နတ်သမီးလေးတွေကို ဘယ်လိုအားပေးမလဲ?

Japo ကနေ နေ့တိုင်း နတ်သမီးလေးတွေအကြောင်းတင်နေပေမယ့် ဘယ်လိုအားပေးရမလဲလို့မေးနေကြပါတယ်။

ဒီအကြောင်းလေးကို အခုပြောပြပေးမယ်နော်။

နတ်သမီးလေးတွေကို ဆုပေးဖို့အတွက် Japo ကနေ Page View အရေအတွက်နဲ့ Vote အရေအတွက်ကို ကြည့်ပါတယ်။

 

Page View အရေအတွက်ဆိုတာကတော့…

နတ်သမီးလေးတွေအတွက် နေ့စဥ်တစ်ရက်ကို ၂ ယောက်လုံးနဲ့ Web Site မှာရော Facebook Page မှာရောတင်ပေးနေပါတယ်။ ဒီလိုတင်ပေးထားတဲ့ Link ထဲကိုဝင်ကြည့်လိုက်ပြီဆိုတာနဲ့ Page View အရေအတွက်တစ်ယောက်တက်မှာဖြစ်ပါတယ်။

ဒါဆိုနတ်သမီးလေး link ထဲကို ဝင်ကြည့်တဲ့အရေအတွက်များဖို့ Like & Share များများလုပ်ပေးရမှာနော်။

 

Vote ဆိုတာကတော့ …

နတ်သမီးနာရီဆိုတာ ကွန်ပျူတာနဲ့ကြည့်ရင်  Japo Website ရဲ့ ဘယ်ဘက်ခြမ်းမှာရှိပြီး၊ ဖုန်းနဲ့ကြည့်ရင်တော့ Link တစ်ခုခုထဲဝင်လိုက်တဲ့အခါ အောက်ကိုဆက်ဆွဲလိုက်ရင် တွေ့ရမှာဖြစ်ပါတယ်။

နတ်သမီးနာရီဆိုတာက ဒီလိုပုံလေးပါ။

ဒီလိုဝက်ဝံပုံလေးပေါ်နေရတာကတော့ နတ်သမီးလေးတွေမရှိသေးလို့ဖြစ်ပါတယ်။ နတ်သမီးလေးတွေကိုလည်း ဆက်လက်ရှာဖွေနေပါတယ်။

နောက်တစ်မိနစ်ပြောင်းသွားလို့ နတ်သမီးလေးပုံပေါ်လာခဲ့ရင် ညာဘက်ထောင့်မှာ Vote ဆိုတဲ့ button အနီရောင်လေးပေးထားပါတယ်။

ခုလက်ရှိမှာတော့ နတ်သမီးလေးတစ်ယောက်ကို အချိန် ၄ ချိန်ပေးထားပေမယ့် တကယ်တမ်းပိုင်ဆိုင်ရမှာက  ၁ ချိန်တည်းပါ။ နောက်ပိုင်းလူပြည့်လာရင်တော့ တစ်ချိန်တည်းပေးမှာဖြစ်ပါတယ်။

ကိုယ်အားပေးချင်တဲ့နတ်သမီးလေးရဲ့အချိန်ကိုမှတ်ထားပြီး Vote ကိုနှိပ်လိုက်မယ်ဆိုရင်တော့ နတ်သမီးလေးကို အားပေးပြီးသားဖြစ်သွားပါပြီ။

ဒါဆိုနတ်သမီးလေးတွေကို ပုံစံ ၂ မျိုးနဲ့အားပေးလို့ရတာပေါ့နော်။

နတ်သမီးလေးတွေကို ဘယ်လိုအားပေးရမလဲဆိုတာသိပြီဆိုတော့ အားရပါရအားပေးလိုက်ကြရအောင်နော်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: