အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်ဆင်သည့်ငှက် လူမှုကွန်ယက်စာမျက်နှာတွင်နာမည်ကြီးနေ

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့်ကတော့ လက်ရှိမှာရွေးကောက်ပွဲအတွက် အကြိတ်အနယ်ယှဥ်ပြိုင်နေပါတယ်။

ဒါနဲ့ သမ္မတထရန့်နဲ့အရမ်းဆင်တဲ့ငှက်လေးတစ်ကောင်ကို Shizuoka စီရင်စုမှာစောင့်ရှောက်ထားတယ်တဲ့။
လုံးဝချွတ်စွတ်တူတဲ့ဆံပင်အရောင်အပြင် ဆံပင်စတိုင်ကလည်းတကယ်ကိုတူနေပါတယ်။

 

https://www.fnn.jp/articles/-/104352

သူဟာအိမ်မွေးတိရစ္ဆာန် Golden pheasant ငှက်မျိုးဖြစ်ပြီး Shizuoka စီရင်စု Hamamatsu မြို့လမ်းပေါ်ကနေ ရဲအရာရှိများကခေတ္တစောင့်ရှောက်ထားပေးကာ ပိုင်ရှင်ပေါ်လာဖို့လည်းစောင့်နေတယ်လို့ပြောပါတယ်။
Golden pheasant ဟာ တရုတ်နိုင်ငံရဲ့အနောက်တောင်ဘက်အခြမ်းမှာနေထိုင်ကြတဲ့ pheasant မျိုးနွယ်ဝင်ငှက်ဖြစ်ပြီး၊ ဂျပန်မှာတော့မွေးချင်ရင် pet stores တွေမှာဝယ်နိုင်ပါတယ်။နောက်ပြီးသူကိုမွေးတဲ့အခါ အကြောင်းကြားအသိပေးတာမျိုးတွေလည်းမလိုဘူးလို့ သိရပါတယ်။

လက်ရှိ ဒီငှက်လေးကတော့ သမ္မတဒေါ်နယ်ထရန့်နဲ့ တော်တော်လေးဆင်နေတာကြောင့် လူမှုကွန်ယက်မှာနာမည်ကြီးနေပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: