ဂျပန်နိုင်ငံမှာ အခိုးခံရဆုံးက Vinyl ထီး ? !!!!
ဂျပန်နိုင်ငံကို သူခိုးနည်းပြီးတည်ငြိမ်အေးချမ်းသာယာတဲ့နိုင်ငံလို့ ပြောကြပါတယ်။
အသေအချာကြီး သူခိုးမရှိတာတော့ မဟုတ်သော်လည်း၊ အခြားသောနိုင်ငံများနှင့်ယှဥ်လျှင် သူခိုးနည်းပါးတာ အမှန်တရားဖြစ်ပါတယ်။
အဲ့ဒီလိုအေးချမ်းတဲ့နိုင်ငံဖြစ်သော်လည်း မကြာခဏဆိုသလိုအခိုးခံရတဲ့အရာရှိပါတယ်။
အဲ့ဒါကတော့ ဒီမှာပါ..
Vinyl ထီး…..
မွေးကတည်းက တစ်ကြိမ်မှ Vinyl ထီးအခိုးမခံရတဲ့ ဂျပန်လူမျိုးဘယ်နှစ်ယောက်ရှိသလဲ? လို့မေးချင်လောက်အောင် အခိုးခံရပါတယ်။
စတိုးဆိုင်ထဲဝင်မယ်ဆို ထီးကိုဆိုင်ရှေ့မှာထားပေးထားတဲ့ ထီးပုံးထဲထည့်ထားပြီး ပြန်လာရင်မရှိတော့ပါဘူး အဲ့ဒီလိုပုံစံမျိုးပါ။
ဆိုင်ထဲကကြမ်းပြင်ညစ်ပတ်မှာကိုစိုးပြီး ဆိုင်ထဲထီးကိုယူမသွားကြတာက အကျင့်ဖြစ်နေပါပြီ။
https://www.buzzfeed.com/jp/ryosukekamba/umbrella
ရုတ်တရက်ကြီးမိုးရွာချလာတဲ့အချိန် ဘယ်နေရာမှာဖြစ်ဖြစ်ရောင်းတဲ့ ဒီထီးရဲ့ဈေးနှုန်းက အသင့်အတင့်ပါပဲ။
ယန်း 500 ကနေ ယန်း 800 ပါ။
ဟိုနားဒီနားသွားဖို့ဝယ်လိုက်ရတာက နည်းနည်းတော့ ဈေးကြီးတယ်လို့ထင်ရပေမဲ့၊ အခိုးခံလိုက်ရလို့အဲ့ဒီလောက်အထိ ဒေါသထွက်စရာမရှိတဲ့ သင့်တင့်တဲ့ဈေးနှုန်းဖြစ်ပါတယ်။
ဒါကတော့ မကောင်းဘူးလို့ထင်ပါတယ်။
ဈေးကြီးမယ်ဆိုစိတ်ကတွန့်ဆုတ်ပြီးယူသွားဖြစ်မှာမဟုတ်ဘူး။
ဈေးပေါပြန်တော့ ခိုးလည်းအလကားပါပဲ။
ကိုယ့်ထီးသူများ မ သွားရင် တစ်ခြားလူရဲ့ထီးကိုယူသွားမယ်။
ဒါကပဲ သူခိုးကွင်းဆက်ပါ။ ဂျပန်ရဲ့အမှောင်လောကဖြစ်ပါတယ်။
အဲ့ဒီလိုအခိုးခံရလို ခံပြင်းတဲ့လူတွေက စဥ်းစားလိုက်တဲ့ သူခိုးရန်ကနေကာကွယ်ရေးနည်းလမ်းက အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
စာရေးထားမယ်
https://twitter.com/horuma_rin/status/920968699921567745/photo/1
“ မင်းဟာမဟုတ်ဘူး”
ဟုတ်ကဲ့. အဲ့ဒီအတိုင်းပါပဲ… ဒါဆိုခိုးဖို့ခက်ခဲသွားပါတယ်.
ထိန့်လန့်စရာဆက်နွယ်မှု
https://twitter.com/hanten_/status/909334478639661057/photo/2
“ မြို့တော်လုံခြုံရေး ရဲဌာနလုံခြုံရေးအဖွဲ့”
အဲ့ဒီဌာနက အမှန်တကယ်ရှိသလားဆိုတာတောင်မသေချာပါဘူး။ သို့သော် အဖမ်းခံရဖွယ်ရှိကြောင်းပြောပြချင်တဲ့ ကြိုတင်ပြင်ဆင်မှုဖြစ်ပါတယ်။
ဒါသက်သက် ဉာဏ်ဆင်တာပါ….ဟဟဟဟ!!!
လျှောက်လွှာကိုဒီမှာတင်ပါ
https://news.mynavi.jp/article/20200627-wadai/
ပြစ်မှုဆိုင်ရာစိတ်ပညာစမ်းသပ်မှု B03
ဒါလည်းပဲ စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုဖြစ်ပြီး လူရှိန်စေတဲ့နည်းတစ်မျိုးပါပဲ..
ပီကေ?
https://twitter.com/Lab_fairy/status/920294822472138752?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E920294822472138752%7Ctwgr%5E&ref_url=https%3A%2F%2Fwww.buzzfeed.com%2Fjp%2Fryosukekamba%2Fumbrella
ပီကေလို့ထင်ရတဲ့အရာ..
ထီးပိုင်ရှင်ရဲ့လက်ပုံစံအတိုင်း ကွက်တိကျတဲ့ပုံစံဖြစ်လို့ အခြားသူတစ်ယောက်ဆိုရင်တော့ ကိုင်ဆောင်ဖို့ခက်ခဲပါလိမ့်မယ်။
အကြံကတော့ ကောင်းတယ်လို့ထင်ရသော်လည်း အနည်းငယ်ညစ်ပတ်သလိုတော့ ရှိပါတယ်..
အတွင်းဘက်က ချစ်ပ်
https://news.livedoor.com/article/detail/14704368/
တည်နေရာစစ်ဆေးတဲ့ကိရိယာ လို့ရေးထားတဲ့စာတန်းနဲ့ ထူးဆန်းတဲ့ ချစ်ပ်…
ဒါဆိုရင် ယူကိုမယူလောက်တော့တာပါ.
အားလုံးဟာ အပျော်သဘောနဲ့အမျိုးမျိုးစမ်းသပ်ကြည့်ကြတဲ့လူတွေပဲဖြစ်ပါတယ်. တော်တော်လေးကိုစဥ်းစားတတ်ပါပေတယ်။
အရမ်းကိုစိတ်နာခဲ့ရတဲ့အမှတ်တရာတွေရှိလို့ပဲဖြစ်မယ်နော်…
မိမိပစ္စည်းကဘယ်လိုပဲဈေးပေါတယ်လို့ပြောပါစေ အခိုးခံရတာတော့ဘယ်သူမှမကြိုက်ကြပါဘူးနော်…..
Kengo Abe