အသက်၆၀အရွယ် Street dancer!

Street danceကတဲ့သူတွေ လူငယ်တွေဘဲလားဆိုတော့

အဲလိုမဟုတ်ဘူးနော်။

နှစ်ယောက်ပေါင်းလိုက်ရင် အသက် ၁၂၀ရှိပြီဖြစ်တဲ့ BAMBOO SHOOTလို့ခေါ်တဲ့ အကအဖွဲ့ရှိပါတယ်။

 http://news.livedoor.com/article/detail/15310734/

 

အပေါ်ကပုံထဲက နှစ်ယောက်က အခုလက်ရှိမှာ အသက် ၅၈နှစ်နဲ့ ၆၁နှစ်ရှိနေပါပြီ။

သူတို့နှစ်‌ယောက်က ဖက်ရှင်လည်းဆင်တူ၀တ်ပြီးတော့ နှစ်ယောက်ပေါင်းStreet danceကတာပါ။

 

ဘယ်ဘက်ကတစ်ယောက်က Monsieurလို့ခေါ်ပြီးအရင်က ပြင်သစ်မှာ နေထိုင်ခဲ့တာပါ။
ယောကျာ်းလေးလို့တော်တော်များများမထင်မှားကြပါတယ်.

Monsieurကို ပြင်သစ်မှာနေတဲ့အချိန် Hop hop အကသင်တန်းကျောင်းကို လာကစားဖို့အသိကအဖော်ခေါ်ခဲ့ရာကနေ ကိုယ်ကိုယ်တိုင်လည်း dietလုပ်ချင်တဲ့အတွက် သွားဖြစ်ခဲ့တာပါ။

 အဲအချိန်မှာ သူမအသက်က ၄၀ကျော်နေပါပြီ။

 

ညာဘက်ကတစ်ယောက်ကတော့ Tachi-Flowerပါ။

နံမည်အရင်းက တချိဘန 立花((たちばな))လို့ခေါ်ပါတယ်။ Tachi-Flowerဆိုပြီးနောက်ကနံမည်ကိုဘဲ အင်္ဂလိပ်လိုပြောင်းလိုက်တာပါ။

သူမရဲ့ကလေးက အကသင်တန်းတက်ချင်တယ်ပြောလို့ အကသင်တန်းလိုက်ပို့ရာကနေ

စိတ်၀င်စားသွားပြီး ကိုယ်တိုင်အကကိုလေ့လာခဲ့တာပါ.


http://news.livedoor.com/article/detail/15310734/

အသက် ၆၀တောင်ရှိပြီ ကောင်းကောင်းကနိုင်ပါ့မလားလို့ တွေးမိရင်တော့ ,,,,,

အောက်ကဗီဒီယိုကို ကြည့်လိုက်နော်.

အရမ်းမြန်တဲ့ ကကွက်တွေကတော့ ခက်လောက်ပေမယ့်

တော်‌တော်လေးကနိုင်တာကို တွေ့ရပါတယ်။

 http://news.livedoor.com/article/detail/15310734/

အသက် ၂၀အရွယ်တွေက ကိုယ်နဲ့တန်းတူ၊ ကိုယ့်ထက်အငယ်တွေရဲ့စိတ်ကိုဘဲ နားလည်ပေမယ့်

အသက်၆၀အရွယ်ကျတော့ ပိုပြီးလူတွေအကြောင်းနားလည်တယ်လေ..

ဂျပန်စကားမှာ “年をとる”မဟုတ်ဘဲ “年を重ねる”ဆိုတဲ့ စကားရှိပါတယ်။

 

အသက်ကြီးပေမယ့်လည်း အသက်ကိုစိတ်ထဲမထားဘဲ  ဒီလိုလူငယ်ဆန်ဆန်ဘ၀ကိုဖြတ်သန်းမယ်နိုင်မယ်ဆိုရင် ကောင်းမယ်နော်.။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: