နတ်သမီးနာရီမှာ ရွေးချယ်ခံရရင် ရုံးခန်းမှာဘာလာလုပ်ရမလဲ ?

နတ်သမီးနာရီမှာ ပါဝင်တဲ့သူတွေက ရုံးခန်းကိုလာပြီး ဘာလုပ်ရမလဲဆိုတော့ …

ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုဖြေကြားရမှာဖြစ်ပါတယ်။

ဥပမာ အလုပ်အကိုင် ရှိမရှိ၊ ဝါသနာ၊ လူမျိုး စတဲ့ မေးခွန်းတွေကို ဖြေကြားပေးရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ နာရီထဲမှာပါဝင်ဖို့ အောက်ပါပုံအတိုင်း ရိုက်ကူးပေးမှာဖြစ်ပါတယ်။

နမူနာအနေနဲ့ ယူကီနဲ့ စုလှိုင် က ရိုက်ပြထားပါတယ်။

ဒီဓာတ်ပုံရိုက်ပြီးသွားတဲ့အခါမှာတော့ အလှဓာတ်ပုံထပ်ရိုက်ရပါမယ်။ အလှဓာတ်ပုံရိုက်တဲ့အခါ ကိုယ်တွဲရိုက်ချင်တဲ့ ပစ္စည်းယူခဲ့လို့ရပါတယ်။ ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်ဖို့ ပြင်ဆင်ခဲ့ပါ။

 

နောက်တစ်ခုကတော့ ကိုယ့်ကိုကိုယ်မိတ်ဆက်တဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုရိုက်ကူးရမှာဖြစ်ပါတယ်။

ယူကီက နမူနာအနေနဲ့ရိုက်ပြထားတယ်နော်…

ဒီယှဥ်ပြိုင်တဲ့ အဆင့် ၃ ဆင့်ကို ယှဥ်ပြိုင်ဖို့အတွက် ပေးပို့ထားတဲ့အချက်အလက်တွေကို Japo ရဲ့ တာဝန်ရှိသူတွေက ဆုံးဖြတ်ပြီး ရုံးခန်းကို လာရောက်ဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။

အားလုံးပဲ နတ်သမီးနာရီမှာ မရှက်မကြောက်ပဲ ယုံကြည်မှုရှိရှိ ပါဝင်သွားကြဖို့ Yuuki နဲ့ Su Hlaing တို့က ဖိတ်ခေါ်လိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: