ဂျပန်မင်းသမီးမှ ဟောလိဝုဒ်မင်းသမီးဖြစ်လာတဲ့ စက်ရုပ် !!!!

Erika လို့ခေါ်တဲ့ စက်ရုပ်ကို သိကြပါသလား?

ဂျပန်စက်ရုပ်သုတေသီ Hiroshi Ishiguro နှင့် Kohei Ogawa တို့ တီထွင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် စက်ရုပ်အမျိုးသမီးဖြစ်ပါတယ်။

သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ပါနော်။

 

နောက်ဘက်ခြမ်းကိုတော့ မိတ်ဆက်မပေးထားပေမယ့် အသံကိုလည်းအသိအမှတ်ပြုတတ်တယ်လို့ဆိုပါတယ်။

ပုံမှန်စကားဝိုင်းမှာ စကားလည်း ပြောနိုင်ပြီး သူမရဲ့ အသံကတော့ အလိုအလျောက်အသံဖြစ်နေလို့ ထူးဆန်းနေတယ်ထင်ရပေမယ့် တော်တော်သဘာဝကျပါတယ်။

iPhone ပေါ်ရှိ siri ကို ကျွန်တော်အံ့အားသင့်မိပေမယ့် ဒီစက်ရုပ်ကို အံ့အားသင့်တဲ့ လယ်ဗယ်ကတော့ မိုမြင့်မားပါတယ်။

ပြီးတော့ မျက်နှာက တစ်ခြားမျက်နှာတစ်ခုရဲ့ကော်ပီမဟုတ်ဘဲ လှပသောအမျိုးသမီး၏ ဝိသေသလက္ခဏာများကိုဆန်းစစ်ထားပြီးမှ ပြည့်စုံတဲ့ ဒေတာအဖြစ် ဖန်တီးထားတဲ့ လှပသောမျက်နှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တွင် ဂျပန်ရုပ်မြင်သံကြားဌာနသို့ ဝင်ရောက်ခဲ့ပြီးTV အစီအစဉ်များကို  Android ကြေငြာသူအဖြစ် ဖော်ပြခံခဲ့ရပါတယ်။
ထိုမှတစ်ဆင့် အများပြည်သူ ရဲ့ အာရုံကိုဆွဲဆောင်ခဲ့ပါတယ်။

သတင်းလက်ရေးစာမူများကို ဖတ်ရန် သူမကို announcer အဖြစ်ခန့်အပ်ထားပြီးမှန်ကန်စွာဖတ်ရှုနိုင်ဖို့အတွက် ရည်ရွယ်ချက်ထားပြီး လုပ်မယ်ဆိုရင်တော့
စက်ရုပ်တွေဟာ အနာဂတ်တွင်ပိုမိုသင့်တော်ကောင်းသင့်တော်နိုင်ပါတယ်။

အဲဒီလို Erika ကို ဟောလိဝုဒ်ရုပ်ရှင်တစ်ခုတွင် ဖော်ပြလိမ့်မည်ဟုကြေငြာခဲ့ပါတယ်။Erika ဟာ အင်္ဂလိပ်လိုကောင်းပါတယ်။

https://www.youtube.com/watch?time_continue=118&v=_NTj88EdPtM&feature=emb_logo

ဒါဟာ ဟာသမဟုတ်ပါဘူး၊ စျေးပေါတဲ့ရုပ်ရှင်မဟုတ်ပါဘူး။ထုတ်လုပ်မှုကုန်ကျစရိတ်ယန်း ၇.၅ ဘီလီယံဖြင့်ရိုက်ကူးမည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်“ b” ဆိုတဲ့ Story လို့ဆိုပါတယ်။

CG နည်းပညာအလွန်ဖွံ့ဖြိုးပြီးသည့်ရုပ်ရှင်ရုံတွင် အမှန်တကယ် စက်ရုပ်ကို အသုံးပြုထားတာက ပိုကောင်းသလော?

ဒါမှမဟုတ် စျေးပေါတဲ့ပုံပေါက်နေလို့လား?ကျွန်တော်ကတော့ ဘယ်လိုရုပ်ရှင်ဖြစ်လာမလဲဆိုတာကို စောင့်စားမျှော်လင့်နေပါတယ်။

Erika၊ သူမဟာ ဘာသာစကားမျိုးစုံသုံးပြီး အိန္ဒိယရုပ်ရှင်တွေမှာကခုန်ပြီးပေါ်လာတာတို့၊ တရုပ်ရုပ်ရှင်မှာ လည်း ပေါ်လာလေမလား?

အနာဂတ်မှာ  ဤစက်ရုပ်တွေရဲ့ တိကျမှုတိုးလာနိုင်ပြီး၊ အလုပ်ခွင်တွေမှာလည်း သူတို့တွေဟာ ပိုပြီးနေရာယူကောင်းယူနိုင်လာမယ်ထင်တယ်နော်။

အဲဒီအချိန်ရောက်ရင်တော့ ရထားပေါ်မှာ စက်ရုပ်တွေအများကြီးရှိနေမလား ? ဆိုပြီး ကျွန်တော်မကြာခဏစဉ်းစားမိပါတယ်။

ဒါပေမယ့် သူတို့အတွက်က အိမ်မလိုအပ်ဘူးမလား ?သူတို့ကို ရုံးထဲမှာ အားသွင်းပြီး ထားထားလို့ ရရင် ပိုကောင်းတယ်လို့စဉ်းစားကြည့်လိုက်တော့ သူတို့ကို လျှပ်စစ်မီးမရှိတဲ့ မှောင်မိုက်တဲ့ ရုံးခန်းထဲမှာ တန်းစီထားတာကို မြင်ယောင်ကြည့်လိုက်တဲ့အခါမှာတော့ …

အနာဂတ်မှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရုပ်ရှင်ပုံရိပ်ဖြစ်လာမလားလို့တွေးမိတာကရော ကျွန်တော်တစ်ယောက်တည်းများလား။ .. ..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: