နတ္သမီးနာရီ ( 1440 Beauties)

JAPO Myanmar Page ဆိုတာဘာလဲ ?

JAPO Myanmar Page ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းအကြောင်းအရာ ဗဟုသုတစုံစုံလင်လင်ကို မြန်မာလူမျိုးတွေအတွက် တိကျမှန်ကန်စွာတင်ပြပေးနေတဲ့ သတင်းမီဒီယာ Website တစ်ခုဖြစ်ပါတယ်။

ဒါဆို နတ်သမီးနာရီဆိုတာကရောဘာလဲ ?

နာရီရဲ့မိနစ်တိုင်းကို ချစ်စရာကောင်းတဲ့ကောင်မလေးတွေက အချိန်ရေးထားတဲ့ဆိုင်းဘုတ်ကိုင်ပြီး အချိန်ကိုပြသပေးမယ့် နာရီလေးဖြစ်ပါတယ်။

အချိန်တစ်မိနစ်ပြောင်းသွားတိုင်း ကောင်မလေးနောက်တစ်ယောက်ပြောင်းသွားမှာဖြစ်လို့ ၂၄ နာရီရဲ့ ၁၄၄၀ မိနစ် မှာ နတ်သမီးအယောက် ၁၄၄၀ ကို တွေ့ရမှာဖြစ်ပါတယ်။

နတ်သမီးနာရီကို Japo Myanmar Website ရဲ့ ဘယ်ဘက်အပေါ်နားလေးမှာ အမြဲတမ်းဖော်ပြပေးထားမှာဖြစ်ပါတယ်။

https://mm.japo.world/

 

ဒီတော့ ဒီနာရီကို ကြည့်ရုံပဲလား ?

နာရီကို ဝင်ရောက်ကြည့်ရှု့ရင်းနဲ့ ဒီမိန်းကလေးရဲ့ပုံကို ကြိုက်နှစ်သက်လို့ ပုံက Vote ကိုနှိပ်လိုက်မယ်ဆိုရင် သူမရဲ့ Profile Page ထဲကို ဝင်ရောက်သွားမှာဖြစ်ပါတယ်။

Profile ထဲမှာ ယှဥ်ပြိုင်သူပိုင်ဆိုင်ထားတဲ့အချိန်၊ အမည်၊ ဓာတ်ပုံ၊ အသက်၊ ဝါသနာ၊ အလုပ်အကိုင် နဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးထားတဲ့ဗီဒီယိုလေးပဲပါဝင်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မပါဝင်တာကြောင့် စိုးရိမ်စရာမလိုပါဘူး။

 

ဒီလိုဝင်ကြည့်တော့ ဘာဖြစ်လဲ ?

Profile Page ထဲ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်ကိုကြည့်ပြီး ဆုပေးဖို့ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

ပုံတွေကို JAPO Myanmar ရဲ့ Facebook မှာလည်း တစ်ဦးချင်းစီမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ဘယ်အချိန်မှာရှိလဲဆိုတာကို သိရတာနဲ့ သူငယ်ချင်းတွေကို ပြောပြပြီး ကြည့်ပေးခိုင်းဖို့မမေ့နဲ့ဦးနော်။ ဝင်ကြည့်တဲ့သူများလေလေ ဆုရဖို့အခွင့်အရေးများလေလေဖြစ်ပါတယ်။

ဒီလိုဆိုတော့ ကိုယ်ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ ပြသဖို့အခွင့်မရေးပဲနော် !

 

ဆုလက်ဆောင်ကြီးတွေဆိုတာက ဘာတွေလဲ ?

 

ပထမဆု –  ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်ခြင်းခရီးစဥ်

ဒုတိယဆု – Japan Cosmetic Set

တတိယဆု  အဆင့်မြင့် Hair Salon တွင် အခမဲ့ဆံပင်ပြုပြင်ခွင့်လက်မှတ်

 

အယောက် ၁၄၄၀ ထဲကရွေးမယ်ဆိုတော့ အများကြီးပေါ့နော် ?

၁၄၄၀ ချက်ချင်းပြည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ညသန်းခေါင်ယံအချိန်တွေ ရောက်နေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် JAPO ကတာဝန်ရှိသူတွေအနေနဲ့ လူနည်းနေတဲ့အတောအတွင်း နတ်သမီးတစ်ယောက်ကို အချိန် ၂ ခု ၃ ခုလောက် ပေးဖို့ဆုံးဖြတ်ထားပါတယ်။ လွတ်လပ်နေတဲ့အချိန်တွေအများကြီးရှိလို့ အမြန်ဆုံးလျှောက်ထားလိုက်ပါနော်။

ဒီလိုဆိုတော့ ဝင်ကြည့်တဲ့သူများဖို့ မြန်မြန်လျှောက်ရင် အခွင့်အရေးပိုများမှာဖြစ်ပါတယ်။ ( လူပြည့်မကြေငြာမချင်း လျှောက်ထားလို့ရပါတယ်။ )

 

နတ်သမီးနာရီအစီအစဥ်မှာ ပါဝင်ပြီးတော့ ဆုကြီးတွေအပြင် ဘာအခွင့်အရေးတွေရနိုင်သေးလဲ ?

  1. အလှကုန်မိတ်ဆက်တဲ့အခါမှာ အခမဲ့သုံးခွင့်ရနိုင်ပါတယ်။
  2. အစီအစဥ်တစ်ခုခုရှိလာတဲ့အခါ ဦးစားပေးပါဝင်လို့ရမှာဖြစ်ပါတယ်။

အနာဂတ်မှာ Japo TV,Idol Group အစီအစဥ်တွေလည်းရှိလာနိုင်လို့ ပါဝင်ဖို့အတွက် ကိုယ်စားပြုမော်ဒယ်အနေနဲ့ ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်မှာပါဝင်မယ်ဆိုရင် အခုချိန်မှာ သာမာန်လူတစ်ယောက်အနေနဲ့ရှိနေပေမယ့် ဒီနတ်သမီးနာရီကနေတဆင့် ချစ်စရာကောင်းတယ်နာမည်ကြီး အနုပညာရှင်တစ်ဦးလည်းဖြစ်လာနိုင်ပါတယ်။

Facebook မှာကိုယ့်ပုံတင်နေကျသူတွေဆိုရင် ဒီအစီအစဥ်မှာပါဝင်ကြည့်လိုက်ပါနော်။

ပါဝင်ယှဥ်ပြိုင်မယ့်သူတွေအများကြီးဆိုတော့ ရှက်နေဖို့မလိုပါဘူး။ ပါဝင်ယှဥ်ပြိုင်သင့်တဲ့ ပျော်စရာအစီအစဥ်လေးတစ်ခုပါ။

 

ဒီအစီအစဥ်မှာ ဘယ်သူတွေပြိုင်လို့ရမလဲ ?

အမျိုးသမီးများသာပါဝင်ရန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်နေထိုင်သူ ( နိုင်ငံခြားသားများလည်းပါဝင်နိုင်ပါသည်)

လက်ရှိဂျပန်နိုင်ငံမှာနေထိုင်တဲ့မြန်မာလူမျိုးများ ( တိုကျိုမြို့သို့လာရောက်နိုင်သူများသာ)

အသက်ကန့်သတ်ချက်: အသက် ၁၅ မှ ၄၀ အတွင်း

 

ဘယ်လိုပါဝင်လျှောက်ထားရမလဲ ?

ပထမဦးဆုံး Japo Myanmar Facebook Page ကို Like လုပ်ထားရပါမယ်။ ယခု Post ကိုလည်း Public နဲ့ Share ပေးရပါမယ်။ ( ဆုပေးတဲ့အခါ ပြန်လည်သုံးသပ်မှာဖြစ်လို့ လုံးဝမမေ့ပါနဲ့နော်။ )

ဒုတိယအဆင့်အနေနဲ့ JAPO Myanmar Massage Box ကိုသွားပြီး Get Started၊ 1440 Beauties ကိုနှိပ်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်မေးခွန်းများကို အစဥ်လိုက်တစ်ကြိမ်တည်းနဲ့ မှန်ကန်အောင်ဖြေဆိုပေးရမှာဖြစ်ပါတယ်။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဓာတ်ပုံကတော့ မျက်နှာသေချာမြင်ရတဲ့ အလှဓာတ်ပုံဖြစ်ပါတယ်။ ( ဘုတ်ကိုင်ထားတဲ့ပုံမဟုတ် )

 

ဒီအချက်အလက်တွေပို့ပြီးသွားရင်ဘာဆက်လုပ်ရမှာလဲ ?

တာဝန်ရှိသူတွေက ပေးပို့လာတဲ့အချက်အလက်တွေကိုကြည့်ပြီး ရုံးခန်းမှာဓာတ်ပုံလာရိုက်ဖို့အတွက်

အလှည့်ကျဆက်သွယ်ပေးမှာဖြစ်ပါတယ်။ လာရောက်ရမယ့်အချိန်တွေကို အဆင်ပြေဆုံးညှိနှိုင်းပေးမှာဖြစ်လို့ လာရောက်ယှဥ်ပြိုင်ရိုက်ကူးစေလိုပါတယ်။

 

ရုံးခန်းမှာ ဓာတ်ပုံလာရိုက်မှပဲပြိုင်လို့ရမှာလား ?

ဟုတ်ပါတယ်။ ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ပဲယှဥ်ပြိုင်တဲ့အခါ ပြန်ပြင်ထားတဲ့ပုံတွေလည်းရှိလာနိုင်တာကြောင့် အားလုံးတန်းတူ ရုံခန်းမှာလာရောက်ရိုက်ကူးတဲ့ ပုံတွေနဲ့ပဲယှဥ်ပြိုင်တာ အကောင်းဆုံးလို့ဆုံးဖြတ်ထားပါတယ်။ တစ်စုံတစ်ရာ အငြင်းပွားစရာဖြစ်လာပါက Japo Myanmar ရဲ့ဆုံးဖြတ်ချက်ကိုအတည်ယူမှာဖြစ်ပါတယ်။

 

ဘယ်လိုဓာတ်ပုံတွေရိုက်ရမှာလဲ ?

  • ဆိုင်းဘုတ်ကိုင်ထားတဲ့ပုံ
  • မျက်နှာအသားပေးပုံတစ်ပုံ
  • ခါးအထက်ပိုင်းပုံတစ်ပုံ
  • တစ်ကိုယ်လုံးပုံ

နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုလေးရိုက်ပေးရပါမယ်။

နတ်သမီးနာရီမှာထည့်သွင်းဖို့အတွက် လာရောက်ရိုက်ကူးထားတဲ့ပုံတွေကိုကြည့်ပြီး တာဝန်ရှိသူတွေကဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အလှပဆုံးဖြစ်အောင် ပြင်ဆင်လာခဲ့ပါနော်။

ဒီလိုရိုက်ပြီးတဲ့အခါပြီးပြီလား?

ရိုက်ပြီးသွားတဲ့အခါ ကိုယ်ဘယ်အချိန်မှာပါလာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အချိန်ကိုသိရပြီဆိုတဲ့ ကိုယ့်သူငယ်ချင်းတွေကို ကြည့်ပေးခိုင်းဖို့မမေ့ပါနဲ့နော်။

 

ဓာတ်ပုံလာရိုက်တဲ့အခါ ဘာတွေပြင်ဆင်လာခဲ့ရမလဲ ?

ကိုယ်နဲ့အလိုက်ဖက်ဆုံး၊ ကြိုက်နှစ်သက်တဲ့အဝတ်အစားကို ဝတ်ဆင်လာခဲ့ပြီး မျက်နှာကိုလှလှလေးပြင်ခဲ့ပါနော်။ ရုံးခန်းကိုရောက်တာနဲ့ ဓာတ်ပုံရိုက်ရုံပဲဆိုတော့ ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။

ရုံးခန်းတွေကဘယ်မှာလဲ ?

1207,12th floor , Yuzanna Tower, Shwegon Daing Road, Bahan Township, Yangon.

 

A-6,2nd floor, Yadanar Taing Pyi Apartment, 62 street, Between 38th & 39th Street, Chan Aye Thar Zan Township, Mandalay.

 

နတ်သမီးနာရီကိုလက်ရှိမှာစတင်နေပြီဖြစ်ပါတယ်။ လူမပြည့်သေးလို့ ပါဝင်ယှဥ်ပြိုင်လို့ရသေးတယ်နော်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေ ရှက်တတ်တဲ့သူတွေရှိရင် တွန့်ဆုတ်မနေပါနဲ့ ခုပဲပါဝင်လျှောက်ထားလိုက်ကြစို့နော် !!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: