ရှည်လျားပြီး လှပတဲ့ အနက်ရောင်ဆံပင်ဟာ အခွင့်ထူးခံလူတန်းစားတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ် နေရထိုင်ရခက်လောက်အောင်ကို အရှည်ကြီးထားခဲ့တဲ့ အကြောင်းအရင်းနဲ့ ခေတ်က?

ရှေးခေတ်က ဂျပန်ဆံပင်ကေက ဘယ်လိုပုံလို့ ထင်ပါသလဲ?
တော်တော်များများက အောက်ကပုံကိုမြင်မိမယ်ထင်ပါတယ်
ဒါက အဲဒိုခေတ်က ဆံပင်ပုံပါ
လှလှလေးထုံးထားပြီး နေရထိုင်ရလည်း မခက်ပါဘူး
အိပ်ရင်တော့ ဒီပုံနဲ့ဆို ခက်မယ်ထင်ပါတယ်
ဒီ့ထက်စောတဲ့ခေတ်ဖြစ်တဲ့
ဆာမူရိုင်းခေတ်ရဲ့ အရင်မှာရှိခဲ့တဲ့ မင်းမျိုးမင်းနွယ်ခေတ်က ဆံပင်က ဒီပုံပါ
အရှည်ကြီးထားကြပြီး မဲနက်နေတဲ့ ဆွသားတွေပါပဲ
ဒီလိုထားမှာ မိန်းကလေးတွေက အလှအပမှာ နံပါတ် ၁ လို့သတ်မှတ်ခံရတာပါ
ဒီလောက်ကြီးကျ ပင်ပန်းမယ်ထင်တယ်
နေ့တိုင်း ခေါင်းဘီးနဲ့ အကြိမ်ကြိမ်ဖြီးပြီး ဆန်ဆေးရည်၊ အသီးရည်တွေသုံးပြီး ဆေးကြောပုံသွင်းခဲ့ကြတာပါ
ဒီလောက်ရှည်မှတော့ ဘာလုပ်လုပ် ဆံပင်ကရှုပ်နေတော့မှာပါပဲ
ဒါပေမယ့်လည်း ဘာမှမဖြစ်သလို ထားခဲ့ကြပုံပါပဲ
အဲ့ဒီလိုလုပ်မှလည်း အထက်တန်းစားဆန်တယ်လို့ သတ်မှတ်ခံရတာကြောင့်ပါ
သာမန်မိန်းကလေးတွေကတော့ ဆံပင်တိုတိုလေးနဲ့ စည်းထုပ်ထားကြရတာပါ
ဘာမှလုပ်စရာမလိုဘဲ ဘေးနားကလူတွေက အကုန်လိုက်လုပ်ပေးကြလို့သာ ဒီလိုအရှည်ကြီးထားနိုင်ခဲ့တာပေါ့
ဒီလိုထားမှသာ ဂျပန်ဆန်တာ၊ လှတာ လို့ပြောကြတာပါ
အုပ်ချုပ်သူခေတ်ကနေ ဆာမူရိုင်းခေတ်ရောက်မှ အပေါ်ဆုံးကပုံလို ဆံပင်ပုံပြောင်းသွားတာပါ
ဒါကလည်း ရှည်တာတော့ရှည်ပါတယ်
သာမန်မိန်းကလေးတွေလည်းအရှည်ပဲထားခဲ့ကြတာပါ
တော်တော်လေးရေပန်းစားခဲ့တဲ့ ဆံပင်ပုံဖြစ်ပြီး သူ့ဟာနဲ့သူကတော့ ပင်ပန်းမယ့်ပုံပါပဲ
ယောကျ်ားတွေက ဒီလိုပုံထားခဲ့တာပါ
နောက်မှချည်ထားတာတော့ နားလည်နိုင်ပေမယ့် အရှေ့ကပြောင်နေတာက ဘာလဲ? လို့သိချင်ကြမယ်ထင်ပါတယ်
ဒါက ဆကယခိ လို့ခေါ်ပြီး သေသေချာချာမထိန်းသိမ်းရင် ဆွပင်ရှည်လာတတ်ပါတယ်
ဒီလောက်အထိကို အသေးစိတ်အချိန်ကုန်ခံပြီး လုပ်ခဲ့ကြတာပါ
အရှေ့ကိုပြောင်နေအောင် ဆွဲနှုတ်ထားရတာပါ
တော်တော်နာမှာပဲ??
ကုန်းတွင်းပိတ်နိုင်ငံဖြစ်ခဲ့ပြီး ဒီလိုဆံပင်ပုံထားခဲ့ကြပေမယ့်၊ နိုင်ငံကိုပြန်ဖွင့်ပြီးနောက်မှာတော့ အနောက်တိုင်းဆံပင်တွေ ခေတ်စားလာခဲ့ပါတယ်
မိန်းကလေးတွေကလည်း ကီမိုနိုကတေ အနောက်တိုင်းအဝတ်အစားကိုပြောင်းဝတ်ကြပြီး၊ အဲ့ဒါနဲ့လိုက်ဖက်တဲ့ ဆံပင်ကေကို ပြောင်းလာကြပါတယ်
၁၉၈၀ခုနှစ်က မဆုဒ ဆဲခို ဆိုတဲ့ အိုင်ဒေါကအရမ်းနာမည်ကြီးပြီး၊ သူ့အတိုင်းလိုက်ညပ်တဲ့ ဆဲခိုချန် ဆံပင် ဆိုပြီးအရမ်းနာမည်ကြီးခဲ့ပါသေးတယ်
အဲဒိုခေတ်ကဆံပင်ထက် ပိုတိုပြီး ထိန်းသိမ်းရလည်း ခက်ခဲ့ပုံပါပဲ
သူကတော့ အိုင်ဒေါဆိုတော့ အဆင်ပြေပေမယ့်၊ သာမန်လူဆိုရင်တော့ ခက်ခဲမယ့်ပုံပါပဲ
အခုခေတ်ကတော့ တစ်ပုံစံတည်းလိုက်ထားတာမျိုး မရှိတော့ပါဘူး
ဆံပင်အရှည်ထားကြတာကတော့ နည်းသွားပေမယ့် အရောင်ပြောင်းတာမျိုးတွေတော့ အများကြီးလုပ်လာကြပါတယ်
ဆံပင်အရှည်ထားပြီး မျိုးစုံပြင်ဆင်တတ်ကြတာကတော့ ဘားမှာအလုပ်လုပ်တဲ့ မိန်းကလေးတွေပါပဲ
https://www.tongdamy.com/簡単モリ髪ウィッグ/キャバ嬢簡単盛り髪%E3%80%80「盛りヘアウィッグ-ハーフ/
https://www.tongdamy.com/簡単モリ髪ウィッグ/キャバ嬢簡単盛り髪「マッシュレイヤー」/
ဒီလိုပုံတွေပါ
အဲဒိုခေတ်နဲ့တော့ တော်တော်ကွာပေမယ့် ဆံပင်အရှည်နဲ့ မြှောက်ချည်ထားတာကတော့ အတူတူပါပဲ
မြှောက်ချည်ထားရင် မျက်နှာကသေးသွားပြီး အားနည်းသယောင်ထင်ရပါတယ်
မြှောက်ချည်ထားရင် ခေါင်းပိုင်းမှာ ခြုံကြည့်လိုက်ပါက မျက်လုံးက အောင်ပိုရောက်သွားပြီး ပိုချစ်စရာကောင်းသွာတတ်ပါတယ်
ကလေးလေးတွေလိုပေါ့
ချစ်စရာကောင်းရင် မုန့်ပိုရသလို၊ ကာကွယ်ခံရတတ်ပါသေးတယ်
ဒါကတော့ လူရော တိရိစ္ဆာန်ရော အတူတူပါပဲ
ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ဆံပင်မြှောက်ပြီး ချည်တတ်တာကတော့ မပြောင်းပုံပါပဲ
ဒီခေတ်ဆံပင်လည်း ပေါ့ပေါ့ပါးပါး ထားလို့ရတာတော့ မဟုတ်ပါဘူး
ရှေးခေတ်လိုပဲ ဖြစ်မနေပြန်ဘူးလား?
အနာဂတ်မှလည်း ယောကျ်ားတွေက နေရထိုင်ရတာ အနှောင့်အယှက်ဖြစ်စေတဲ့ ဆံပင်ပုံစံရှိတဲ့ မိန်းကလေးတွေကိုပဲ ဆက်ပြီး ချစ်ကြိုက်နေကြဦးမှာပါပဲ