ပြိုင်ဆိုင်ရမယ့် ရာသီရောက်လာပြီ!ယန်းသိန်း၁သောင်းကို ရအောင်ယူလိုက်ကြရအောင်!!

၂၀၂၁ခုနှစ်လည်း ဘာလိုလိုနဲ့ ကုန်တော့မယ်

“ဒီနှစ်ဗီယက်နမ်ကိုမပြန်လိုက်ရဘူး” ဆိုတဲ့ ဝမ်းနည်းစိတ်ကို ခံစားခဲ့ရတဲ့ ၂၀၂၀နှစ်ကုန်လောက်ကနေ ကိုယ်သတိထားမိတဲ့အချိန် ၁နှစ်တောင်ကုန်တော့မယ်။

ကိုရိုနာကြီးပြီးသွားရင် ဘာဖြစ်မှာလဲ? အသက်ရှင်နေပါဦးမလား? ဆိုပြီး ပူပန်ခဲ့ရပေမယ့် အသက်တောင် ၁နှစ်ကြီးသွားပြီ။ အံ့ဩမိပါတယ်။

 

နှစ်ကုန်ဆိုရင်တော့ ဒါလေးကို သတိရမိပါတယ်။

https://www.takarakuji-official.jp/brand/jumbo/

 

ဂျပန်ရဲ့ နှစ်ကုန် ဂျန်ဘို ထီ ပါပဲ။

နိုဝင်ဘာလ ၂၄ရက်ကနေ ၁လကြာ ရောင်းချမှာဖြစ်ပြီး ဆုကြေးကလည်း ယန်းသိန်း၁သောင်းပါ။

ဂဏန်းရှေ့နောက် နံပါတ်တိုက်ရတဲ့ထီပါ။

 

ဂျပန်မှာ နံပါတ်စဥ်လိုက် ဝယ်တတ်ကြတာကြောင့် ၁ဂဏန်းနဲ့ပေါက်ရင် အဲ့ဒီအရှေ့ဂဏန်းရော အနောက်ဂဏန်းပါ တွဲရက်ပါတာများလို့ ပေါင်းလိုက်ရင် ယန်းသိန်း၁သောင်းပါ

 

ယန်းသိန်း၁သောင်းနော်?

ဘာဝယ်မလဲ?

အိမ်ဝယ်ပစ်မလား? Ferrari တောင်ဝယ်လို့ရတယ်။

 

အလောတကြီးနဲ့ အိမ်တွေကားတွေ ဝယ်မိရင် နောက်ပိုင်းကျ ကုန်ကျစရိတ်တွေအတွက် ပင်ပန်းရလိမ့်မယ်။

စုထားရမလား?

ပေါက်လဲမထားဘဲ၊ ပေါက်မယ်လို့လည်း မထင်ပါဘူး၊ အိမ်မက်မက်ကြည့်လို့ရတဲ့ လ၁လပါပဲ။

 

အိမ်ကအမေကတော့ ထီကြိုက်လို့ နှစ်တိုင်းဝယ်ပြီး ထီစောင်ကို ဘုရားစင်ပေါ်တင်ထားတာပါ။ “ထီလေးပေါက်ပေးပါနော်” ဆိုပြီးအမြဲဆုတောင်းနေတတ်ပါတယ်။ မဖြစ်နိုင်တာလာတောင်းနေလို့ ဘုရားကတောင် မချိပြုံးပြုံးပြနေလောက်တယ်။ တစ်ခါမှလည်း မပေါက်ဖူးပါဘူး။

 

ပေါက်နိုင်ခြေ?

မမေးတာကောင်းမယ်ထင်ပါတယ်။ အင်တာနက်မှာလည်း သွားမရှာစေချင်ပါဘူး။ ဝယ်ချင်စိတ်ပါ ပျောက်သွားမှာမလို့ပါ။

 

ဂျပန်မှာနေနေတဲ့သူများရှိရင် ကိုရိုနာကြောင့် ခက်ခဲနေတာတွေ၊ အေးလာတာကြောင့် အေးစက်နေတဲ့ နှလုံးသားကို တစ်ချက်တည်း ပွင့်လန်းသွားအောင် အိမ်မက်အကြီးကြီးတစ်ခု မက်မကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: