမ်းတွေ အများကြီး ဝယ်မိတော့မယ့်ပုံပါပဲ
ပန်းမုန်လာအစိမ်းကို အများကြီးဝယ်တတ်တာမျိုး မရှိပေမယ့်၊ ဟင်းသီးဟင်းရွက် ထားတဲ့ထောင့်မှာ ဒါကိုပဲ သီးသန့်ပြတာကတော့ ရှားပါတယ်
ဒါကိုတောင် လှလှပပ စီထားပေးတော့ မျက်စိကရောက်သွားတာပေါ့လေ
မုန့်တွေနဲ့လုပ်ထားတဲ့နံရံလားပါပဲ
https://iseshima.keizai.biz/headline/1733/
အထုပ်ထဲရောက်နေတဲ့ မုန့်တွေက မြင်သာနေပါတယ်
နှစ်ဖက်စလုံးမှာ လှလှပပ အနုပညာဆန်ဆန် စီတန်းထားပါတယ်
ဒီလောက်ကြီးလှနေပြန်တော့လည်း ယူလိုက်ရင်ပြိုကျသွားမှာစိုးလို့ မဝယ်ရက်တော့ဘူး
ဆော့ဆေ့နဲ့လုပ်ထားတဲ့တောင်
https://www.pinterest.jp/pin/308074430744320873/
အရပ်ပုတဲ့ အဖွားတွေဆို ဘယ်လိုယူရပါ့
အောက်ကနှိုက်ပြန်ရင်လည်း ပြိုကျဦးမယ်
လိမ္မော်သီး in သခွားမွေးသီး
https://www.pinterest.jp/pin/630292910343455574/
သခွားသီးအမျိုးအစားတွေက အလည်မှာလွတ်နေတတ်တယ်လေ
လွတ်နေတော့ နှမြောစရာကောင်းတော့ လိမ္မော်သီးတွေထည့်လိုက်တယ်တဲ့လေ
ဒီလူကတော့…
အားလုံးကို ရှေ့တည့်တည့်လှည့်ထားမယ်
https://ameblo.jp/ackn62/entry-12107500661.html
တံဆိပ်အကုန်လုံးကို ရှေ့လှည့်ထားတော့ ဒီလိုလေးကြည့်ကောင်းတယ်လေ
ဒီလိုလှနေတော့ အောက်အဆင့်ကလွတ်နေတဲ့နေရာကို မျက်စိကရောက်သွားပြန်ရော
အရုပ်
တန်းစီထားတဲ့ အရုပ်ကလေးတွေက စီစီညီညီ ရပ်နေကြသလိုလေးနော်
လူပြည့်နေတဲ့ရထားလိုပဲ
https://www.pinterest.jp/pin/354306695696340162/
ဒါကတော့ အသားကိုအလှဆင်ထားတာပါ
ဘယ်နားကအသားလဲဆိုတာ သိလွယ်တာပေါ့နော်
စားချင်စိတ်ပျောက်သွားမယ့်ပုံပဲ
ဒီလောက်အထိလုပ်ပေးတာက ကောင်းလားမကောင်းလားတော့ မပြောပြတတ်ပေမယ့်၊ အချိန်ပေးပြီး လုပ်ထားပေးတော့ စပ်စပ်စုစုကြည့်မိတတ်တာကတော့ လူ့သဘာဝပါပဲ
အနုပညာဆန်ဆန်စီတန်းထားတာလေးကို ဒီကရှေ့လျှောက် ဘယ်လိုအဆင့်မြှင့်သွားမလဲဆိုတာ စောင့်မျှော်နေပါတယ်
Kengo Abe