ဂျပန်နိုင်ငံရေးသမားတို့ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Mask !!!!!!!

Mask တပ်တယ်ဆိုတာက အခုချိန်မှာ Covid-19 ကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး အဲဒီထက်ကိုပိုပြီး လောကကျင့်ဝတ်အရ မတပ်မနေရတပ်ရတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။

သာမန်တစ်ခါသုံး Mask ဟာ လက်ဝယ် ဝယ်ယူရရှိနိုင်ဖို့ ခဲယဉ်းနေတဲ့ အချိန်ဖြစ်နေတဲ့ ဂျပန်နိုင်ငံမှာတော့ ကိုယ်တိုင်လုပ် Mask တွေပြုလုပ်ကာ အသုံးပြုမှုက ပိုမိုများပြားရေပန်းစားလာပြီး နောက်ဆုံးမှာတော့ အမျိုးမျိုးသော ဒီဇိုင်းတွေနဲ့ Mask တွေ တပ်ဆင်မှုဟာ တွင်ကျယ်လို့လာပါတယ်။

တီဗီမှာပေါ်မှာ တွေ့မြင်ရတဲ့နိုင်ငံရေးသမားတွေဟာလည်း ထူးခြားတဲ့ Mask တွေတပ်ဆင်ထားတာကို တွေ့မြင်လာရပါတယ်။

ဘယ်လိုထူးခြားတဲ့ Mask တွေ တပ်ဆင်ထားလဲ ကြည့် လိုက်ရအောင်နော် . . .

 

河野太郎(こうの たろう)မစ္စတာ Taro Kono

 

Konohttps://www.asahi.com/articles/ASN5F4DZXN5DUTFK01Q.htm

l ကာကွယ်ရေးဝန်ကြီးချုပ်ရဲ့ Mask ကိုကြည့်လိုက်ပါ။
သူ့ရဲ့ Mask က ဂျပန်ရဲ့ ကာကွယ်ရေးအတွက်ကိုရော သတိထားမိစေမလား ?

ဂျပန်ရဲ့ ပုံရိပ်ကို ဖော်ပြနေတဲ့ ဖူဂျီတောင်နဲ့ နေမင်းထွက်လာတဲ့ပုံ။
ပြီးတော့ ဒီပုံထဲမှာ တော့ မမြင်နိုင်ပေမယ့် တိုက်လေယာဉ်ပုံဆွဲထားတာလည်းပါပါသေးတယ်။

菅義偉(すが よしひで)မစ္စတာ Yoshihide

Sugahttps://www.asahi.com/articles/ASN5F4DZXN5DUTFK01Q.html

l ဝန်ကြီးအဖွဲ့အတွင်းရေးမှုးချုပ်ဖြစ်ပြီး သူ့ရဲ့ Mask ကတော့ ထူးခြားတဲ့ ပုံစံလေးပါရှိပါတယ်။

အဲဒါကတော့ ဟော့ကိုင်းဒိုးမှာရှိတဲ့ တိုင်းရင်းသားလူနည်းစု Ainu ရဲ့ အဆောင်လက်ဖွဲ့အမှတ်အသားဖြစ်ပါတယ်။ဒါလေးက တော့ တော်တော်လှတယ်နော်။

村井嘉浩(むらい よしひろ)မစ္စတာ Yoshihiro

Muraihttps://headlines.yahoo.co.jp/hl?a=20200501-00000010-withnews-l04

Miyagi စီရင်စု၏အုပ်ချုပ်ရေးမှူးအနေဖြင့်တာဝန်ထမ်းဆောင်နေပြီး သူရဲ့ Mask ကတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးရှိပါတယ်။
ဒါကတော့ Miyagi mascot ဇာတ်ကောင်ပါ။

“ Musubimaru” ရဲ့မျက်နှာဖြစ်ပါတယ်။
ကနဦးက “Musubimaru” ကို ကိုယ်တိုင်ရေးခဲ့တယ်လို့ပြောခဲ့ပေမယ့် နောက်အင်တာဗျူးတစ်ခုမှာတော့ ဇနီးကရေးပေးတဲ့ အကြောင်းကို မတော်တဆပြောမိသွားတဲ့ မစ္စတာ Murai ။

“Musubimaru” ရဲ့ မျက်နှာအကြောင်းကို ပြောတာက ကောင်းပေမယ့် မတော်တဆ ပြောမိသွားတဲ့ Murai ကလည်း ချစ်ဖို့ကောင်းတယ်ဆိုပြီး ဂုဏ်သတင်းထွက်နေပါတယ်။

နောက်ဆုံး ဖော်ပြပေးမှာကတော့ Mask ကို အကောင်းဆုံးအသုံးပြုနေတဲ့

小池百合子(こいけ ゆりこ)မစ်စ် Yuriko Koike ။

သူမကတော့ တိုကျိုမြို့ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး သူမကိုတော့ TV မှာ နေ့တိုင်းလိုလိုမြင့်တွေရပါတယ်။

အဲဒီအတွက်ကြောင့် သူမ ဝတ်ဆင်ထားတဲ့ Mask ရဲ့ ပြောင်းလဲမှုတစ်ခုစီတိုင်းကို တွေ့မြင်ရပြီး သူမရဲ့ Mask တွေက မိန်းကလေးဆန်ကာ ချစ်စရာကောင်းတယ်ဆိုပြီး ဂုဏ်သတင်းမွှေးလို့နေပါတယ်။
ဘယ်နှခုလဲ ရေကြည့်ရအောင်နော်။


https://rebeauty.love/yuriko-koike-mask/

 

 

 

 

 

 

 

 

 

 

小池百合子の手作り布マスクが可愛い!型紙・生地・作り方紹介

 

ထပ်ပြီးတော့. . .
ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ဖြစ်တဲ့
安倍晋三(あべ しんぞう)မစ္စတာ Shinzo Abe တပ်ဆင်ထားတဲ့ Mask ကကော ?

 

https://www.asahi.com/articles/photo/AS20200513001683.html

ကြည့်ရတာ Mask က သေးသေးလေးနော်. . .ဒါကတော့ အစိုးရကလက်ရှိဖြန့်ဖြူးဖို့ ကြိုးစားနေတဲ့ Mask ရဲ့ ပုံစံပါ။

တချို့လူတွေက ဒီMask တွေကသေးငယ်တယ်လို့ ပြောဆိုနေကြပါတယ်။သေချာတာကတော့ ဟုတ်တယ်၊ သေးတယ် . . .

စကားမစပ် ဒီ Mask ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ပြဿနာများရှိပုံရပါတယ်။

အိမ်ထောင်စုအများစုထံသို့ မရောက်ရှိသေးပါဘူး။

ဂျပန်မှာလည်း သာမန် Mask တွေကို အရင်ကတည်းက အသုံးပြုနေပေမယ့် အခုအချိန်မှာတော့
အခွန်အမြောက်အမြားကိုအသုံးပြုထားတဲ့ Mask ကို တော့မလိုအပ်ပါဘူး။

Mask ရဲ့ ပုံရိပ်တွေကြောင့် အထင်ကြီးလေးစားခံနေရတဲ့ တိုကျိုအုက်ချုပ်ရေးမှူး မစ်စ် Koike။

သေချာပေါက် သူမကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို နားလည်ထားပါတယ်။
မစ်စ် Kikie ရဲ့ Mask နဲ့ ဆင်တူတဲ့ Mask တွေကိုလည်း တုပ ဝတ်ဆင်ကြတဲ့ သူတွေရှိပြီး လတ်တလောကတော့ မစ္စတာ Abe ထက် မစ်စ် Koike ကတော့ လူကြိုက်ပိုများမယ်ပုံပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: