လက်လုပ်မီးပန်း Made in Japan !!!!!

ဂျပန်နွေရာသီရဲ့ ညမှာလုပ်လေ့ရှိတဲ့ဓလေ့ကိုပြောပါဆိုရင် မီးရှူးမီးပန်းတွေပါပဲ။
ကျယ်ပြောလှတဲ့ ညရဲ့ကောင်းကင်ယံထက်ကို ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေကလည်း အံ့မခန်းတဲ့လက်ရာများဖြစ်သလို၊ သူငယ်ချင်းနဲ့မိသားစုတွေနဲ့အတူ ပေါ့ပေါ့ပါးပါးဆော့ကစားနိုင်တဲ့ မီးပန်းတွေကလည်း နွေရာသီရဲ့ ပျော်ရွှင်ရမှုတစ်ခုပါပဲ…..

 


https://shirokuma-club.amebaownd.com/posts/4797042/

မိသားစုသုံးမီးပန်းတွေဟာလည်း အမျိုးအစားများစွာရှိသည့်အထဲ၊ မဖြစ်မနေနောက်ဆုံးလုပ်ကြတာက‌တော့ ဒီမှာရှိတဲ့ 線香花火(せんこうはなび)လို့ခေါ်တဲ့ အရာပဲဖြစ်ပါတယ်။

 

https://item.rakuten.co.jp/yushoudo/10000012/?gclid=CjwKCAjwmrn5BRB2EiwAZgL9os1iw4cjDkwVt2L96P_uRZgxVu5tfvHyQAJW2sui-h0Tj9MB_Oeu0BoCLmcQAvD_BwE&scid=af_pc_etc&sc2id=af_113_0_10001868&gclid=CjwKCAjwmrn5BRB2EiwAZgL9os1iw4cjDkwVt2L96P_uRZgxVu5tfvHyQAJW2sui-h0Tj9MB_Oeu0BoCLmcQAvD_BwE

ဝါးယက်စကောရဲ့ ညာဘက်အခြမ်းမှာ ယမ်းမှုန့်တွေကပ်ထားတာကတော့ အဓိကအနောက်ဂျပန်ဘက်က လုပ်တဲ့ပုံစံမျိုးဖြစ်ပြီး၊ ဘယ်ခြမ်းရဲ့ ရောင်စုံစာရွက်ကို လိမ်ပြီးလုပ်ထားတာကတော့ အရှေ့ဂျပန်တို့ရဲ့ ပုံစံပဲဖြစ်ပါတယ်။
လက်ရှိကတော့ အရှေ့ဂျပန်ရဲ့စတိုင်က ဂျပန်တစ်နိုင်ငံလုံး အသုံးများလာတဲ့ပုံစံဖြစ်ပါတယ်။

စာဖတ်သူတို့သိထားတဲ့အတိုင်း ယမ်းပမာဏနည်းတာကြောင့် မီးတောက်မှုကလည်းနည်းမှာဖြစ်သော်လည်း၊ မီးပန်းတစ်ခုတည်းကနေ မီးစတွေကအမျိုးမျိုးကွဲထွက်လာရင်း လောင်ကျွမ်းသွားတဲ့ပုံကိုကြည့်ရတာ အရမ်းပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးပဲဖြစ်ပါတယ်။

 

https://lineblog.me/pinkgold35/archives/1209320.html

 

လက်မှာကိုင်နိုင်တဲ့ ချည်ကြိုးကိုလိမ်ထားတဲ့ 線香花火(せんこうはなび) မီးပန်းဟာ လေနဲ့အတူ ကိုင်ထားတဲ့လက်ကိုဝှေ့ယမ်းရုံနဲ့ လောင်ကျွမ်းနေတဲ့အပိုင်းက မီးငြိမ်းသွားနိုင်ပါတယ်.
အားလုံးဟာ တစ်ယောက်တစ်ခုစီကိုင်ထားပြီး၊ တစ်ချိန်တည်းမှာပဲမီးညှိကာ ဘယ်သူနောက်ဆုံးအထိ မီးကိုထိန်းသိမ်းနိုင်သလဲ? ဆိုတဲ့ 花火の最後 (နောက်ဆုံးမီးပန်း) ယှဥ်ပြိုင်မှုဟာလည်း ဂျပန်ရဲ့နေရာဒေသအားလုံးမှာရှိပါတယ်။

Made in Japan ဖြစ်တဲ့ ဒီမီးပန်းဟာ တစ်ခါက၊ ဈေးပေါတဲ့ တရုတ်ထုတ်တွေ ဈေးကွက်ထဲဝင်လာတာကြောင့်၊ ဂျပန်ပြည်တွင်း မီးပန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုတည်းသာကျန်ခဲ့ရပါတယ်.
တရုတ်ထုတ်တွေက ၁ ခုကို ၂ ယန်းကနေ ၃ ယန်းဝန်းကျင်လောက်သာရှိပြီး ပြည်တွင်းထုတ်ကတော့ ၁ ခုကို ၆၀ ယန်းအထက်ရှိမှုပေါ် ကွာဟမှုကထိန့်လန့်စရာကောင်းခဲ့ပါတယ်။

သို့သော် ပြည်တွင်းထုတ်မီးပန်း ပြန်လည်နိုးထလာမှုအတွက် ကြိုးပမ်းခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးရှိပြီး၊
တရုတ်ထုတ်နဲ့ ပြည်တွင်းထုတ် မီးပန်းတို့ရဲ့ လှပမှုကွာခြားချက်ကို ချပြလိုက်ကာ ခမ်းနားစွာနဲ့ပြန်လည်နိုးထစေခဲ့ပါတယ်။
အကောင်းစားမီးပန်းနဲ့ ဈေးပေါတဲ့မီးပန်တို့ရဲ့ ကွာခြားမှုကိုကြည့်ရအောင်….
ညာဘက်ခြမ်းကတော့ made in China ဖြစ်ပြီး၊ ဘယ်ခြမ်းကတော့ ဈေးကြီးတဲ့ made in Japan ပဲဖြစ်ပါတယ်။

 

 

လောင်ကျွမ်းနိုင်တဲ့အချိန်လည်း မတူသလို၊ မီးပွင့်တွေရဲ့ပုံစံတွေကိုလည်း ကြည့်လိုက်ပါတယ်။
ဂျပန်ထုတ်မီးပန်းရဲ့ပုံစံက အချိန်ကြာကြာခံနိုင်ပါတယ်။
ဒီပြောင်းလဲမှုတွေနဲ့အတူ ပျော်ရွှင်နိုင်ခြင်းက ပြည်တွင်းထုတ်ကုန်ရဲ့ အရည်အသွေးပဲဖြစ်ပါတယ်။

ဒါဆို နောက်ပြီး ဂျပန်ထုတ်မီးပန်း တွေမှာလည်း ကုန်ပစ္စည်းအမျိုးအစားများစွာရှိတာကိုလည်း သိကြပါသလား?

 

 

တကယ်ကိုလှပတဲ့ ဂျပန်ထုတ် မီးပန်းတွေပဲနော်….
သို့သော် ဈေးနှုန်းရဲ့ကွာဟမှုကလည်း ထိန့်လန့်စရာကောင်းလွန်းတယ်….
ကိုယ်တိုင်အသုံးပြုဖို့ထက်၊ လက်ဆောင်အဖြစ်ပေးကြတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်….
သုံးလိုက်ရမှာ နှမြောစရာလေးပါ…..
နွေရာသီဆန်တဲ့ပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးကြပါတယ်။

ဒီမီးပန်းတွေကို လက်ဆောင်အနေနဲ့ပေးမယ်ဆိုရင် ငွေအများကြီးလည်းမကုန်ကျပါဘူး။ ဒါပေမဲ့ ကိုယ်ကိုတိုင်အတွက်ဆိုရင်တော့ သိပ်ပြီးမဝယ်ကြတဲ့ ဇိမ်ခံပစ္စည်းတစ်မျိုးပါပဲ…..
ဧည့်ခန်း အလှဆင်ပစ္စည်းအဖြစ်နဲ့လည်းထားနိုင်ပါတယ်။
ဒါကြောင့် နွေရာသီအတွက် လက်ဆောင်ဆိုရင် ဒါလေးကိုအကြံပြုပါတယ်…….

 

https://www.realjapanstore.com/fs/rjps/c/brand_fukuoka_tsutsuitokimasa

 

စကားမစပ် ဂျပန်ရဲ့ မီးပန်းတွေကို လက်ဖြင့်သာလုပ်ကြတဲ့ နေရာတွေကပိုပြီးများပါတယ်တဲ့….
ဂျပန်ထုတ် မီးပန်းတွေပျောက်ကွယ်လုနီးပါးရှိခဲ့တဲ့အခြေအနေကို ပြန်ပြီးဆယ်ယူနိုင်ခဲ့သူကတော့ 筒井 ဆိုတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်အထိကတော့ ဒီလို အလုပ်သမားတွေရဲ့လက်လုပ်နဲ့ပဲ အမြောက်အများထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်တစ်နိုင်ငံလုံး လိုလိုပါပဲ….

 

၁၉၇၅ ခုနှစ်မှာတော့ တရုတ်ထုတ် ဈေးပေါတဲ့မီးပန်းတွေက ဈေးကွက်ထဲရောက်လာပြီး တစ်ချိန်တည်းမှာပဲ ဂျပန်ထုတ်တွေကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကာ 筒井 စံရဲ့ကုမ္ပဏီတစ်ခုတည်းသာလျှင်ကျန်ပြီး၊ အခြားသောကုမ္ပဏီအားလုံးဟာ ပိတ်သိမ်းခဲ့ရပါတယ်။

“ တည်ငြိမ်တဲ့မီးပန်းကို ဖန်တီးချင်တယ်”

 

မီးပန်းဟာ တကယ်ကိုနူးညံ့ပြီး စာရွက်လိပ်ပုံလိပ်နည်းမှာလည်း အားကိုချိန်ညှိရကာ၊ ယမ်းမှုန့်ရဲ့ပမာဏ၊ ရာသီဥတုအခြေအနေအောက်မှာ မတူညီတဲ့ပုံစံကိုပြသလိုက်ပါတယ်။
သို့သော် 筒井 စံဟာ ဒီကုမ္ပဏီကို ရရှိခဲ့တဲ့အချိန်က တရုတ်ထုတ်ပစ္စည်းတွေနဲ့တိုက်လှန်နေရတဲ့အချိန်ဖြစ်တာကြောင့် တတ်နိုင်တဲ့အတိုင်းအတာလောက်သာ ကုန်ကျမှုကိုသတ်မှတ်ရတာကြောင့် အစပိုင်းမှာပစ္စည်းရဲ့ အရည်အသွေးဟာလည်း မတည်ငြိမ်ခဲ့ပါဘူး….

တရုတ်ထုတ်နဲ့ဈေးချင်းပြိုင်တာမဟုတ်ဘဲ၊ ပြည်တွင်းထုတ်အရည်အသွေးကောင်းတဲ့ ပစ္စည်းကိုရောင်းမယ်..
အဲ့ဒီအတွက် 筒井 စံတစ်ယောက် စေ့စပ်ပြည့်စုံစွာ သုဒေသနလုပ်ခဲ့ပါတော့တယ်။

 

 

 

မီးပန်းအနေနဲ့လည်း သက်ရောက်မှုရှိသလို၊ ဒီဇိုင်းပိုင်းဆိုတာကလည်း အရည်အသွေးရဲ့တန်ဖိုးကိုပြသခြင်းပဲလို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

 

နွေရာသီရဲ့လက်ဆောင်ပစ္စည်းအဖြစ်တောင်ပေးချင်လာတယ်နော်…..

သူ့ရဲ့ကြိုးစားမှုကြောင့် ပြည်တွင်းထုတ်တွေဟာ တရုတ်နိုင်ငံကတင်သွင်းတဲ့မီးပန်းတွေထက်စာရင် လုံးဝကွာခြားသွားတဲ့ပုံစံအဖြစ်ရောက်သွားပါတော့တယ်။
လက်ရှိအချိန်ထိဆက်ပြီးထုတ်နေပါတယ်။

ဒါတင်မကသေးဘဲ လူအများဟာလည်း ဒီလုပ်ငန်းနဲ့ရင်းနှီးကျွမ်းဝင်ဖို့ မီးပန်းပြုလုပ်တဲ့အတွေ့အကြုံကို Fukuoka စီရင်စုမှာ အကောင်အထည်ဖော်လျှက်ရှိပါတယ်။

ဂျပန်ရဲ့ ဓလေ့ရိုးရာကိုစောင့်ရှောက်ထိန်းသိမ်းသလို၊ နောက်ပြီး ရာစုနှစ်အသစ်ထိပါအမွေပေးခဲ့တဲ့ သူရဲ့ ကြိုးပမ်းမှုဟာ လေးစားထိုက်ပါတယ်…….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: