ကွာခြားချက်ကိုပြောနိုင်သလား?… နောက်ဆုံးပေါ် virtual model

တီဗွီဖန်သားပြင်ပေါ်မှာတွေ့ရတဲ့ မင်းသမီး၊ မော်ဒယ်၊ အဆိုတော်တွေ..
သူတို့တွေကနာမည်ကြီးလာကြ၊ ပရိသတ်တွေအများအပြားရလာကြသလို သူတို့မှာပြဿနာတွေရှိလာပါတယ်။ အဲ့ဒါကတော့ ကိုယ်ရေးကိုယ်တာပြဿနာတွေပါ..
တစ်ယောက်ယောက်နဲ့ဟိုတယ်မှာသွားအိပ်တာတို့၊ ယဥ်မတော်တဆမှုတွေဖြစ်ပွားစေတာတို့ စသဖြင့်သတင်းတွေတက်လာပါတယ်။
လူသားဖြစ်တာကြောင့်ပဲ နေ့စဥ်လှုပ်ရှားသွားလာရတာသဘာဝဖြစ်ပေမဲ့၊ ကာမပိုင်ရှိသူနဲ့ဖော်ပြန်မိပြီး သတင်းတွေပြန့်ဂယက်ထတဲ့လူတွေ ပေါ်ထွက်လာပါတယ်။

ဒီပြဿနာတွေပေါ်လာပြီးဆို ရိုက်ကူးလက်စဒရမ်မာ ရပ်ပစ်လိုက်တာတို့၊ CM ကိုအလျင်အမြန်ပြောင်းပြီး နစ်နာမှုလျော်ကြေးအတွက်စကားပြောလာတာတို့ ရင်ဆိုင်ရပါမယ်။
ဒါဆို အရှုပ်အရှင်းတွေမဖြစ်စေမယ့်ရည်ရွယ်ချက်နဲ့ virtual model ကိုတီထွင်လိုက်တာကတော့ ဂျပန်နိုင်ငံပါပဲ။
လက်ရှိနာမည်ကြီးနေတာကတော့ imma စံပဲဖြစ်ပါတယ်။

 

https://oceans.tokyo.jp/lifestyle/2020-0908-3/

 

ဖက်ရှင်မဂ္ဂဇင်းတွေနဲ့မျက်နှာဖုံးမှာဖော်ပြတဲ့ Ferragamo, BURBERRY စတဲ့နာမည်ကြီး brand တွေနဲ့တောင်လက်တွဲရပါတယ်။
နောက်ပြီး Porsche SK-II, IKEA ရဲ့ကြောငြာလည်းရိုက်ရပြီး Instagram မှာ follower တွေ ၂ သိန်း ၅ သောင်းနဲ့အထက်မှာရှိတဲ့ အမျိုးသမီး virtual model ပဲဖြစ်ပါတယ်.

သူမမှာမောင်တစ်ယောက်လည်းရှိတယ်။
မောင်ဖြစ်သူနဲ့က အမြွှာပါ..

 


https://www.fashionsnap.com/article/imma-interview/

မျက်မှောက်ခေတ်လူသားတွေနဲ့လည်း လက်တွဲနေပါတယ်။

အခန်းသန့်ရှင်းရေးလုပ်နေတာက လူလား CG လားဆိုတာတောင် မသဲကွဲပါဘူး။

ဒီလောက်အဆင်မပြေတဲ့နေရာမရှိတာကလည်း သမားရိုးကျ virtual idol နဲ့လုပ်ပုံလုပ်နည်းမတူလိုပါတဲ့..
ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ အစစ်ဖြစ်ပြီး CG ကိုတော့ ဦးခေါင်းထဲမှာထည့်ထားပါတယ်။

ဒါကြောင့်လှုပ်ရှားတဲ့အခါ အဆင်မပြေဖြစ်တာမရှိဘဲ၊ တကယ့်နောက်ခံနဲ့အခြားလူများနဲ့အလွယ်တကူဖျော်‌ဖြေနိုင်တယ်လို့ဆိုပါတယ်။
ဒီနည်းလမ်းကိုအသုံးပြုခြင်းဖြင့်၊ ရိုက်ကူးချိန်ကိုသိသိသာသာတိုစေပြီး virtual model ကိုဗီဒီယိုတွင်ပါ အသုံးချနိုင်လာပါတယ်။

CG, ပထမတော့သူကချောချောမွေ့မွေ့ပြတ်သားတဲ့ပုံရိပ်တစ်ခုဖြစ်ခဲ့ပါတယ်။

1993 ခုနှစ် SEGA ကနေ Virtua Fighter လို့ခေါ်တဲ့ဂိမ်းထွက်လာပြီး ဒီဂိမ်းမှာ Polygon ကိုသုံးထားပြီး 3DCG လောကထဲရောက်လာပါတယ်။ အဲ့ဒီအချိန်ရုပ်ပုံတွေကဒီလိုပါ။

ဒါကတော့ level ၅ ခုမြောက်အထိပြောင်းလဲလာတဲ့အရာပါ။ ၂၀၀၆ ခုနှစ်ကဖြစ်ပါတယ်.

တော်တော်လေးအဆင်ပြေလာတဲ့ပုံရိပ်ဖြစ်ပေမဲ့ လူသားနဲ့တော့မတူသေးပါဘူး
Imma နဲ့မတူ၊ ကစားသမားကလုပ်ဆောင်ရမယ့်အရာနဲ့ အချိန်နဲ့တပြေးညီရွေ့လျားနေရမှာဖြစ်တာကြောင့် သူကပိုပြီးခက်ခဲပါတယ်။

ပိုပြီးလက်တွေ့ကျလာတာနဲ့အမျှ ကျောချမ်းစရာကောင်းလာတဲ့ CG ပါပဲ။
လူမဟုတ်တဲ့အတွက် မခံစားရတဲ့စိတ်ကျေနပ်မှုကို လူတစ်ယောက်ကဲ့သို့တူလာရင်းနဲ့ ထိုစိတ်ကျေနပ်မှု ရုတ်တရက်ပေါ်ပေါက်လာစေပါတယ်။

ဒီ့ထက်သာကျော်လွန်သွားမယ်ဆို လူသားတွေနဲ့တောင်ခွဲခြားမရလောက်တော့ပါဘူး။
ဤဖြစ်စဥ်ကို “ uncanny valley” လို့ခေါ်ပါတယ်.

ဒီ “ uncanny valley” ကိုပထမဆုံးကျော်သွားခဲ့တာကတော့ Saya ပါပဲ…

https://grapee.jp/226073

သူမပေါ်လာတာကတော့ 2015 ခုနှစ်ကပါ..
CG ရဲ့အဆင်မပြေမှုတွေမရှိတော့ပေမဲ့ သူမကိုလှုပ်ရှားစေဖို့ကတော့ ငွေနဲ့အချိန်တော်တော်ကုန်ကျမယ်ဆိုတဲ့ပြဿနာရှိလာခဲ့ပါတယ်။ ဒါပေမဲ့၊ ဒီပြဿနာကိုဖြေရှင်းလိုက်တာကတော့ imma ပါပဲ..
မျက်နှာတစ်ခုတည်းကိုခွဲစိတ်လိုက်မယ်ဆိုတဲ့အကြံက အရမ်းအံ့သြစရာကောင်းခဲ့ပါတယ်။

ဂျပန်လူမျိုးတွေဟာ ဒီနယ်ပယ်နဲ့ပတ်သက်ပြီး အထူးသဖြင့်အခြားမော်ဒယ်များလည်းထွက်ပေါ်လာပါတယ်။
ဒီကတော့ ယောက်ျားလေးမော်ဒယ် Liam Nikuro ပါ

https://hep.eiz.jp/virtual-model/

Aoi Prism

Uca

RIA

Imma ရဲ့မောင်、no

ပြဿနာကြီးကိုကျော်ဖြတ်နိုင်သွားတာလားလို့မှတ်ချက်ပေးခံရပြီး သူတို့အားလုံး “ uncanny valley” ကိုကျော်နိုင်သွားခဲ့ပါတယ်.
ယခုအချိန်မှာ CG လောကအတွက်အိပ်မက်တွေက တိုးပွားလာနေပါတယ်။

သူတို့အားလုံး CG ရုပ်ရှင်နဲ့အတူထွက်လာကြမလားမသိဘူးနော်?
နောက်ပြီး ဒီနေရာမှာ AI နည်းပညာပါဝင်လာပြီး စိတ်ကြိုက်သာရွေ့လျားနိုင်လာမယ်ဆို CG တွေအချင်းချင်းကြား လက်မခံနိုင်သောအပြုအမှုတွေပါဖြစ်ပေါ်နိုင်လာမယ်လို့ထင်ရပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: