ဂျပန်လို Furin (風鈴) လို့ခေါ်တဲ့ ဆည်းလည်းလေးတွေရဲ့ ကနဦးအစက ?

ဒီဆည်းလည်းလေးတွေကိုတော့ ဂျပန်လို Furin (風鈴) လို့ခေါ်ပါတယ်တဲ့။
ဂျပန်လို “ Fu” ဆိုတာကတော့ “လေ” ဖြစ်ပြီး“ rin” ဆိုတာကတော့ ခေါင်းလောင်း ဖြစ်ပါတယ်။ Furin တွေကိုတော့ အထူးသဖြင့် လှပပြီး ဂျပန်ရဲ့ နွေကာလမှာ အများအားဖြင့်တွေ့မြင်နိုင်ပါတယ်။

 

 

https://lh3.googleusercontent.com/proxy/yfm81mQ4bcbITdwlc-uu7lWbxcxVroj8dImaS8iwfuFFq7anpchRCp9b9-W7rQRLvZPsvm3mzyyR-6gWR6B2b_8OhdAkufiaLxss9f388k0IJX_KofDv

 

သူဆို့ရဲ့ လေတိုက်နှုန်းကိုကြည့်ပြီး မူလက တရုတ်နိုင်ငံရဲ့ ကံကြမ္မာကိုပြောပြနိုင်သောကိရိယာတစ်ခုဖြစ်ခဲ့ပါတယ်။ တရုတ်တို့က ၀ါးတောထဲမှာ ဆည်းလည်းတွေကိုချိတ်ထားပြီး လေရဲ့ ဦးတည်ချက်နှင့် အသံပေါ် အခြေခံ၍ ဟောကိန်းထုတ်ခဲ့ပါတယ်။

အဲဒီဆည်းလည်းတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်မှုမှတဆင့် ဂျပန်သို့ရောက်ရှိလာခဲ့ပြီးနောက် ဆည်းလည်းသံတွေကို မကောင်းသောနတ်ဆိုးများကိုနှင်ထုတ်ရန်ဆိုပြီး အသုံးပြုခဲ့ကြပါတယ်။
သို့သော် ဂျပန်လူမျိုးတွေက လေလှိုင်းကြားမှာနေတဲ့လူတွေအတွက် ဘာမှကံမကောင်းစရာအကြောင်းမရှိဘူးလို့ယုံကြည်ခဲ့ပါတယ်။

၁၂ ရာစု မှ ၁၇ ရာစုအတွင်း ဂျပန်ရှိ မြို့များနှင့် ကျေးရွာတွေမှာ ကပ်ရောဂါကပ်ဘေးများကိုခံစားခဲ့ရပါတယ်။ ထိုအချိန်က အထက်တန်းလူတန်းစားများနှင့် ဆာမူရိုင်းမိသားစုများသာ ကပ်ရောဂါကပ်ဘေးမှ အကာအကွယ်ရရန်သူတို့ရဲ့ နေအိမ်အမိုးအောက်တွင် Furin များကိုချိတ်ဆွဲနိုင်ခဲ့ကြပါတယ်။

ဘာလို့လည်းဆိုတော့ ဖော့စဖောရက်ကြေးဖြင့်ပြုလုပ်ထားပြီး အလွန်စျေးကြီးသောကြောင့်ဖြစ်ပါတယ်။၁၈ ရာစုမှာတော့ Nagasaki တွင်ဒတ်ခ်ျဖန်ထုတ်လုပ်သည့်နည်းစနစ်များကိုမိတ်ဆက်ခဲ့ပါတယ်။
ဂျပန်ဆိပ်ကမ်းများအတွင်း ကုန်သွယ်ရေးအတွက်တံခါးဖွင့်ထားသည့်ပင်လယ်ဆိပ်ကမ်းလေးခုသာရှိခဲ့ပြီး ဂျပန်လူမျိုးများအတွက် ဖန်ခွက်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပါတယ်။

ထို့နောက် ဖန်ထည်များကို ပိုမိုချမ်းသာကြွယ်ဝသော အိုဆာကာ၊ ကျိုတိုနှင့်အဲဒို (တိုကျို) ဒေသများသို့တင်ပို့ခဲ့ပါတယ်။
ဖန်ခွက်ရဲ့အလှအပဟာ လူတွေကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့ကြပြီး သူတို့ကိုယ်တိုင် ဖန်ထည်ပြုလုပ်ခြင်းကိုလည်း သင်ယူစေဖို့လှုံ့ဆော်ပေးခဲ့ပါတယ်။

၁၉ ရာစုမှာတော့ တစ်စုံတစ်ယောက်က ဖန်ထည်ပြုလုပ်မှုများအတွက် အကြံအစည်အသစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒါကတော့ Furin ဆိုတဲ့ ဖန်ထည်ဆည်းလည်းလေးပေါ့။ သူ့ရဲ့ ထူးခြားချက်တစ်ခုကတော့ အရောင်များကိုကာကွယ်နိုင်ရန် ဖန်ထည်ရဲ့ အတွင်းပိုင်းမှာ ပန်းချီဆွဲထားခြင်းဖြစ်ပါတယ်။

 

https://i.pinimg.com/originals/59/b1/87/59b1876126d07f46e69e9dee78d0bb6b.jpg

 

ဂျပန်လူမျိုးများအတွက်တော့ Furin ရဲ့ အသံဟာ အလွန်လန်းဆန်းစေပြီး စိတ်အေးချမ်းစေတယ်လို့လည်း ပြောစမှတ်ပြုကြပါတယ်။

ပူပြင်းတဲ့ ဂျပန်နွေရာသီမှာ တစ်ခါတစ်ရံ မခံနိုင်လောက်အောင်ပူတဲ့ဒဏ်ကိုခံစားရတဲ့အချိန် အချို့သော အသံမြည်သံများက ဦးနှောက်သို့ “ အေးမြတယ်” ဆိုပြီးအချက်ပြနိုင်တဲ့ အထိ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့အပူချိန်ကို ချက်ချင်းလျော့ကျစေတယ်လို့တောင် ထင်ရစေပါတယ်တဲ့။

 

https://i.pinimg.com/originals/6c/22/82/6c228245473a082a58d3757e67181400.png

 

Furin ကိုတော့ ခရစ်စမတ်အဆင်တန်ဆာများလိုမျိုး လှပတဲ့အတွက် အနောက်နိုင်ငံများတွင်လည်း အလွန်လူကြိုက်များပါတယ်။
ဒီဇိုင်းတွေက ရာသီဥတုနှင့်ကိုက်ညီရုံသာမက ချိုမြိန်လှပတဲ့အသံကလည်း ကြားရရုံနဲ့တင် အတော်လေးစိတ်ကြည်နူးစရာကောင်းပါတယ်။

လွမ်းဆွေးဖွယ်ရာကောင်းသလို၊ လူ့ရဲ့စိတ်ကိုလည်း အေးဆေးငြိမ်သက်စေပါတဲ့ Furin လေးကို နှစ်သက်တဲ့သူတွေအများကြီးရှိမယ်ထင်တယ်‌နော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: