ဆာမူရိုင်းတွေရဲ့သံခမောက်လုံးပေါ်က ကံကောင်းခြင်းအင်းဆက်ပိုးမွှားများ ?

ဆာမူရိုင်းတို့အထဲမှာလည်း ထိပ်သီးခေါင်းဆောင်တွေ၊ အထူးသဖြင့်စစ်ပွဲတွေအများဆုံးရှိခဲ့တဲ့ခေတ် 戦国武将(せんごくぶしょう)Sengoku Busho မှာ သူတို့တွေဝတ်ဆင်ထားတဲ့ သံချပ်ကာအင်္ကျီတွေက အရမ်းကိုတောက်ပပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။
သူတို့တွေကိုကြည့်ရအောင်…

 

武田信玄(たけだ しんげん) Shingen Takeda

https://www.touken-world.jp/tips/10803/

အနီရောင်ကိုအခြေခံထားတဲ့ နတ်ဆိုးမျက်နှာ။ လင်းလဲ့တောက်ပနေတဲ့ရွှေရောင်အနားကွက်နဲ့ အဖြူရောင်ဆံပင်တို့ဟာ အဖြူရောင်ဝက်ဝံကိုပုံဖော်နေသလိုပဲနော်…
တစ်ချိန်က ဂျပန်ရဲ့အင်အားအကောင်းဆုံးစစ်တပ်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ Takeda စစ်တပ်ဟာ၊ လက်အောက်ငယ်သားများလည်း တောက်ပတဲ့အနီရောင်စစ်လက်နက်များကိုကိုင်တွယ်ခဲ့ကြပါတယ်။

အနီရောင်ဗျူဟာလို့တောင်ခေါ်ကြပြီး၊ စစ်မျက်နှာပြင်မှာ ထင်ပေါ်လွန်းအားကြီးတဲ့အတွက် ပုံမှန်အချိန်ဆိုရင်တော့ အသုံးမပြုကြပါဘူး။ ဒါပေမဲ့ အင်အားကြီးမားမှုကိုဂုဏ်ဆောင်တဲ့ Takeda စစ်တပ်ကအသုံးပြုလိုက်ပြီဆိုရင်တော့၊ ဆန့်ကျင်ဘက်ရလဒ်တွေထွက်ပေါ်လာပါတယ်။

အနီရောင်တစ်ခုရှိခဲ့တယ်၊ အဲဒါဟာအင်အားအကောင်းဆုံး Takeda စစ်တပ်ပဲ !!!

ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး အခြားသောစစ်တပ်များကျရှုံးစေတယ်
ဆက်တိုက်အောင်မြင်တာကြောင့်လည်း အဓိပ္ပါယ်ရှိပါတယ်။

 

豊臣秀吉(とよとみ ひでよし) Hideyoshi Toyotomi

https://www.koitoku.com/SHOP/yu-5y10-toyoA-single.html

လယ်သမားဘဝကနေ ဂျပန်ရဲ့အင်အားအကြီးဆုံးအဖြစ်တက်လှမ်းလာသူ ပါရမီရှင်..
သူကတော့ ရွှေကိုနှစ်သက်သူပီပီ ရွှေကိုအဓိကသုံးထားတဲ့သူ့ရဲ့သံချပ်ဝတ်စုံဒီဇိုင်းပါပဲ..
တစ်ကမ္ဘာလုံးလိုက်ရှာကြည့်မယ်ဆိုရင်တောင် ဒီလိုရွှေရောင်တစ်ဝင်းဝင်းနဲ့စစ်ထွက်တိုက်မယ့်လူ သူတစ်ဦးတည်းရှိလောက်မှာပါ..

 

織田信長(おだ のぶなが) Nobunaga Oda

https://store.shopping.yahoo.co.jp/versos/000000119931.html

ဂျပန်ကိုစည်းလုံးရန်ကြိုးပမ်းရင်း ရည်မှန်းချက်မတိုင်မီအသတ်ခံခဲ့တဲ့ပုဂ္ဂိုလ်..
ဒီပုဂ္ဂိုလ်ကတော့ အနောက်တိုင်းယဥ်ကျေးမှုကိုသဘောကျပြီး၊ အနောက်တိုင်းသူရဲကောင်းများကဲ့သို့ ဝတ်ရုံကိုပါ ဝတ်ဆင်သူဖြစ်ပါတယ်။
ဒီလို့ စစ်ပွဲတွေမကြာခဏတိုက်ရလေ့ရှိတဲ့ Sengoku Busho လက်ထက်မှာ သူရဲကောင်းတို့ရဲ့သံခမောက်တွေမှာ အင်းဆက်ပုံသဏ္ဍန်တွေနဲ့လည်းတန်ဆာဆင်ကြပါသေးတယ်။
အဲ့ဒါကို နိမိတ်ကောင်းခြင်းအင်းဆက်လို့လည်းခေါ်ပါတယ်။.. ဘာတွေလဲဆိုတာ စာဖတ်သူတို့သိကြပါသလား?

အဲ့ဒီ ဒီဇိုင်းကိုအသုံးပြုခဲ့သူကတော့ ဒီပုဂ္ဂိုလ်ပါပဲ…
前田利家(まえだ としいえ)Toshiie Maeda

https://intojapanwaraku.com/culture/12541

သူ့ရဲ့သံခမောက်ကတော့ ဒီမှာပါ..


https://mag.japaaan.com/archives/107363/2

အိုး… ပုစဥ်းပဲနော်..

အောင်မြင်မှုကိုနိမိတ်ဆောင်တဲ့ အင်းဆက်လို့ပြောခဲ့ကြပါတယ်။
ပုစဥ်းဟာရှေ့ပဲဆက်သွားပြီး နောက်ပြန်လည့်ခြင်းမရှိတာကြောင့် အမြဲအရှေ့ကိုဆက်သွားခြင်း=အောင်မြင်မှုကို ဆက်တိုက်ယူခြင်း ဆိုတဲ့အဓိပ္ပါယ်ကို ပုံဆောင်တယ်လို့ပြောပါတယ်။

ပုစဥ်းနဲ့ပတ်သက်ပြီးတော့ နောက်ထပ်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်လည်းရှိပြန်တယ်။
ဂျပန်နိုင်ငံရဲ့ပထမဆုံးဧကရာဇ်ဖြစ်တဲ့ Jimmu ဧကရာဇ်ဟာ အမြင့်ဆုံးတောင်ထိပ်ကနေ ဂျပန်ကျွန်းစုတစ်ခုလုံးကိုကြည့်ရှု့ပြီး “ ဒီတိုင်းပြည်က ပုစဥ်းမိတ်လိုက်နေတဲ့ပုံစံကိုမြင်ရတယ်” လို့ပြောခဲ့ပါတယ်။
တိရစ္ဆာန် ၂ ကောင်ချိတ်ပြီးပျံသန်းတာက မိတ်လိုက်တာပဲဆိုတာသိပေမဲ့၊ ဒီဧကရာဇ်ကြီးပြောလိုက်တဲ့ပုံစံက ဂျပန်ရဲ့ဘယ်နေရာလဲဆိုတာတော့မသိပါဘူး…

ထို့အပြင် Yuryaku Tenno လို့အမည်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးအကြောင်းရေးထားတဲ့ စာအုပ်အဟောင်းမှာလည်းပုစဥ်းရဲ့ လုပ်ဆောင်မှုကိုရေးထားပြန်တယ်။


https://mag.japaaan.com/archives/107363

ထိုအချိန် တောင်မှာအမဲလိုက်နေတဲ့ Yuryaku Tenno ဟာ မြင်းတွေကိုကိုက်တဲ့အင်းဆက်ရဲ့ ဝိုင်းကိုက်ခြင်းကိုခံရပါတယ်.
ဒါပေမဲ့ ချက်ချင်းပဲ ပုစဥ်းရောက်လာပြီး ထိုအင်းဆက်တွေကိုစားပစ်လိုက်ကာ လာရာလမ်းအတိုင်းပြန်သွားတယ်တဲ့.
အဲ့ဒါကိုကြုံတွေ့လိုက်ရတဲ့ Yuryaku Tenno ဟာပုစဥ်းရဲ့လုပ်ဆောင်မှုကိချီးမွမ်းပြီး ဂျပန်ကို 蜻蛉島 Akitsushima လို့တောင်ခေါ်တွင်လိုက်ပါတယ်။

蜻蛉 ဆိုတာ ပုစဥ်းရဲ့ Kanji စကားလုံးဖြစ်ပြီး၊ ဒါကိုကျွန်းနာမည်အဖြစ်ပေးလိုက်ပုံရပါတယ်။
ပုစဥ်းကတော့ သူ့အစာကိုလာစားလိုက်တာပါပဲ.. သူ့ကိုဒီလိုချီးကျူးဂုဏ်ပြုတယ်ဆိုတာ သူကိုယ်တိုင်တောင်သိမယ်မထင်ပါဘူး။
ပုစဥ်းတွေက ဒီလိုကောင်းတဲ့အကြောင်းအရာတွေချည်းပဲရှိတယ်လို့ လက်ခံခဲ့ကြပါတယ်။ ဒါ့အပြင် အခြားသောစစ်သည်တွေအသုံးပြုခဲ့ကြတဲ့ပုံစံလည်းရှိပါတယ်။

ကီမိုနိုရဲ့အဆင်ဒီဇိုင်းအဖြစ်အသုံးပြုခဲ့ကြသလို၊ Toshiie လိုပဲသံခမောက်မှာ ဒီဇိုင်းဆင်ခဲ့ကြတယ်။

ရှေ့ကိုပဲဆက်သွားပြီးနောက်ပြန်လှည့်ခြင်းမရှိတဲ့အင်းဆက် နောက်တစ်မျိုးကတော့ ..


https://sengoku-g.net/blog/2018/01/helmet.html/2

ကင်းခြေများ
ဒါလည်းထူးထူးဆန်းဆန်းပဲနော်..

နောက်ထပ်ထူးဆန်းတဲ့သံခမောက်နဲ့ မိတ်ဆက်ပေးပါအုံးမယ်။
ဒါကတော့ မုန်လာဥကိုကြိုက်လို့များလား?

Fairy tale?

ဒါကတော့ ပြဇာတ်မှာအသုံးပြုတဲ့သံခမောက်မဟုတ်ဘူးနော်…

Ashura ရုပ်တုကိုအနုပညာဆန်ဆန် ပြန်ဖန်တီးထားတဲ့ မျက်နှာသုံးခု

စစ်သည်တော်တွေဟာဘဝအတွက်တိုက်ပွဲဝင်နေရတဲ့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှပျော်စရာကောင်းအောင်လုပ်နေတာမဟုတ်ပါဘူး။ အားလုံးဟာလေးလေးနက်နက်လုပ်ခဲ့ကြတာသေချာပါတယ်။
အလေးအနက်ထားတဲ့အတွက်ကြောင့်လည်း သူ့တို့ရဲ့အသုံးအဆောင်တွေဟာ စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်နိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: