ပြောင်းလဲလိုက်တဲ့ ဂျပန်နိုင်ငံရဲ့ passport အသစ်က ??

၂၀၂၀ ခုနှစ် ၂ လပိုင်း, ဂျပန် passport ရဲ့ဒီဇိုင်းကို အသစ်ပြန်ပြင်ဆင်လိုက်ပါပြီ။
လိုက်ပြီးတုပခြင်းကိုကြိုတင်ကာကွယ်ဖို့အတွက် အမျိုးမျိုးသောတီထွင်ဖန်တီးမှုတွေလုပ်ထားသော်လည်း ဒီဟာကလိုက်ပြီးတုပဖို့နေနေသာသာ နိုင်ငံရဲ့အမွေအနှစ်အဖြစ်တန်ဖိုးထားခံရသလို အနုပညာလည်းဆန်ပါတယ်။

https://rocketnews24.com/2020/06/30/1388122/

အရှေ့မျက်နှာဖုံးကတော့ ထွေထွေထူးထူးပြောင်းလဲသွားတာမရှိပါဘူး။ စိတ်ဝင်စားဖို့သိပ်မကောင်းသေးဘူးနော်..
ဒါပေမဲ့၊ အထဲမှာတော့ အရမ်းမိုက်ပါတယ်။
VISA နဲ့ Immigration တံဆိပ်တုံးနှိပ်ရတဲ့စာမျက်နှာတွေမှာ အရင်ကတည်းကတုပမှုကိုကာကွယ်ဖို့ စာမျက်နှာ ၁ မျက်နှာချင်းစီမှာ နံပါတ်ကိုရေးထားခဲ့ပါတယ်။

ရိုးရှင်းခဲ့ပေမဲ့ အခုတော့ဒီလိုပုံစံဖြစ်သွားပါပြီ။

ကြည့်ပါဦး ဒါကို!!!! အရမ်းမိုက်တယ်နော် !!!! လုံးဝ JAPAN ပါပဲ!!!!

ဒီပန်းချီဟာ woodblock prints ပုံစံနဲ့ နာမည်ကြီးတဲ့ပန်းချီဆရာ၊ 葛飾北斎(かつしか ほくさい) ကဆွဲထားတဲ့ ပန်းချီပဲဖြစ်ပါတယ်။
ကြည့်ပါအုံး စာမျက်နှာတိုင်းမှာ ပန်းချီပုံစံတွေတစ်မျိုးနဲ့တစ်မျိုးမတူအောင် ဖန်တီးထားပါတယ်။…..

 

 

 


လှတာထက်ကိုပိုပါတယ်!!!!
သို့သော် ဒီစာမျက်နှာမှာ VISA ကပ်ပြီး Immigration တံဆိပ်တုံးထုရမှာပါ
အဲ့ဒါတွေလုပ်ဖို့ထား ထားပေးတဲ့စာမျက်နှာဆိုတာကို နားလည်ပေမဲ့၊ မလုပ်စေချင်ဘူးနော်….အလှကြည့်ထားချင်တာ ….ဟဟ!!!!

သေးသေးလေးပဲဖြစ်ဖြစ် တံဆိပ်တုံးထုမယ်ဆိုလည်း သေသေချာချာလေးနဲ့ လှလှပပတည့်တည့်လေး လုပ်ပေးပါလို့ ပြောချင်လိုက်တာနော်……

စကားမစပ် ၅ နှစ်သက်တမ်းရှိ passport မှာဒီလိုမျိုး ၁၆ ခုပါဝင်ပြီး၊ ၁၀ နှစ်သက်တမ်းရှိ passport မှာတော့ ၂၄ ခုဆွဲထားပေးပါတယ်။
ဘာပဲပြောပြော ၂၄ ခုတောင်ပါတဲ့ ၁၀ နှစ်သက်တမ်းရှိ passport ကိုပဲလုပ်ချင်တယ်နော်…..

အတုအပပြုလုပ်မှုကာကွယ်ခြင်း၊ နောက်ပြီးအသစ်တစ်ဖန်ပြန်လုပ်ခြင်း စတာတွေအတွက် နည်းပညာလက်ရာအသစ်ကို ဒီလိုမျိုးအနုပညာပုံစံအဖြစ်ပြောင်းလဲလိုက်တာက အရမ်းအံ့သြဖို့ကောင်းပါတယ်။

စကားမစပ် ကျွန်တော်က ၂၀၁၉ ခုနှစ်မှာ passport ကို ၁၀ နှစ် သက်တမ်းတိုးလိုက်ပြီးဖြစ်တာကြောင့် အတန်ကြာလောက်ထိ ဒီ passport ကိုရနိုင်မယ်လို့တော့ မထင်ပါဘူး။
မြန်မြန်လိုချင်လိုက်တာနော်…….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: