ကီမိုနိုအားကစားဖိနပ် စီးကြမယ် !!!!!

ကီမိုနိုဆိုတာ ဂျပန်ရဲ့ ကိုယ်စားပြုတဲ့အရာ နောက်ပြီးမိန်းကလေးအတော်များများက တစ်သက်မှာတစ်ခါလောက်တော့ ဝတ်ကြည်စမ်းချင်ကြတဲ့ အားကျစရာရောင်စုံရိုးရာဝတ်စုံပဲဖြစ်ပါတယ်။…

ဂျပန်မလေးတွေ ကီမိုနိုဝတ်ပြီးဓါတ်ပုံရိုက်ကြတဲ့ Furisode လို့ခေါ်တဲ့ ကီမိုနိုအမျိုးအစားကိုတော့ အသက် ၂၀ ပြည့်တဲ့အထိမ်းအမှတ် 成人式 Seijin-shiki မှာ ယေဘုယျအားဖြင့်ဝတ်ကြပါတယ်။

 

https://livejapan.com/ja/article-a0001028/

 

သို့သော် ကီမိုနိုဟာ ခါးပတ်ရဲ့ပတ်ပုံပတ်နည်းကခက်ခဲပြီး မိမိဘာသာဝတ်နိုင်သူတွေကတော့ အတော်လေးကိုရှားပါတယ်။
ဒီအတွက် ပေါ့ပေါ့ပါးပါးမဝတ်နိုင်ဘဲ တစ်ကူးတစ်ကဝယ်ထားရတဲ့ကီမိုနိုကို ဝယ်လာတဲ့အတိုင်း ဗီရိုထဲမှာပဲသိမ်းထားကြသူတွေ အတော်များများရှိကြပါတယ်။

သို့သော် ဒီလောက်အထိတန်ဖိုးကြီးတဲ့ကီမိုနိုကို အားကစားဖိနပ်မှာ ချုပ်ပေးတဲ့ဝန်ဆောင်မှုပေါ်လာပါပြီ..!!!!

 

 

 

 

https://mag.japaaan.com/archives/125826

ဒါ ရေရေလည်လည် မိုက်တယ်နော် ?
နောက်ပြီး ဖိနပ်ဆိုတာကလည်း ပုံမှန်အမြဲတမ်းစီးဖြစ်တဲ့အရာပါ…

အင်တာနက်ကနေ အော်ဒါလုပ်ရပြီး အချိန်ကတော့ ပျမ်းမျှ ၂ လလောက်ကြာပါတယ်။
ပုံမှန်ဖိနပ်တောင်းဆိုမှုတွေကိုတောင် ငြင်းဆိုပြီး၊ Leather shoe လုပ်သူက သေသေချာချာရွေးချယ်ထားတဲ့ Leather ဖြင့်တစ်ဖက်ချင်းစီကို လက်ဖြင့်သာလုပ်ပါတယ်။
ဒီအချက်နဲ့တင် Luxury ဖိနပ်ဝင်ဖြစ်ပြီး ဒါကိုပဲထပ်ပြီး ကီမိုနိုနဲ့ထပ်ချုပ်လိုက်ပါတယ်။

 

အားကစားဖိနပ်တွေအနေနဲ့ ပုံမှန်အသုံးပြုသော်လည်း မကွာကျသွားဖို့နဲ့ water resistance ရှိဖို့လည်း သေသေချာချာလုပ်ထားပါတယ်။
တန်ဖိုးကတော့ ယန်း ၄၆,၀၀၀ ပါ။
အားကစားဖိနပ်အနေနဲ့ကတော့ တော်တော်လေးဈေးကြီးတဲ့ပစ္စည်း ဖြစ်ပါလိမ့်မယ်။

ကီမိုနိုဈေးကိုပါထည့်တွက်ရင် အတော်လေးထိတ်လန့်စရာ ငွေပမာဏပါ။
ဒါပေမဲ့ ကမ္ဘာမှာ ၁ ခုပဲရှိမှာပါ……
နောက်ပြီးမိမိလိုချင်တဲ့ ကီမိုနိုင်ဒီဇိုင်းအတိုင်းပြုလုပ်ပေးတဲ့ service လည်းဖြစ်တာကြောင့် ပိုပြီးသဘောကျစေပါတယ်..

ဗီရိုထဲမှာပဲ ကီမိုနိုကြီးကိုသိမ်းထားတာထက်စာရင်တော့ ဒီလိုဒီဇိုင်းအဆန်းလေးလုပ်လိုက်တာက ကီမိုနိုကိုအပြည့်အဝအသုံးချနိုင်လိုက်တာပဲနော်……

ကျွန်တော်ကတော့ အံ့သြစရာကောင်းတဲ့ service ပဲလို့မြင်မိတယ်..
စာဖတ်သူတို့ရော ?

https://andsteady.com

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: