Dolce & Gabbana ရေမွှေးကိုကြိုက်ပါသလား ?!!!

https://i.ytimg.com/vi/9MjAJSoaoSo/hqdefault.jpg
လက်ရှိဂျပန်မှာ နာမည်ကြီးအကြောင်းအရာတစ်ခုလိုဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။
သီချင်းခေါင်းစဥ်က 「香水」Kōsui
瑛人(えいと)Eito ဆိုတဲ့ဂီတပညာရှင်တစ်ဦးရဲ့ ပွဲဦးထွက်သီချင်းဖြစ်ပါတယ်.
瑛人 ဟာဒီသီချင်းကို ချစ်သူနဲ့ကွဲပြီး ၃ လလောက်ကြာသွားတဲ့အခါမှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။
chorus အပိုဒ်ရဲ့စာသားနဲ့ သံဇဥ်ကလည်းအထင်ကြီးစရာကောင်းပြီး၊ လူငယ်တွေရဲ့စိတ်ကိုဖမ်းစားနိုင်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။
「別に君を求めてないけど 横にいられると思い出す
君のDolce & Gabbanaの その香水のせいだよ」
သက်သက်ကြီးမင်းကိုလိုက်ရှာနေတာမဟုတ်ပေမဲ့ ဘေးနာမှာရှိနိုင်တယ်လိုသတိယမိတယ်။
မင်းရဲ့ Dolce & Gabbana အဲ့ဒီရေမွှေးကြောင့်ပဲလေ..
ဒီသီချင်းရဲ့သက်ရောက်မှုကြောင့် သီချင်းစာသားမှာပါတဲ့ Dolce & Gabbana ရေမွှေးဟာ ဂျပန်မှာအရမ်းကိုလူသိများလာခဲ့တဲ့ပုံပါပဲ !
အရမ်းသဘောကျတဲ့လူက ဆွတ်ထားတဲ့ရေမွှေးရဲ့မွှေးရနံ့ဆို လွယ်လွယ်နဲ့မေ့လို့မရဘူးနော်….
စာဖတ်သူတို့ရော အဲ့ဒီလိုချိုမြိန်တဲ့အချစ်တွေရှိခဲ့ဖူးပါသလား ?…….
Yuki