ဂဏန်းတွေနဲ့ စကားပြောလို့ရတယ်!?ဂျပန်က လူကြီးတွေအချင်းချင်း အသုံးများကြတဲ့ Cryptography ဆက်သွယ်မှု

49106

ဒီဂဏန်းတွေကို ဖတ်တတ်ကြပါသလား?

 

နိုင်ငံခြားသားတွေအတွက် နားလည်ရခက်တဲ့ ဂျပန်စကား၊ ဂျပန်ယဥ်ကျေးမှုတစ်ခုက ဂို့ရို့အဝဆဲ့ ဖြစ်ပါတယ်။

ဂျပန်စကားမှာဂဏန်းတွေကို စကားလုံးတွေအနေနဲ့ ပြောင်းသုံးလို့ရပါတယ်။

ဥပမာ

 

၁ ဆိုရင် အိချိ၊ ဟိတို့ဆု ဆိုပြီးပြောင်းဖတ်လို့ရတာကြောင့် ဒီအသံတွေသုံးပြီး စကားလိုလုပ်ပြောတာပါ

 

49106 ဆိုတာက အရေးပေါ် TEL ဆိုတဲ့ အရေးပေါ်ဆက်သွယ်ပါ ဆိုပြီးအဓိပ္ပာယ်‌

ပေါက်ပါတယ်

ဒီလိုကုဒ်ပုံစံတွေကို ဒီစက်မှာသုံးလို့ရပါတယ်

ဆက်သွယ်ရေးပေဂျာ ပါ

ဆဲလ်ဖုန်းကနေဂဏန်းတွေကို မတ်ဆေ့ချ်ပို့ရတာပါ။ လက်ကိုင်ဖုန်းတွေမကိုင်ခင်က လူတိုင်းကိုင်ထားကြပါတယ်

အပြင်မှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်းကို စောင့်ခိုင်းထားရလို့ အလျင်စလို အကြောင်းကြားစေချင်ရင် 49106 လို့ပို့လိုက်ရင် ဖုန်းပြန်လာလို့ပါပဲ

 

သုံးရတာအဆင်ပြေလို့ ခေတ်စားပြီး တော်တော်များများ သုံးလာကြပါတယ်

လွယ်လွယ်လေးတွေကနေ ဥာဏ်စမ်းလေးလုပ်ကြည့်ရအောင်

ဒီဂဏန်းတွေကို ဖတ်တတ်လား?

0833

04510

10105

194

114106

33414

428

500731

 

ကဲဘယ်လိုလဲ?

တစခုလောက်ပဲ နားလည်တယ်ဆိုရင်တောင် သင်က ရှိုးဝခေတ်မှာမွေးတဲ့ ဂျပန်လူမျိုးတွေရဲ့ ယဥ်ကျေးမှုကိုနားလည်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

အဖြေကိုကြည့်ကြည့်ရအောင်

 

0833               အိုယဆုမိ (goodnight)

04510             အိုရှိဂို့တို (အလုပ်)

10105             အိမ ဒိုးကို? (အခုဘယ်မှာလဲ)

194                 အိခုယို (သွားတော့မယ်)

114106            အအိရှိတဲရု (ချစ်တယ်)

33414             ဆမိရှိအိယို (အထီးကျန်တယ်)

428                 ယိုကိုဟမ

500731           ဂို့မန်းနဆအိ (တောင်းပန်ပါတယ်)

တော်ပါပြီ ဖုန်းတဲ့ပဲဆက်ပြောတော့မယ်ဆိုတဲ့ သင့်စိတ်ကိုနားလည်ပါတယ်

ဆိုပေမယ့် ဖုန်းမရှိတဲ့ခေတ်တုန်းကတော့ အလုပ်ကိုအနှောက်အယှက်မဖြစ်စေဘဲ ဆက်သွယ်တဲ့နည်းလမ်းပါပဲ

 

ပေဂျာ တွေကအဝင်ပဲလက်ခံတာပါ

ပို့ချင်ရင် ဖုန်းကနေပို့ရတာကြောင့် အိမ်တို့ အများသုံးဖုန်းတို့ကနေ ပို့မှရပါတယ်

 

အဲ့ဒီတုန်းခေတ်ကတော့ အလုပ်အတွက်ပါလို့ပြောပြီး ပေဂျာနံပါတ်တောင်းတာမျိုး၊ ချစ်ကြောင်းကြိုက်ကြောင်းပြောတာမျိုးတွေ တော်တော်လုပ်ခဲ့ပုံပါပဲ

ကျွန်တော်ကတော့ ဖတ်ရတာ အလုပ်ရှုပ်လို့ ပေဂျာ မကိုင်ဖူးပါဘူး

 

ဒီနောက်ပိုင်းမှာ ပေဂျာကနေ စာရိုက်လို့ရအောင် တိုးတက်လာမှာဖြစ်ပြီး တော်တော်လေးခက်မယ့်ပုံပါပဲ

စာရိုက်မယ့်သူက ဒီနံပါတ်တွေနဲ့ပဲ ရေးရမှာဖြစ်လို့ပါ

ချစ်တယ်လို့ရေးချင်ရင်

1112324491

လို့ရေးရမှာဖြစ်ပြီး တစ်ဖက်မှာ ချစ်တယ်လို့ပေါ်မှာပါ

 

တစ်လုံးလောက်မှားသွားရင်ကို ဘာရေးထားမှန်းမသိ ဖြစ်သွားမှာပါ

အဲ့ဒါကြောင့်ပဲ လူသုံးနည်းသွားတော့တာပါ

 

အခုဆိုရင်တော့ Line ကနေ အေးဆေးပို့လို့ရနေပါပြီ

စာပဲဆိုရင်နားမလည်မှာစိုးလို့ emoji တွေ sticker တွေနဲ့ပါပို့လို့ရနေပါတယ်

 

ဒါပေမယ့် ပေဂျာခေတ်မှာ ဆက်သွယ်ရေး အဆင်မပြေတဲ့ကြားက ဦးနှောက်သုံးပြီး မတ်ဆေ့ချ်ပို့ရတယ်ဆိုတာလေးက ချစ်စရာကောင်းသလို၊ ရိုးသားတယ်လို့ရော မထင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: