အသက် ၆၂ နှစ်ရှိပြီးဖြစ်တဲ့အမျိုးသမီးရဲ့ နုပျိုနေမှုက ? !!!

 

ဂျပန်မဂ္ဂဇင်း 美的GRANDရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ 天野佳代子(あまの かよこ)Amano Kayoko က အံ့သြစရာကောင်းလောက်အောင် မြင်ရတဲ့သူမရဲ့နုပျိုမှုက နာမည်ကြီးအကြောင်းအရာတစ်ခုလိုဖြစ်နေပါတယ်။

ဘာတဲ့ အသက်က ၆၂ နှစ်တဲ့..


https://domani.shogakukan.co.jp/248152

ငယ်ရွယ်တယ်လို့မြင်ရတယ်နော် ဘယ်နေရာမှာမှမရှိဘူး။ အံ့သြစရာကောင်းတာ ဒါမှမဟုတ် မျက်လှည့်ပြနေသလိုပဲ ခံစားရတဲ့ သူမရဲ့နုပျိုမှုလျှို့ဝှက်ချက်ကိုကြည့်လိုက်ရအောင် ….

အလုပ်မှာလည်းတက်ကြွမှုရှိတဲ့ 天野 Amano ဟာသူအမြဲအရေးတကြီးလုပ်တာကတော့ ပုံမှန်အားဖြင့်လုပ်နိုင်တဲ့ care ပဲဖြစ်ပါတယ်။

အရင်ဆုံး အသားရေလှပမှုအတွက် ထိန်းသိမ်းပုံကိုကြည့်ကြမယ်။

Enzyme facial cleanser

ညစ်ပေတာနဲ့အတူ ဆဲလ်အသေတွေကိုဖယ်ရှားပြီး အရေပြားရဲ့ဇီဝဖြစ်ပျက်မှုကိုထောက်ပံ့ပေးပါတယ်။
မှိုနဲ့ဆားဝက်ခြံကိုကာကွယ်တဲ့ အသားအရေလို့ဖြစ်စေဖို့ တစ်ရက်တစ်ကြိမ်၊ နေ့တိုင်းအသုံးပြုပေးပုံရပါတယ်။
Pure Vitamin C နဲ့ enzymes ၂ မျိုးကို ရောစပ်ထားပါတယ်။
ロート製薬 Obagi C Enzyme Face Wash Powder၊
ဗူး ၃၀ ပါ၊
1800 ယန်း

ဈေးမကြီးဘူးနော်…..

Face Lotion


lotion နဲ့ moisturizer အတွက်ကတော့ ဒီတစ်မျိုးနဲ့အဆင်ပြေပါတယ်။
Est lotion
140ml
6,000 ယန်း

Improved beauty essence


အရေးကြောင်းတွေဖြစ်လာတဲ့နေရာမှာ များများလေးလိမ်းပေးပါ။
မျက်လုံး၊ မေးရိုး၊ ပါးစပ်နားတစ်ဝှက် ကအဓိကျပါတယ်။
DECORTE
iP.Shot Advanced 20g
10,000 ယန်း

ငယ်ရွယ်နုပျိုခြင်းရဲ့လျှို့ဝှက်ချက်က အသားရေတစ်ခုတည်းမဟုတ်ပါဘူး။ ဆံကေသာထိန်းသိမ်းခြင်းလည်း အရေးကြီးပါတယ်။
မည်းနက်တောက်ပတဲ့ဆံကေသာကို မနက်နဲ့ည သေသေချာချာလေးဖီးပေးတယ်လို့ပြောပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ဆံပင်အဖြူတွေထွက်လာတတ်တယ်မဟုတ်လား?
အဲ့ဒီလိုတွေလည်းမထွက်ဘူးတဲ့….

https://news.livedoor.com/article/detail/18458005/

ဆံကေသာကိုအာဟာရဓါတ်ပေးဖို့လည်း အရေးကြီးပါတယ်။

သိပ်သည်းပြီး မလျှော်ရတဲ့ Oil treatment.

Olaplex No.7 bonding oil 30ml
2,800 ယန်း

အိမ်မှာမကြာခဏ treatments လုပ်ပေးခြင်းဖြင့် ဆံကေသာဟာတော်တော်လေးလှပလာပါတယ်။

ဒီလို ဂရုစိုက်မှုတွေလုပ်တဲ့ 天野 Amano တစ်ယောက် ဒါကြောင့်လည်း အသက် ၆၂ နှစ်လို့မထင်ရတာကိုး….ဟဟဟ

ဒါဟာ photoshop နဲ့ပြင်ထားတာမဟုတ်ဘဲ၊ တကယ့်လူအစစ်ဖြစ်တာကြောင့် ကျွန်တော်တို့လည်းသူမလိုပဲ အသားရေကိုထိန်းသိမ်းသွားရင် မကောင်းဘူးလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: