ဂျပန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးသုံး ပစ္စည်းတွေကဘာလဲ ?

စာဖတ်သူတို့အားလုံးသိကြသလို ဂျပန်ရဲ့ဗိုင်းရပ်စ်ကူးစက်မှုက လက်ရှိအချိန်ထိပြင်းထန်သော်လည်း လူသေမှုနှုန်းကတော့ အနောက်နိုင်ငံများနှင့်ယှဥ်ရင် အတော်လေးနည်းတာကိုလည်း မြင်ရပါတယ်။
ဒါဘာ့ကြောင့်လဲ? လို့ဆိုရင် ကလေးဘဝကထိုးခဲ့ရတဲ့ ကာကွယ်ဆေးကြောင့်လို့ ပြောနေကြပေမဲ့၊ အရင်ကတည်းက Mask တပ်တဲ့အလေ့အကျင့်၊ လက်ဆေးတဲ့အလေ့အကျင့် ကရှိခဲ့တာကြောင့် ဒါကလည်းကြီးမားတဲ့အကြောင်းပြချက်တစ်ရပ်လို့ ပြောနေကြပါတယ်။

အရင်ကဆို “ ဂျပန်လူမျိုးတွေကို ကြည့်လိုက်တိုင်း Mask တပ်ကြတယ်၊ တစ်မျိုးပဲ” လို့ပြောနေရာကနေ လက်ရှိမှာတော့ ဒီအလေ့အကျင့်က တစ်ကမ္ဘာလုံးအတွက်ဖြစ်နေပါပြီ။..

နောက်ပြီး ဂျပန်လူမျိုးတွေက toilet ရဲ့ သန့်ရှင်းမှုမှာ serious ဖြစ်ကြတာကလည်း ၁ ခုအပါအဝင်လို့ ဆိုရပါမယ်။
အဲ့ဒီလိုဂျပန်မှာ ကိုရိုနာအတွက် ကာကွယ်မှုပစ္စည်းအမျိုးမျိုးပေါ်လာပါတယ်။
ထုတ်လုပ်မှုအသစ်လို့လည်း ပြောနိုင်ပါတယ်….

ဒီနေ့တော့ Mask နဲ့ Sterilized water ကိုမိတ်ဆက်ပေးမယ်..

Mask ကိုအရင်စပြောရရင်
ဘယ်သူမဆို Mask အဖြူတွေကိုစသုံးခဲ့ပေမဲ့ ကိုယ်ပိုင်အမှတ်အသားမရှိဘူးဆိုတာကနေ အမျိုးမျိုးသော Mask တွေပေါ်လာခဲ့ပါတယ်။

 

ကီမိုနို ဒီဇိုင်းနဲ့ Mask ဆိုရင် ဂျပန်ဆန်ပြီးလှလည်းလှပါတယ်။

 

 

 

 

 

နိုင်ငံခြားသားမိတ်ဆွေတွေအတွက်လည်း ဂျပန်ဆန်တဲ့ item လက်ဆောင်ပေးလို့လည်း ကောင်းပါတယ်။
အရောင်အသွေးဒီဇိုင်းစုံတဲ့ Mask တွေအများအပြားရှိသလို function တွေကိုပါထည့်ထားပေးတဲ့ Mask တွေရှိလာပါတယ် အဲ့ဒါကတော့

“ အရွယ်တင်နုပျိုစေတဲ့ Mask” ပဲဖြစ်ပါတယ်။

သဘာဝရေဒီယမ်သတ္တုရိုင်းကို Mask ရဲ့အတွင်းဘက်မှာထည့်ထားပေးပါတယ်.
သဘာဝရေဒီယမ်သတ္တုရိုင်းဆိုတာကတော့ သဘာဝကျောက်တွေထဲကတစ်ခုဖြစ်ပြီး၊ ရေဒွန်ထုတ်လွှတ်တဲ့သတ္တုရိုင်း တစ်မျိုးဖြစ်ပါတယ်။
Mitochondria ဆိုတာက ဆဲလ်အတွင်းမှာရှိတဲ့ သေးငယ်တဲ့အစိတ်အပိုင်းဖြစ်ပြီး ဆဲလ်တွေလှုပ်ရှားဖို့ energy ကိုထုတ်ပေးပါတယ်။
ဒီလိုလှုပ်ရှားခြင်းဖြင့် antioxidant enzymes တွေကိုတိုးစေပါတယ်။
ဒီ antioxidant enzymes ကပုံမှန်အားဖြင့် ထုတ်လုပ်နေသော်လည်း အသက် ၄၀ ရောက်လာတဲ့အခါမှာတော့ ထုတ်လှုပ်မှုစွမ်းအင်တွေ လျော့ကျလာပါတယ်။
ဒါကို အိုမင်းလာခြင်းလို့ခေါ်ပါတယ်။

အစက်အပြောက်၊ အရေးအကြောင်းများနှင့်အရေပြားစိုစွတ်ခြင်းကဲ့သို့သောအိုမင်းခြင်းဖြစ်စဉ်များကိုထိရောက်စွာကာကွယ်ပေးနိုင်ပြီး၊ antioxidant enzymes တွေက ခုခံအားကိုမြင့်တင်ပေးတာကြောင့် ဒီ Mask က virus ကိုတားဆီးပေးရုံသာမက ခုခံအားကြောင့် virus ကာကွယ်မှုအတွက်လည်း တစ်ချိန်တည်းမှာ သက်ရောက်မှုရှိစေပါတယ်။

အိုမင်းလာတာနဲ့အမျှ ပါးစပ်နားတစ်ဝိုက် အရေးကြောင်းတွေဖြစ်လာတတ်ပါတယ်။
ဒီ Mask ကိုတပ်ရုံနဲ့ Mask အတွင်းဘက်မှာ ရေပူစမ်းလိုမျိုးခံစားရမှာဖြစ်မှာပါ….

နောက်ပြီး radon ရဲ့သက်ရောက်မှုကြောင့် negative ions တွေထွက်ပေါ်ပြီး ကိုယ်စိတ် ၂ ပါးလုံးကို သက်သောင့်သက်သာရှိစေပါတယ်။
ပုံမှန်အလေ့အကျင့် တစ်ခုအနေနဲ့ စွဲပြီးအသုံးပြုခြင်းဖြင့် အရွယ်တင်နုပျိုစေတဲ့ အသားအရေကိုရရှိပိုင်ဆိုင်စေမှာပါ….

၁ ခုကို ဂျပန်ယန်း 5000円 ကျသင့်မှာပါ။ အနည်းငယ်ဈေးကြီးတယ်လို့ထင်ရပေမဲ့ သူရဲ့ function ကြောင့်လည်း သုံးရတာ တန်ပါတယ်။

……………………………

နောက်တစ်ခုမိတ်ဆက်ပေးချင်တာကတော့ Sterilized water ပါ !!!

ဂျပန်မှာတော့ alcohol လက်သန့်ဆေးရည်နဲ့ hypochlorous ဆေးရည် ဆိုတဲ့ ၂ မျိုးအသုံးပြုကြပါတယ်။
ဒါပေမဲ့ပြဿနာ ရှိလာပါတယ်..
ကိုရိုနာကာကွယ်ရေးအတွက် hypochlorous acid water ကသိပ်ပြီးထိရောက်မှုမရှိသလို၊ ခန္ဓာကိုယ်အတွက် ဉပဒ်ဖြစ်စေတယ်လို့ ပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကိုလည်းမသေစေနိုင်တာက ပြဿနာကြီးတစ်ခုပေါ့…..

alcohol လက်သန့်ဆေးရည် ကိုတော့ အရင်ကတည်းကအသုံးပြုလာကြပေမဲ့၊ လက်ရှိမှာတော့ ပြဿနာရှိလာပါပြီ။
alcohol ဖြစ်တာကြောင့် မီးအန္တရာယ်ရှိတာပါ
ဘုန်းကြီးတစ်ပါး alcohol လက်သန့်ဆေးရည်ကြောင့် လက်မီးစွဲသွားရတဲ့ အတွက် သူဟာလည်းအန္တရာယ်ရှိပစ္စည်းတစ်ခုလို့ ဆိုရပါမယ်။

အကြိမ်ပေါင်းများစွာအသုံးပြုမယ်ဆိုရင်တော့ alcohol ဟာလက်မှာရှိတဲ့အဆီတွေကိုပါပျက်ဆီးစေပြီး အသားအရည်ခြောက်သွားတာမျိုးဖြစ်စေပါတယ်…

 

ဒီလိုအခြေအနေထဲက ယခုရက်ပိုင်းလူပြောများနေတာကတော့ ကိုယ်တိုင်လုပ်ပိုးသတ်ဆေးရည်ပဲဖြစ်ပါတယ်။.
ဒါကိုလည်း ၂ မျိုးခွဲခြားထားပါတယ်။

အဲ့ဒီ ၂ မျိုးထဲက အခုပြောပြမယ့် ပိုးသတ်ဆေးရည်က ၁၀၀ ရာခိုင်နှုန်း ရေကနေပဲထုတ်လုပ်ထားတာပါ။
electrolyzed water လို့ခေါ်ပြီး၊ PH12.5၏အပြင်းစား alkali ကိုလျှပ်စစ်သဘောမျိုးလှုပ်ဆော်မှုပေးတဲ့ ပုံစံပဲဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးလာရောက်တွယ်ကပ်ချိန် ဒီအပြင်းစား alkali နဲ့ ဗိုင်းရပ်စ်ရဲ့ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ပုံကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ တစ်လစတည်း PH7 သို့ပြန်ရောက်သွားရင်း ရိုးရိုးရေပြန်ဖြစ်သွားခြင်းပါ..
လက်ရဲ့အဆီဓါတ်ကို ထိခိုက်ခြင်းလုံးဝမရှိပါဘူး…

ဒါကြောင့် လူ့ခန္ဓာကိုယ်အတွက် စိတ်ချနိုင်တဲ့ လက်သန့်ဆေးရည်ပဲဖြစ်ပါတယ်။
ပိုးသတ်ဆေးရည်ဖြစ်တာကြောင့် မျက်လုံးနဲ့ ပါးစပ်ထဲ ဝင်သွားလို့တော့မဖြစ်ပေမဲ့၊ အကယ်၍ဝင်သွားခဲ့မယ်ဆိုရင်တောင် ကိစ္စမရှိပါဘူးတဲ့ !!!

ကလေးတွေရှိတဲ့အိမ်တွေအနေနဲ့လည်း အသုံးပြုဖို့ အထူးသင့်တော်ပါတယ်။

 

 

ကလေးကစားစရာအရုပ်၊ ပန်းကန်ခွက်ယောက် တွေမှာလည်း ပိုးသတ်တဲ့အနေနဲ့ အသုံးပြုနိုင်တဲ့ ပစ္စည်းလည်းဖြစ်ပါတယ်။
Alcohol sanitized water နဲ့ယှဥ်ရင်တော့ ဈေးကြီးသော်လည်း ကျန်းမာရေးအတွက် လုံးဝစိတ်ချစွာအသုံးပြုနိုင်တာကြောင့် နောက်ပိုင်းယုံကြည်စွာနဲ့အသုံးပြုလာတော့မယ့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ် !!!!

ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြေအနေ တည်ငြိမ်သွားဖို့က အချိန်တော်တော်ယူရပါအုံးမယ်..!!!
ဒါကြောင့် မိမိဘက်ကကာကွယ်ရေးသုံးပစ္စည်းတွေကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်…!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: