လူတစ်ယောက်မှာ အရေးကြီးတဲ့ မျက်နှာအောက်ဖက်ခြမ်း

ခွဲစိတ်ဆရာဝန်တစ်ယောက်ကတော့ ဒီလိုပြောခဲ့ပါတယ်။

“ ခွဲစိတ်ခန်းထဲမှာဆို သူနာပြုလေးတွေအကုန် လှတယ်လို့ ထင်ရတယ်”

https://beauty-men.jp/83772

အလုပ်ကို ကြိုးစားပမ်းစား လုပ်နေကြတာက နှစ်လိုဖွယ်ကောင်းတယ်လို့ ပြောချင်တယ်လို့ တွေးလို့ရပေမယ့်၊ အမှန်တကယ်မှာတော့ မျက်နှာအောက်ဖက်ခြမ်းကို ဖုံးထားရင် လူတော်တော်များများဟာ ကြည့်ကောင်းလာကြပါတယ်။

မဟုတ်ဘူးထင်ရင် သူငယ်ချင်းတစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး မျက်နှာအောက်ဖက်ခြမ်းကို ဖုံးကြည့်လိုက်ပါ။

တွေ့လား၊ ကြည့်ကောင်းသွားတယ်မဟုတ်လား??

အဲ့ဒါအပြင် မိန်းကလေးဆိုရင် မျက်လုံးကို Eyeshadow ချယ်ပြီး လှအောင်လုပ်လို့ ရပါသေးတယ်။

Youtube မှာ မိန်းကလေးတွေရဲ့ မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီး မထင်မှတ်ထားလောက်အောင် လှလာတဲ့ ဗီဒီယိုတွေ ခေတ်စားနေပြီး၊ အဲ့ဒီလို လှလာတာရဲ့ အဓိကအချက်ကတော့ မျက်လုံးပါပဲ။

သို့သော် မျက်နှာအောက်ဖက်ခြမ်းကိုတော့ မိတ်ကပ်လိမ်းပြီး လှလာအောင် လုပ်လို့မရပါဘူး။

ချောမောလှပခြင်းရဲ့ အဓိကအချက်က မျက်နှာအောက်ဖက်ခြမ်းပါပဲလို့ ဆိုလိုချင်တာပါ။

အခုတစ်ခါမှာတော့ မျက်နှာအောက်ဖက်ခြမ်းကိုပဲ ဓာတ်ပုံရိုက်ကြည့်ပါ။

လှပတဲ့ သရုပ်ဆောင် မင်းသမီးတွေ၊ မော်ဒယ်တွေရဲ့ မျက်နှာအောက်ဖက်ခြမ်းဟာ တော်တော် လှပါတယ်။ သာမန်လူတွေမှာတော့ အဲ့လောက်ကြီးတော့ မဟုတ်ဘူးပေါ့နော်။

လှပလာချင်ရင် ဂရုစိုက်ရမယ့် အချက်လေးတွေ ပြောပြပါမယ်။

 

မေးမထောက်ပါနှင့်။

https://beauty-men.jp/83772

အလုပ်လုပ်နေရင်း၊ ကော်ဖီဆိုင်မှာ ထိုင်နေရင်း ဒီလိုပုံစံ လုပ်မိနေပါသလား?

မျက်နှာတစ်ခြမ်းတည်းကိုပဲ အားသက်ရောက်နေတဲ့အတွက် မျက်နှာမှာ ဘယ်ညာမညီတာတွေ ဖြစ်လာနိုင်ပါတယ်။

မျက်နှာအောက်ဖက်ခြမ်း ကြည့်ရဆိုးလာမှာပါ။

 

ယောကျ်ားလေးဆိုရင်တော့ မုတ်ဆိတ်ရိတ်ချိန်နဲ့ ရိတ်ပြီးချိန်တွေမှာ အသားအရည် အစိုဓတ်ကို ဂရုစိုက်ပေးပါ။

မုတ်ဆိတ်ရိတ်ပြီးချိန် အရေပြား ပက်ကြားအပ်တာတွေ ဖြစ်နေပါသလား?

 

သွားညီညာအောင်လုပ်ဖို့ကလည်း အရေးကြီးမယ် ထင်ပါတယ်။

သွားခေါနေရင် သွားအစွန်းဟာ နှုတ်ခမ်းအရေပြားကို တွန်းကန်ထားသလို ဖြစ်နေပါတယ်။ အဲ့ဒါကို အတင်း ပိတ်ဖို့လုပ်နေရင် နှုတ်ခမ်းတစ်ဝိုက်က အသားအရည်ဟာ တွန့်လာမှာ ဖြစ်ပါတယ်။

အသက်ကြီးမှလည်း braces တပ်တာကလည်း မကောင်းပါဘူး။

ရှိရင်းအသက်ထက် ပိုအိုတယ်လို့ မြင်ရတတ်ပါတယ်။

 

သင့်မျက်နှာအောက်ဖက်ခြမ်းကရော ကြည့်ကောင်းပါသလား?

မျက်နှာအောက်ဖက်ခြမ်းလေးပဲ ဓာတ်ပုံရိုက်ပြီး ကြည့်ကြည့်လိုက်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: