နှင်းဆီပန်း အပွင့် ၄ သောင်းနဲ့အလှဆင်ထားတဲ့ စားသောက်ဆိုင်
ပန်းတွေကို နှစ်သက်ကြတဲ့သူတွေ အားလုံးပျော်ရွှင်စေမယ့် ဒီလိုစားသောက်ဆိုင်တစ်ခုကို အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ထားပါတယ်။
https://www.cinra.net/news/20190607-ghoulrestaurant
နှင်းဆီပန်းအပွင့် ၄ သောင်း လောက်ဝိုင်းနေတဲ့ နေရာမှာ စားသောက်နိုင်တဲ့ ဒီစားသောက်ဆိုင်ဟာ လှပေမယ့် သေချာကြည့်ရင် စိတ္တဇဆန်တဲ့ပုံစံတွေဖြစ်နေတယ်နော်….
သင်ရောမသွားကြည့်ချင်ဘူးလား ?
အဲ့ဒီစားသောက်ဆိုင်က အရမ်းကိုနာမည်ကြီးတဲ့ Anime ဖြစ်တဲ့ 東京喰種(とうきょう ぐーる)တိုကျိုဂူးရုကို အခြေခံထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။
အဲ့ဒီ Anime က မြင်နေရတာက လူတွေလို့ထင်ပေမယ့် လူသားတစ်မျိုးပဲစားနိုင်တဲ့ ဂူးရု လို့ခေါ်တဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။
https://www.youtube.com/watch?v=Nw1pFbfONZg
ရုပ်ရှင်ထုတ်လွှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပါတယ်။
နေရာကတော့ Ginza ရဲ့တစ်နေရာမှာဖြစ်ပါတယ်။
ဂူးရုတွေစုဝေးနေပြီး စားသောက်ဆိုင်ရဲ့တည်နေရာကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာမျိုးတော့မရှိပါဘူး။
စားစရာတွေမှာလိုက်ရင် လျှို့ဝှက်ဖိတ်ကြားလွှာတွေရောက်လာပါလိမ့်မယ်။
ဟင်းလျာတွေကတော့ ညစာအတွက်ဖြစ်ပြီး ဥပမာ ဒီလိုဟင်းလျာမျိုးဖြစ်ပါတယ်။
https://www.cinra.net/news/20190607-ghoulrestaurant
ဘဲသားနဲ့ချက်ထားတဲ့ဟင်းလျာတွေဖြစ်ပြီး သွေးပုံစံဖြန်းထားတာဟာ ဂူးရုတွေရဲ့ စားသောက်ဆိုင်ဖြစ်တာကြောင့် လူသားတွေလားလို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။
နောက် မီနူးတစ်ခုကတော့ သွေးဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဂူးရုတွေက လူသွေး၊ လူသားတွေကို အကြိုက်ဆုံးဖြစ်ပါတယ်။
သင်က အဲ့ဒီဆိုင်မှာသွားစားမယ်ဆိုရင် ပျော်ပျော်ကြီးစားနိုင်ပါ့မလား ?
နှင်းဆီပန်းတွေရဲ့ လှပမှုတွေကြားက စိတ္တဇဆန်တဲ့ စားသောက်ဆိုင်ကြီးထဲမှာ စားရဖို့က ဘယ်နေရာမှာလဲဆိုတာကို မသိပေမယ့် အလကားကျွေးမှာဖြစ်ပါတယ်။
တိုကျိုဂူးရုဆိုတာက ကမ္ဘာ့အတိုင်းအတာနဲ့တောင် ကျော်ကြားတာဖြစ်ပါတယ်။
စာရေးသူတွေလည်း အရမ်းကြိုက်တဲ့ Anime ဖြစ်တာကြောင့် အကယ်၍ စားခံခဲ့ရမယ်ဆိုရင်တောင် တစ်ခေါက်လောက်တော့ သွားကြည့်ချင်ပါတယ်။
Abe Kengo