ဟဲအိအန်းခေတ်ရဲ့ အလှအပစံနှုန်း
ရှေးခေတ်အီဂျစ်မှာဆိုရင် အလှပဆုံးလို့ဆိုရမယ့် ကလီယိုပထရာဆိုတဲ့ လှပတဲ့အမျိုးတစ်ယောက်ရှိခဲ့ပါတယ်။
သူမရဲ့ နှာခေါင်းသာ အနည်းငယ်ပိုနိမ့်ခဲ့မယ်ဆိုရင် ကမ္ဘာ့သမိုင်းဟာ အကြီးအကျယ်ပြောင်းလဲသွားလိမ့်မယ်လို့ ပြောရလောက်တဲ့အလှတရားဖြစ်ပါတယ်။
အလှတရားဟာ သမိုင်းဟာ ကြီးမားတဲ့ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
ဒါဟာ အီဂျင်သာမက ဂျပန်နိုင်ငံလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် မင်းမျိုးမင်းနွယ်တွေ အုပ်စိုးစဉ်ကာလ ဟဲအိအန်းခေတ်မှာ တည်ရှိခဲ့တဲ့ အမျိုးသမီးချော ၃ ဦး ကို ကြည့်ကြည့်ရအောင်။
အဆင့် ၃ ဒိုင်းနိနို့ဆန်းမိ
ဂန်းဂျိဇာတ်လမ်းဆိုတဲ့ နာမည်ကျော် အချစ်ဝတ္တုကို ရေးသားခဲ့သူ မုရဆခိ ရှိခိဘု ရဲ့ သမီးဖြစ်ပါတယ်။
အချစ်ရေးဟာ အရမ်းကောင်းမွန်ပြီး တော်ဝင်မျိုးနွယ်တွေနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
အသက်အရွယ်တစ်ခု ရလာတဲ့အခါ မင်းဧကရာဇ်တစ်ပါးဖြစ်လာမယ့် ကလေးအတွက် အထိန်းတော်အဖြစ် အမှုထမ်းခဲ့ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အလွန်ကောင်းမွန်တဲ့အလုပ်အကိုင်ကို လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
အဆင့် ၂ ဖုဂျိဝရနော့ တဲအိရှိ
မခုရနော့ဆိုးရှိဆိုတဲ့ စာပေကို ရေးသားခဲ့တဲ့ ဆဲအိရှောနဂွန်းဟာ ကျော်ကြားတဲ့မင်းမှုထမ်းတစ်ဦးဖြစ်ပါတယ်။
ဒီမခုရနော့ဆိုးရှိစာပေမှာလည်း သူမအကြောင်းပါပေမယ့် ဆဲအိရှောနဂွန်းဟာ ဖုဂျိဝရနော့ တဲအိရှိကို စတွေ့တုန်းက သူမရဲ့ လက်ဖမိုးဟာ သူ့မတူအောင် လှပလွန်းတယ်လို့ ရေးသားထားပါတယ်။
Fetishism ဆန်သလိုဖြစ်နေပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ဂျူးနိဟိတိုအဲလို့ခေါ်တဲ့ ကီမိုနိုဟာ အသားအရည်လုံးဝနီးနီးမမြင်နိုင်တဲ့အပြင် ဖြတ်ကနဲလှမ်းမြင်ရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းလေးကိုပဲ စိတ်လှုပ်ရှားကြရပါတယ်။
အဆင့် ၁ အိဇုမိ ရှိခိဘု
အိဇုမိရှိခိဘုမှတ်တမ်းကို ရေးသားသူဖြစ်ပါတယ်။ စာအကြောင်းအရာကတော့ သူမရဲ့အချစ်ကြောင်းကို ဖော်ကြူးထားတာဖြစ်ပါတယ်။
နိမ့်ကျတဲ့သူမဟာ အိမ်ရှေ့စံနှစ်ဦးရဲ့ ချစ်မြတ်နိုးမှုကို ခံယူခဲ့ရတယ်ဆိုတဲ့ သမိုင်းကို လှုပ်ခတ်သွားစေခဲ့သူဖြစ်ပါတယ်။
ဒါဆို သူမတို့လိုမျိုး “အမျိုးသမီးချော” လို့ သတ်မှတ်ခံရသူဟာ ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
အဲ့ဒီအချက်တွေကို ကြည့်ကြည့်ရအောင်။
ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ နက်မှောင်တောက်ပတဲ့ဆံကေသာအရှည်ကြီးတွေပါ။
ဟုတ်ပါတယ်။ မျက်နှာလည်းမဟုတ်၊ ဝတ်စားပုံလဲမဟုတ်၊ ကိုယ်ကျင့်တရားလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက ဆံပင်ပါ။
အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်း ဟဲအိအန်းမင်းမျိုးမင်းနွယ်တွေဟာ ဂျူးနိဟိတိုအဲဆိုတဲ့ အဝတ်အစားကို ဝတ်ဆင်ကြပါတယ်။
ဒါဟာ ကီမိုနိုကို အထည်ပေါင်းများစွာ ထပ်ဝတ်ရတာဖြစ်ရပြီးတော့ နေ့စဉ်သွားလာမှုမှာ အခက်တွေ့စေမယ့် အဝတ်အစားဖြစ်ပါတယ်။
ဒါနဲ့လိုက်ဖက်တာကတော့ ထူးထဲရှည်လျားနက်မှောင်တဲ့ဆံပင်ဖြစ်ပါတယ်။
အရှည်ဆုံးအနေနဲ့ ၈ မီတာလောက်ရှိတယ်လို့တောင် ဆိုပါတယ်။
ဒါဆို မျက်နှာရဲ့ အသွင်အပြင်ကရော ဘယ်လိုလဲဆိုရင် ဆံပင်လောက် အရေးမကြီးပေမယ့် အမျိုးသမီးချောတွေရဲ့ အင်္ဂါရပ်ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
・ရှည်လျားပြီး ချောမွေ့တဲ့မျက်လုံး
・သေးငယ်တဲ့နှာခေါင်းနဲ့ ပါးစပ်
・ဖောင်းနေသောပါးများ
ဒါဟာ မဟုတ်မှလွဲရော ဟိနအရုပ်ရဲ့ မျက်နှာလိုပါပဲလား။
https://heian-jidai.com
ဒီနေ့ခေတ်ရဲ့ မျက်ရစ်ဖော်တာ၊ ဆက်ဆီကျတဲ့နှုတ်ခမ်းထူထူ၊ မျက်နှာသေးသေးလေးဆိုတဲ့ အလှအပစံနှုန်းတွေဟာ ဟဲအိအန်းအလှအပစံနှုန်းနဲ့ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါတယ်။
အဲအိအန်းခေတ်မှာ အရပ်ပုတာကလည်း လူကြိုက်များဖို့ လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပုံရပါတယ်။
မော်ဒယ်လ်ခန္ဓာကိုယ်ပိုင်ရှင်တွေ ဟဲအိအန်းခေတ်မှာ မမွေးဖွားခဲ့လို့ တော်ပါသေးတယ်နော်။
လက်မောင်းရှည်တာကလည်း အလှတရားရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပုံရပါတယ်။
အဲ့ဒီသဘောတရားအတိုင်း ထုလုပ်ထားတဲ့ဘုရားရုပ်ပွားတော်က အောက်ကပုံပါ။
http://yamatoji.nara-kankou.or.jp/01shaji/02tera/01north_area/hokkeji/
ပြီးတော့ ပိန်ရင် လူကြိုက်မများဘဲ ဝကစ်ကစ်လေးဖြစ်မှသာ လူကြိုက်များခဲ့ကြပုံရပါတယ်။
ဒါ့အပြင် ပုံပန်းသွင်ပြင်ထက် အရေးကြီးခဲ့တာကတော့ ယဉ်ကျေးမှုဖြစ်ပါတယ်။
အဲ့ဒီခေတ်ရဲ့ ယဉ်ကျေးမှုကတော့ ကဗျာဖြစ်ပါတယ်။
ဟဲအိအန်းခေတ်ရဲ့ နံပါတ် ၁ အိဇုမိ ရှိခိဘုဟာ ကဗျာစပ်ရာမှာ ထူးချွန်သူလို့ ဆိုကြပါတယ်။
လှပတဲ့စိတ်ခံစားမှုကို လှပတဲ့စကားလုံးနဲ့ ဖော်ပြနိုင်တဲ့စွမ်းရည်ဟာ ပုံပန်းသွင်ပြင်ထက် အရေးကြီးပါတယ်။
ကဗျာစပ်ပြီး အမျိုးသားတွေကို ဆွဲဆောင်လေ့ရှိတဲ့ အဲ့ဒီခေတ်မှာ အမျိုးသားတွေကို ချစ်မြတ်နိုးမိစေမယ့် ကဗျာကို ရေးခဲ့မယ်လို့ထင်ပါတယ်။
ယနေ့ခေတ်မှာ ပုံပန်းသွင်ပြင်ကို အလေးထားတဲ့သူတွေများလာပေမယ့် ဟဲအိအန်းခေတ်ရဲ့ ဂျပန်လူမျိုးတွေကတော့ ဆံပင်နဲ့ လက်အရှည်စတဲ့ ထူးခြားတဲ့ အလှအပစံနှုန်းတွေရှိခဲ့ကြပါတယ်။
ကျွန်တော်ကတော့ လူသားတွေရဲ့ အလှတရားဟာ ကိုယ်ကျင့်တရားလို့ ထင်ပါတယ်။
အပြင်ပန်းပုံပန်းသွင်ပြင်ထက် အတွင်းစိတ်လေးလှနေရင် အရာအားလုံး လှပနေမယ်လို့ ယုံကြည်ပါတယ်။
Kengo Abe