တိုကျို 2020 အိုလံပစ်အတွက် မီးရှူးတိုင်

၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ဂျပန်နိုင်ငံမှာကျင်းပမယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကြီး တဖြည်းဖြည်းနီးကပ်လို့လာပြီဖြစ်ပါတယ်။

အိုလံပစ်ဖွင့်ပွဲတွေမှာ အဓိကအရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ အိုလံပစ်မီးရှူးတိုင်အကြောင်းကို ပြောပြပါမယ်။

နောက်နှစ်အိုလံပစ်ဖွင့်ပွဲမှာအသုံးပြုဖို့အတွက် Tokujin Yoshioka ဆိုတဲ့နာမည်ကြီးဒီဇိုင်နာက ဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ ချယ်ရီပန်းပွင့်ပုံစံကို ဖန်တီးခဲ့ပါတယ်။

ဘယ်လိုပုံစံလဲဆိုတာကို ပုံထဲမှာကြည့်လိုက်ပါနော်…..

http://www.spoon-tamago.com/wp-content/uploads/2019/03/olympic_yoshioka_20190320_002.jpg

https://cdn-image.travelandleisure.com-TOKYOTORCH0319.jpg?

ဒီဇိုင်းကသေသပ်လှပလွန်းတာကိုတွေ့ရပါတယ်။

လာမယ့်နှစ် ၂၀၂၀ ခုနှစ်ရဲ့မေလအတွက် အခုချိန်ကတည်းကနေပြင်ဆင်ထားပြီး တစ်ကမ္ဘာလုံးကို ထိုးဖောက်နိုင်မယ့် ဒီဇိုင်းဖြစ်ပါတယ်။

ဒီချယ်ရီပန်းဒီဇိုင်းကို ဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံးခေတ်ပေါ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Tokujin Yoshioka ဟာ ကမ္ဘာပေါ်မှာ အရင်ကနဲ့မတူတာကိုဖန်တီးချင်တယ်လို့ပြောပါတယ်။

ဒီမီးရှူးတိုင်တွေက နေရောင်အောက်မှာဆိုရင်လည်း ရွှေရောင်ဝင်းလက်တောက်ပနေမှာဖြစ်ပါတယ်။

https://youtu.be/U7MEpk4Y-1w

ချောမွတ်နေတဲ့အလူမီနီယံသတ္ထုပြားတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံရဲ့ကျဥ်ဆံရထားတွေမှာသုံးတဲ့ အလူမီနီယမ်တွေကိုအသုံးပြုထားတာဟာ တကယ်ကိုအံ့အားသင့်စရာကောင်းလှပါတယ်။

http://www.spoon-tamago.com/wp-content/uploads/2019/03/photo_design_02-768×432.jpg

ဒီမီးရှူးတိုင်တွေဟာ ဂျပန်လူမျိုးတွေအတွက် ၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်နဲ့ဆူနာမီကြီး ပြီးတဲ့နောက်မှာ ပြန်လည်ထူထောင်ရေးတွေကိုလုပ်ဆောင်မှုတွေကို ဖော်ပြနေတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အကြမ်းဖျဥ်းအားဖြင့် မီးရှူးတိုင်မှာပါတဲ့ ကုန်ကြမ်းပစ္စည်း ၃၀ ရာခိုင်နှုန်းဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပိုတဲ့ အလူမီနီယံတွေကို ပြန်လည်အရည်ကျိုပြီး အသုံးပြုထားတာဖြစ်ပါတယ်။

ဒီအချက်က ကမ္ဘာပေါ်ကလူတွေအားလုံးကို ဆွဲဆောင်နိုင်တဲ့အချက်ဖြစ်ပါတယ်။

ဒီလိုမီးရှူးတိုင်ပေါင်း ၁ သောင်းကို ကြိုတင်ပြင်ဆင်ထားမှာဖြစ်ပါတယ်။

http://www.spoon-tamago.com/wp-content/uploads/2019/03/photo_design_04.jpg

မီးရှူးတိုင်တွေရဲ့ဒီဇိုင်းကို မီးတောက်တွေ မိုးဒဏ်လေဒဏ်ခံနိုင်အောင် နည်းလမ်း ၃ မျိုးနဲ့ ဖန်တီးထားခဲ့ပါတယ်။

ဒီမီးရှူးတိုင်တွေဘယ်လောက်လှလဲဆိုတာကို နောက်နှစ်တိုကျို ၂၀၂၀ အိုလံပစ်ပွဲတော်ကြီးကို ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှူ့လိုက်ကြပါနော်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: