ဒါအစစ်လား? ဂျပန်နိုင်ငံကလွဲပြီးအခြားမှာ ရှာဝယ်လို့မရနိုင်တဲ့နာရီ…. !!!

ဒီနာရီကတော့ ဂျပန်မှာလူပြောများနေတဲ့နာရီပဲဖြစ်ပါတယ်။


https://netatopi.jp/article/1252510.html

グッチ ဂူချီ ဆိုတာကတော့ GUCCI ကိုပြောတာပါ။
သိသူတွေလည်း အများအပြားရှိပြီး၊ ဇိမ်ခံအမျိုးအစားbrand ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်ကြည့်လိုက်မယ်ဆို GUCCI အမှတ်အသားကို ညာဘက်လက်ကောက်ဝတ်မှာ ဝတ်တတ်ကြပေမဲ့၊ ဒါကတော့ ဘာပါလိမ့်…
brandတစ်ခုမှာရှိသင့်တဲ့အရည်အသွေး မပြည့်မှီဘူးလို့ထင်ရတဲ့ ခတခနနဲ့ရေးထားတဲ့ グッチ ဆိုတဲ့စကားလုံး…

ဒီ level လောက်ဆိုရင်တော့ အတုတွေရောင်းတဲ့ဆိုင်မှာတောင် ဝယ်ဖို့ဘယ်သူမှလှည့်ကြည့်မယ်မထင်ပါဘူး။
မူလတန်းကလေးတစ်ယောက်တီထွင်ထားတယ်လို့ ထင်ရနိုင်တဲ့ပုံစံဖြစ်ပေမဲ့…

ဒါဟာ တကယ့် brand အစစ်ပါတဲ့..
ဂျပန်နိုင်ငံတွင်းမှာပဲ ကန့်သတ်ထားတဲ့ model ဖြစ်ပြီး လာမယ့် ၂၀၂၀ ခုနှစ်၊ ၆ လပိုင်းလောက်မှာ စပြီးရောင်းချမယ်ဖြစ်ကြောင်းသိရပါတယ်။
ရွှေဝါရောင် သုံးထားတဲ့ model ဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ကတော့ ယန်း ၂၅၃၀၀၀ ပါ။

နာရီကိုပတ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီလိုဖြစ်သွားပါမယ်။

 

ကြည့်ကောင်းရဲ့လား? ဒါက…

အနောက်ဘက်ကလည်း GUCCI နဲ့ဆင်တူတဲ့ ဒီဇိုင်းပါပဲ..

သို့သော် ဝတ်ကြည့်လိုက်ရင်တော့ ဒီအတိုင်းပါ..

brand တွေရဲ့ကုန်ပစ္စည်းတန်ဖိုးကိုနားမလည်တဲ့ကျွန်တော်အတွက်ကတော့ ဝေဖန်ဆုံးဖြတ်နိုင်လောက်တဲ့အခြေအနေမှာမရှိပေမဲ့၊ ဒါကိုဝတ်တဲ့သူက အနည်းငယ်စိတ်မနှံ့သူလို့ မြင်နိုင်မလား?လို့တွေးတာ ကျွန်တော်တစ်ယောက်တည်းဖြစ်မလား?

ဒီ model မှာသီးသန့်ကိုယ်ပိုင်ဟန်ရှိတာတော့ သေချာပါတယ်။
GUCCI ထဲမှာလည်း ထူးခြားတဲ့ခံစားမှုပေါ့…..

သို့သော် ..
ဂျပန်နိုင်ငံတွင်း ကန့်သတ် model ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘိုကင်လက်ခံဆဲကာလဖြစ်လို့..
ဒီပစ္စည်းလေးကိုလိုချင်တယ်ဆိုရင်တော့ လက်နှေးလို့မဖြစ်ပါဘူးနော်…
အမြန်ဆုံး ဘိုကင်တင်လိုက်ပါ !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: