ရိုးရာကီမိုနိုပြုလုပ်တဲ့သူက နိုက်ကလပ်မယ်တွေအတွက် ဖန်တီးပြုလုပ်ပေးလိုက်တဲ့ Mask !!!

ဂျပန်ရဲ့ Host Hostess အနေနဲ့ လုပ်ကိုင်နေကြတဲ့သူတွေအတွက်  Covid 19 ထပ်မံကျရောက်လာမှုနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာတော့ သူ့တို့အတွက် မဟာမိတ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။

အဲဒါကတော့ ရိုးရာကီမိုနိုအ၀တ်အထည်ထုတ်လုပ်သူ Otozuki က Hostess များအတွက် အဆင်ပြေစေမည့် Mask များကို ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းတီထွင်ကာ နိုက်ကလပ်မှ Hostess တို့ရဲ့ မျက်နှာကိုလည်း မြင်တွေ့နိုင်မယ့်၊ ဧည့်သည်များနှင့်လည်း သောက်ရစားရ အဆင်ပြေပြီး စကားပြောဆိုရလွယ်ကူကာ စိတ်ချရမှုရှိတဲ့ပတ်ဝန်းကျင်ကိုလည်းဖန်တီးပေးနိုင်တဲ့ Mask ကို ဖန်တီးခဲ့ပါတယ်။

 

 

http://www.spoon-tamago.com/wp-content/uploads/2020/06/kimono-face-veil-2.jpg

 

COVID-19 ပြည်သူ့ကျန်းမာရေးအကျပ်အတည်းနှင့် နောက်ဆက်တွဲစီးပွားရေးများပိတ်ဆို့ခြင်းသည် ဂျပန် Hostessများနှင့် နိုက်ကလပ်များတွင် အလုပ်လုပ်နေသော သူများမှာလည်း အဆင်မပြေမှုတွေရှိနေပါတယ်။ အထူးသဖြင့် sekkyaku inshokugyōအဖြစ်သတ်မှတ်ခံရသောစီးပွားရေးလုပ်ငန်းများ (Host Hostess များနှင့်အတူသောက်သုံးသည့်လုပ်ငန်း) ကို အစိုးရအထောက်အပံ့အစီအစဉ်မှ ဖယ်ထုတ်ထားတယ်လို့ဆိုပါတယ်။ ဒီလိုမျိုး လုပ်ငန်းများ ပိတ်ထားခြင်းကြောင့် ထိုလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးများတွက်တော့ အခက်အခဲများမမျှတစွာရှိနေမှာပါ။

 

http://www.spoon-tamago.com/wp-content/uploads/2020/06/kimono-face-veil-6.png

ဒါ့ကြောင့် သူတို့အနေဖြင့် အလုပ်သစ်အခြေအနေများနှင့်အံဝင်ခွင်ကျဖြစ်စေရန် ကူညီတဲ့အနေနဲ့  Otozuki က အကသမားများ ၀တ်ဆင်တဲ့ မျက်နှာဖုံးကဲ့သို့သော Mask ကိုတီထွင်ခဲ့ပါတယ်။ Face Veil လို့ခေါ်တဲ့ မျက်နှာဖုံးများတွင် ဒေါင်လိုက်အပိုင်းအစ ၃ ခုပါရှိပြီး နှာခေါင်းနှင့်ပါးစပ်ကိုဖုံးအုပ်ထားတဲ့ ကုလားကာတစ်ခုဖြစ်ပါတယ်။ အသုံးပြုသူအနေဖြင့် Mask ကိုမဖယ်ဘဲ အစာစားခြင်းနှင့်သောက်ခြင်းကို ပြုလုပ်နိုင်ပြီး အ၀ တ်အထည်ထက်ပိုထူတဲ့ အ၀တ်စဖြင့်ပြုလုပ်ထားပါတယ်။

ဈေးနှုန်းမှာတော့ ယန်း ၂,၂၀၀ မှ ၃,၈၅၀ ကြား (ဒေါ်လာ ၂၀ မှ ၃၆ ဒေါ်လာ) ကြားအထိ ရှိ၍ Face Veil မျက်နှာဖုံးများကိုအရောင်အမျိုးမျိုးနှင့် ရိုးရာအထည်များဖြင့် ရရှိနိုင်ပါတယ်။

 

http://www.spoon-tamago.com/wp-content/uploads/2020/06/kimono-face-veil-4.jpg

စာဖတ်သူတို့ရော ဘယ်လိုမြင်ပါသလဲ ? တကယ်ပဲ Mask တစ်လိုကာကွယ်ပေးနိုင်သလားဆိုတာ ရာနှုန်ူးပြည့်မသိရပေမယ့် စားဝတ်နေရေးအတွက် မဖြစ်မနေအလုပ်လုပ်နေရတဲ့ Hostess တွေအနေနဲ့တော့ အသုံးဝင်တဲ့ အရာတစ်ခုလို့ထင်ပါတယ်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: