One piece နှင့်လက်တွဲခဲ့တဲ့ သတို့သမီးဝတ်စုံများ

သင်ရဲ့မင်္ဂလာပွဲကိုဘယ်လိုမျိုးစိတ်ကူးယဥ်ပုံဖော်ထားပါသလဲ?
ဓလေ့ရိုးရာအစဥ်အလာအဝတ်အစားလည်းသေချာပေါက်သင့်တော်ပေမဲ့ wedding dress ဆိုတာမျိုးတော့ ၁ ခါလောက်ဝတ်ချင်ကြတာပဲနော်..
One piece လို့ပြောလိုက်ရင် အဖြူရောင်လို့သတ်မှတ်ထားပေမဲ့ ဒါဟာခေတ်ကုန်သွားပြီလား?

animation နဲ့ပူးပေါင်းလက်တွဲခဲ့တဲ့ wedding dress တွေဟာ လက်ရှိနာမည်ကြီးအကြောင်းအရာတွေ ဖြစ်လို့နေပါတယ်။
စာဖတ်သူတို့သိကြတဲ့အတိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့နာမည်ကြီးအောင်မြင်တဲ့ One piece ရဲ့ ဇာတ်ကောင်ကိုအဓိကထားတဲ့ wedding dress တွေပေါ်လာပြီဖြစ်ပါတယ်.
အကယ်၍သင်ဟာ One piece ချစ်သူဆိုရင်တော့ တစ်သက်မှာတစ်ကြိမ်မျှသာကျင်းပရတဲ့အမှတ်တရနေ့လေးမှာ ဒီလိုဂါဝန်ကို ရွေးချယ်ကြည့်မယ်ဆိုရင်ရော?

အရင်ဆုံး Nami


https://www.fashion-press.net/news/67639

 

Nami လို့ပြောလိုက်ရင် လိမ္မော်သီးအခန်းကနာမည်ကြီးတာကို One piece ချစ်သူတွေဆိုရင်တော့ သေချာပေါက်သိကြမှာပါ။
ဒါကို ပြန်ပြီးပုံဖော်ထားတဲ့အရောင်
ရင်ဘက်မှာချစ်စရာကောင်းစွာပွင့်နေတဲ့ လိမ္မော်ပင်ရဲ့ ပန်းလေးတွေအတိုင်းပြုလုပ်ထားပါတယ်။
အဆုပ်လိုက်လေးပွင့်နေတဲ့ပုံစံမျိုးလေးပါ။

 

နောက်တစ်မျိုးကတော့ Alabaster ရဲ့မင်းသမီး Bibi
အခန်းအနည်းငယ်လောက်သာပါလိုက်ရပေမဲ့ စွဲမက်စရာကောင်းတဲ့episode ဖြစ်တာကြောင့် Bibi ကိုချစ်တဲ့လူတွေတော်တော်များများရှိမယ်လို့ထင်ပါတယ်။

အပြာရောင်လှပတဲ့ဆံကေသာရှိတဲ့ Bibi နဲ့လိုက်ပြီး ဝတ်စုံကလည်းအပြာရောင်ပါပဲ။
Alabaster ရဲ့ကြည်လင်နေတဲ့ကောင်းကင်အရောင်ကို ပုံဖော်ထားတာပဲမဟုတ်လား?
ရွှေနဲ့ပန်းထိုးအလှဆင်ထားတဲ့အပိုင်းလည်းပါဝင်ပြီး၊ ဒီအပြင် သတို့သမီးရဲ့ veil မှာလည်း SWAROVSKI ကျော်တွေကိုထည့်သွင်းထားကာ၊ မင်းသမီးတစ်ယောက်ကဲ့သို့ကြော့ရှင်းမှုကိုဖော်ပြပေးပါတယ်။

၃ ယောက်မြောက်ကတော့ Perona
ဒီမိန်းကလေးဟာလည်း ပါဝင်ရတဲ့အခန်းနည်းပေမဲ့၊ အတော်လေး စွဲမက်စရာကောင်းတဲ့မိန်းကလေးဖြစ်ခဲ့ပါတယ်။


Ghost Princess, Perona
zombie ဝန်းရံနေတဲ့အထဲ အထူးသဖြင့်ထူးခြားပြီးချစ်စရာကောင်းတဲ့ဝတ်စုံနဲ့ ထင်ပေါ်နေတဲ့မင်းသမီးလေးဖြစ်သလို ဒီလိုPerona နဲ့လုံးဝလိုက်ဖက်နေတဲ့ ထူးခြားတဲ့အရောင်ပဲဖြစ်ပါတယ်။
အမည်း၊ ခရမ်း၊ ပန်းရောင်တို့ရဲ့ဆင်းလာတဲ့ပွင့်ဖက်လေးတွေက၊ ဒီမိန်းကလေးပါဝင်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ဥယျာဥ်ရဲ့ ပတ်ဝန်းကျင်ကိုပိုပြီး အသက်ဝင်စေပါတယ်။
wedding dress တွေထဲမှာတော့ ဒီလိုအရောင်သုံးတာ သိပ်ပြီးမတွေ့မိဘူးနော်..

 

နောက်ဆုံးကတော့ Robin
အမျိုးမျိုးသောနာကျင်ရတဲ့အတိတ်ရှိခဲ့ပြီး, ဖြတ်လက်သွက်လက်တဲ့ Nami နဲ့ဆန့်ကျင်ဘက်ဆွဲထားတဲ့ ရင့်ကျက်သောအမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ထားပါတယ်။

တည်ငြိမ်ပြီး ထက်မြက်တဲ့ Robin နဲ့လိုက်ဖက်ဖို့ မီးခိုးရောင်ကို အသုံးပြုထားပါတယ်။
လက်အရှည်ဖြစ်နေတာကလည်း အခြားဝတ်စုံတို့နဲ့ကြီးမားတဲ့မတူညီချက်ဖြစ်ပြီး, ဒီလက်ရှည်ကိုမဝတ်ဘဲဖြုတ်ထားမယ်ဆိုလည်း ရပါတယ်။
မီးခိုးရောင်ဖြစ်ပေမဲ့ ပန်းထိုးထားခြင်းနဲ့ ပုတီးလုံးလေးတွေကိုခါးမှာအလှဆင်ထားခြင်းဖြင့် ထည်ဝါတဲ့လှပမှုကို ရေးရေးလေးဖော်ပြထားပါတယ်။
ရင့်ကျက်မှုကိုခံစားရပါတယ်။

လက်ထပ်ဖို့စိတ်ကူးထားသူများ၊ တစ်သက်လုံးပါသွားမယ့်အမှတ်တရလေးကို မိမိကြိုက်နှစ်သက်တဲ့အရောင်နဲ့အတူ ဆင်နွှဲလိုက်ရမယ်ဆိုရင်ဖြင့် စိတ်ဝင်စားဖို့ကောင်းမှာပဲနော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: