သစ်ရွက်နဲ့ပုံဖော်ထားတဲ့ “Kirie” တဲ့ ! လှလိုက်တာ!!! အနုပညာဆန်ချက်ပဲနော်!!!

သစ်ရွက်လေးတွေကို ပုံဖော်ညှပ်ပြီး ပြုလုပ်ထားတဲ့ လက်ရာတွေထဲကမှ လက်ရာ(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
ရှုစားလိုက်ပါဦးနော်။ရိုးရှင်းလှပတဲ့ကောင်းကင်ပြာပြာမှာ ပုံဖော်ပြီး ညှပ်ထားတဲ့သစ်ရွက်ကလေးကို ထပ်ကာ မော့ကြည့်လိုက်ပါ။
အဲဒီအခါ . . . သိပ်ကိုလှပတဲ့ ပန်းချီကားချပ်လေးတစ်ခုကို တွေ့ရလိမ့်မယ်။
ပန်းချီကားချပ်တင်မဟုတ် သူ့အတွက်သာ ရည်ရွယ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ပါသေးတယ်။

သစ်ရွက်လေးရဲ့ငါးပြတိုက်


https://t.co/HuPI0s0fMl?amp=1

Elmer ရဲ့ စွန့်စားခန်း


https://t.co/kqi6MHIxG9?amp=1

Mokomoko Popcorn


https://t.co/3QHXsWIQBY?amp=1

ပင်လယ်ထဲက သွားဆရာဝန်


https://t.co/C80TikQOZ4?amp=1

နှုတ်ဆက်ပါတယ် ဝေလငါး


https://t.co/9g6mUMckfH?amp=1

သစ်ရွက်တစ်ခုတည်းကနေ နူးညံ့သိမ်မွေ့မှုများစွာဖြင့် အသေးစိတ်ပြုလုပ်ထားတဲ့ ဒီလိုလက်ရာမျိုးကို စိတ်ကူးပုံဖော်ပြီး လုပ်တာ လေးစားစရာပဲနော်။ငါးပြတိုက်ထဲမှာ ငါးတွေ ဖြည်းဖြည်းချင်းကူးသန်းသွားလာနေတာကို ကြည့်ရှုနေတဲ့သူတွေ
ပေါက်ပေါက်ကိုစောင့်နေတဲ့သိုးသငယ်၊
နေဝင်ချိန်မှာ ပျံသန်းသွားတဲ့ ဝေလငါးလေယာဉ်တစ်စင်း …

ဒီလိုဖြစ်လာဖို့အတွက်တော့ လွယ်သယောင်ယောင်နဲ့ တစ်ကယ်တမ်းလုပ်ကြည့်ရင် ထင်သလောက်မလွယ်လောက်ဘူးနော်။
အင်တာနက်ပေါ်မှာလည်း ချီးမွမ်းစကားတွေအများကြီးတွေ့ခဲ့ရတယ်။
အံ့သြစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းနှင့်တီထွင်ဖန်တီးမှုမျိုးကိုတော် တော်တော်လေးသဘောကျမိတယ် !!
အနုစိတ်လုပ်ရတဲ့ ဒီလိုအရာမျိုးတွေကို စိတ်ဝင်စားပြီး လိုက်လုပ်ချင်မိတဲ့သူတွေ အများကြီးရှိမှာပဲနော်။

“ဖန်တီးထားတဲ့ သစ်ရွက်လေးရဲ့ နောက်ခံမှာကောင်းကင်ကိုတွေ့ရတာလည်း ကြည်နူးဖို့ကောင်းတယ်။
အရာအားလုံးကချစ်ဖို့ကောင်းနေတယ်။
အသေးစိတ်လေးတွေလုပ်ရတာဟာ စိတ်ရှည်ဖို့ကလည်း လိုသေးတယ်နော်။ တကယ့်အသေးစိတ်နှင့်လှပရိုးရှင်းတဲ့ ဒီလိုဖန်တီးမှုကို တွေ့ရတာ သဘောကျမိပါတယ်။
အဲဒါကိုမြင်ရတာနဲ့တင် ပျော်နေတာ! “ စသဖြင့် ချီးမွမ်းထားတဲ့ ကွန့်မန့်တွေအများကြီးရရှိထားပါတယ်။

စကားမစပ်၊ အရွက်အများစုက Tsubaki ရွက်များဖြစ်ပါတယ်။
ဒီလိုပုံဖော်တာ တော်တော်လေးအာရုံစူးစိုက်မှုလိုအပ်မယ်လို့ထင်ရပါတယ်။

“ လအနည်းငယ်အတွင်းမှာတော့ပိုပြီးအံ့သြဖွယ်ကောင်းလောက်အောင်လုပ်ဆောင်နိုင်ဖို့ သူ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ” လို့လည်း သူကပြောပါတယ်။
အနာဂတ်မှာဘယ်လိုအံ့ဖွယ်အမှုမျိုးတွေပေါ်လာလိမ့်မလဲဆိုပြီး
လူအများကအဲဒါကိုမျှော်လင့်နေလိမ့်မယ်ထင်ပါတယ်။ သက်လည်း စိတ်ဝင်စားရင် လုပ်ကြည့်နော်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: