ဒါက ရှေးခေတ်ကစစ်သားတွေလား? အရုပ်ပြုပြင်မွမ်းမံခြင်းပြိုင်ပွဲရဲ့ အရည်အသွေးက လက်ဖျားခါလောက်စရာ ?

ပလပ်စတစ်မော်ဒယ်လ်နယ်ပယ်မှာ အခုဆို တရုတ်နိုင်ငံ ထုတ်လုပ်သူတွေလည်း များပြားလာပြီး အရည်အသွေးလည်းကောင်းမွန်လာပေမယ့် ဂျပန်နိုင်ငံကတော့ နှစ်ပေါင်းကြာရှည်စွာ ထိပ်ပိုင်းမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။
အဲ့ဒါကတစ်ခုဖြစ်တဲ့ TAMIYA ကတော့ တင့်ကား၊ လေယာဥ်ပျံစတာတွေရဲ့ ပလပ်စတစ်မော်ဒယ်လ်နဲ့ နာမည်ကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
သူရဲ့ များပြားလှတဲ့ထုတ်ကုန်တွေထဲကမှ အခုတစ်ခေါက် အလေးထားဖော်ပြချင်တာကတော့ အောက်ပါပုံဖြစ်ပါတယ်။

https://hobby.dengeki.com/news/924499/

ပုံပါဓာတ်ပုံကတော့ ဂျာမန်စစ်သားတွေဖြစ်ပေမယ့် အမေရိကန်၊ အင်္ဂလန်စတဲ့နိုင်ငံအသီးသီးက စစ်သားတွေရဲ့ ပုံစံကိုလည်း ရောင်းချလျက်ရှိပါတယ်။
၅ စင်တီမီတာလောက်ပဲရှိတဲ့အရုပ်ကို ဆေးခြယ်ဖို့တာ ခက်ခဲပေမယ့် တစ်ကြိမ်လောက်လုပ်ကြည့်ပြီးရင်တော့ ဆက်ပြီးဆေးမခြယ်ရမနေနိုင်အောင် ဖြစ်သွားပါလိမ့်မယ်။
ကျွန်တော်လည်း ဆေးခြယ်ရတာအရမ်းကြိုက်ပါတယ်။

ဒီတိုင်းအရုပ်ကို လုပ်ရတာက ပင်ပန်းတာတောင် ဒါကို ပြုပြင်မွမ်းမံတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။
ဘယ်လောက်ကောင်းအောင်ပြုပြင်မွမ်းမံနိုင်ကြောင်းကို ယှဥ်ပြိုင်တဲ့ပြိုင်ပွဲကိုလည်း နှစ်စဥ်ကျင်းပလျက်ရှိပြီး ၂၀၂၁ ခုနှစ်ကတော့ အကြိမ် ၅၀ မြောက်ဖြစ်ပါတယ်။

ပြုပြင်မွမ်းမံမှုအဆင့်ကတော့ အံ့သြဖွယ်ရာပါပဲ။
အရင်တုန်းကလက်ရာတွေကို ကြည့်ကြည့်ရအောင်။

ဒါက အရင်တစ်ခေါက်မှာ ရွှေတံဆိပ်ရထားတဲ့လက်ရာဖြစ်ပြီး ကံကောင်းစေသောနတ်ဘုရားခုနစ်ပါးအရုပ်ကို ဖန်တီးထားတာဖြစ်ပါတယ်။

https://hobby.watch.impress.co.jp/docs/news

စစ်သားရဲ့ ဘယ်အစိတ်အပိုင်းကို သုံးပြီး ပြုပြင်ထားတာလဲလို့ တွေးမိလောက်တဲ့အထိ မူလပုံစံက ပျောက်သွားပြီးတော့ မျက်နှာပုံသွင်းခြင်း၊ လက်စတာတွေကို အခြေခံပြီး ပြုပြင်ထားတယ်လို့ထင်ပါတယ်။

တစ်ခြားလက်ရာတွေကိုလည်း ကြည့်ကြည့်ရအောင်။

Radio-controlled model တွေနဲ့ ကစားနေတဲ့ စစ်ဘုရင်များ။

ကိုရိုနာကြောင့် ဆုံးပါးသွားတဲ့ ဟာသဘုရင် ခိမုရခန်းစံ။

ဒီမှာတော့ မူလပုံစံကို မြင်နိုင်တယ်လို့ထင်ရပေမယ့် ဒါကို ပြုပြင်မွမ်းမံရတာလည်း အတော်လည်းခက်ခဲမှာပါပဲ။

အောက်ပုံကို မြင်လိုက်တော့ DA PUMP ရဲ့ USA ဆိုတဲ့သီချင်းကို တွေးမိကြတယ်မဟုတ်လား။

https://www.tamiya.com/japan/scale/

တင်းနစ်ကစားသမား အိုဆာကာနအိုမိ။

အောက်ကပုံကတော့ သာမန်စစ်သားရုပ်လေးဖြစ်ပါတယ်။

တီဗီကြော်ငြာမှာ အရမ်းချစ်စရာကောင်းပြီး လူကြိုက်များလာတဲ့ ယိုရှိအိုခ ရိဟို

အမြင့် ၅ စင်တီမီတာလောက်ပဲရှိတဲ့အတွက် ပိုချစ်စရာကောင်းနေတာလားနော်။
မျက်လုံးအကျယ်တောင် ၁ မီလီမီတာလောက်ပဲရှိတဲ့အရုပ်မှာ ဒီလိုစာတွေရေးထားတာက အံ့သြဖွယ်ရာပါ။
ပြုပြင်မွမ်းမံတာက အရမ်းမိုက်ပေမယ့် ဆေးကို ဒီလိုအသေးစိတ်ခြယ်ရာမှာလည်း ပိုအံ့သြဖွယ်ရာကောင်းနေပြန်ပါတယ်။

ပြီးတော့ ဒီစိတ်ကူးလေးက မိုက်လိုက်တာ။

အရုပ်မဟုတ်ဘူးလို့ ထင်သွားတယ်မလား။
သေချာကြည့်လိုက်ပါ?
ဒါက လူနှစ်ယောက်က ခန္ဓာကိုယ်မှာ ဆေးခြယ်ပြီး ပုံဖော်ထားတဲ့အရာဖြစ်ပါတယ်။
သေချာကြည့်လိုက်ရင် လူနှစ်ယောက်ထပ်နေတာကို တွေ့နိုင်ပါတယ်။

အရုပ်ပြုပြင်မွမ်းမံမှုပြိုင်ပွဲဆိုတာကတော့ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြံဉာဏ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
ပိုက်ဆံသိပ်မကုန်ဘဲ လူအားနဲ့ ဖန်တီးနိုင်တဲ့ ဒီအရုပ်ပြုပြင်မွမ်းမံမှုကို စာဖတ်သူတို့ရော လုပ်ကြည့်မလား။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: