ဂျပန်နိုင်ငံကနေထုတ်ပယ်ခံရတဲ့ ကိုးရီးယားလူမျိုးများ

အားလုံးပဲ ဒီ T-shirt ကို သိကွပါသလား ?

 

https://shirewata.com/6915

 

ကိုးရီးယား idolဖြစ်တဲ့  BTS ရဲ့ အဖွဲ့ဝင်တစ်ယောက် ဝတ်ထားတဲ့ T-shirt ဖြစ်ပါတယ်။

သေချာကြည့်မယ်ဆိုရင် ဟိရိုရှိမား ဗုံးပေါက်တုန်းက ဓာတ်ပုံနဲ့ တိုင်းပြည်ချစ်စိတ် ၊ ဂျပန်နိုင်ငံရဲ့သမိုင်း ၊ ကိုးရီးယားနိုင်ငံ စတဲ့ အဓိပ္ပာယ်တွေကို အင်္ဂလိပ်လိုရေးထားတာဖြစ်ပါတယ်။

အဲ့ဒါကို အင်တာနက် ပေါ်မှာ “ ဂျပန်ကိုဆန့်ကျင်တယ် “ လို့တင်ထားတဲ့ ကြီးမားတဲ့ ဂရက်တစ်ခုဖြစ်လာခဲ့ပါတယ်။

BTS က ဂျပန်မှာ လည်းအရမ်းကို နာမည်ကြီးတဲ့ အနုပညာ လှုပ်ရှားမှုတွေရှိခဲ့ပေမယ့် အဲ့ဒီပြဿနာတွေဖြစ်ပြီးနောက်မှာ TV အစီအစဥ်တွေရော ဂီတဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်းခံခဲ့ရပါတယ်။

 

ဂျပန်နိုင်ငံကနေ ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။

 

အဲ့လို အခြေအနေဖြစ်ခဲ့တာက သူတို့ကနေ စခဲ့တာမဟုတ်ပါဘူး။

ကိုးရီးယားနိုင်ငံမှာ ဂျပန်ကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ မကြိုက်တဲ့သူတွေက ဆိုပြီးတော့ အမျိုးမျိူးရှိကြပါတယ်။

အိမ်နီးချင်းဆိုတာနဲ့ သမိုင်းအရ နှစ်နိုင်ငံက အမျိုးမျိုးရှိခဲ့ပေမယ့် တဖက်ကို ရန်စတဲ့ စကားတွေနဲ့ အပြုအမူတွေဖြစ်ခဲ့တယ် လို့ထင်ပါတယ်။

နောက်ထပ် ကိုးရီးယားမှာရှိတဲ့ ဂျပန်လူမျိုးတွေက  ဂျပန်လူမျိူးလို့ပြောရင် ပြင်းပြင်းထန်ထန် ဝေဖန်တာကိုခံရတဲ့သူကများပါတယ်။

 

ကြိုက်တဲ့အရာကို ကြိုက်တယ်လို့ပြောတာက မကောင်းဘူးလား ?

အခုဂျပန်ရဲ့ TV အစီအစဥ်တွေမှာ ကိုးရီးယားရဲ့ အစီအစဥ်တွေကို သိပ်ပြီးမတင်ဆက်တော့ပေမယ့်

အင်တာနက်တွေမှာ ဖော်ပြတာတွေများလာပြီးတော့ TV မှာလည်း လျစ်လျူမရှု့နိုင်အောင် ဖြစ်လာခဲ့ပါတယ်။

BTS ရဲ့ ပြဿနာမှာလည်း အင်တာနက်ပေါ်မှာ ကောလဟာလတွေ ပျံ့နှံ့လာပြီးတော့ အကောင်းမမြင်တာတွေများတဲ့အတွက် TV အစီအစဥ်တွေကို ရွေ့ဆိုင်းခံထားရတဲ့ အခြေအနေဖြစ်ပါတယ်။

 

ဂျပန်ကိုမုန်းတယ်ဆိုရင်လည်းမလာပဲ နေလို့ရတာကိုဘာကြောင့်လာခဲ့ရတာလဲ?

ပိုက်ဆံရရင်ဘာပဲဖြစ်ဖြစ်လုပ်မယ်လို့ တွေးတာများလား ? ?

လို့ပဲ အလွယ်လေးမေးချင်မိပါတော့တယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: