အမြှုပ်ထွက်တဲ့ရေပန်း

အရင်ဆုံး ဒီပုံလေးကို ကြည့်လိုက်ပါနော်။

https://youpouch.com/2019/04/09/567736/

 

ကြည့်လိုက်တာနဲ့သိမယ်လို့ထင်ပါတယ်။

Body Treatment shower လို့ခေါ်ပြီး ဈေးကွက်ထဲမှာရောင်းချနေတဲ့ KINUAMI ဆိုတဲ့ပစ္စည်းကို ကိုယ်ရဲ့အိမ်မှာအလွယ်တကူတပ်ဆင်ထားလို့ရပါတယ်။

ဒီပစ္စည်းကို NITTO CERA ကုမ္ပဏီကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

နှစ်ပေါင်း ၁၁၀ ကျော်လောက်ကတည်းက တည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး မီးသတ်ကားနဲ့ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီရဲ့နည်းပညာတွေကို အသုံးပြုထားတာဖြစ်ပါတယ်။

မီးသတ်ကားဆိုတာက ရေတစ်မျိုးတည်းနဲ့မီးငြိမ်းတာမျိုးတော့မဟုတ်ပါဘူး။

အမြှုပ်တွေကိုဖန်တီးပြီး လေတွေကိုဖယ်ထုတ်လိုက်တဲ့နည်းလမ်းနဲ့ မီးတွေကိုငြိမ်းပါတယ်။

ဒီလိုအားပြင်းပြင်းနဲ့ အမြှုပ်တွေကို ဖန်တီးပေးနိုင်တဲ့ပစ္စည်းကတော့ ဒီပစ္စည်းလေးဖြစ်ပါတယ်။

အမြှုပ်တွေ ဘယ်လိုပုံစံမျိုးထွက်လာလဲဆိုတာ အောက်ကပုံလေးမှာ ကြည့်လိုက်ပါ။

https://youpouch.com/2019/04/09/567736/

ပုံရဲ့ ညာဘက်အခြမ်းက လက်ထဲက အမြှုပ်တွေဟာ ရေပန်းထဲကထွက်လာတဲ့အမြှုပ်တွေဖြစ်ပါတယ်။ သိပ်သိပ်သည်းသည်းလေးဖြစ်နေပြီး လက်ထဲမှာ စုစုစည်းစည်းလေးဖြစ်နေတာကို တွေ့ရပါတယ်။

ဆပ်ပြာအမြှုပ်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ထိတွေ့နိုင်ပြီး အပူချိန်လည်းမပြောင်းလဲနိုင်တာကြောင့် အသားရည်ကိုအစိုဓာတ်ရရှိစေနိုင်ပါတယ်။

အမြှုပ်နွေးနွေးလေးတွေနဲ့ အသားအရည်ကို နူးနူးညံ့ညံ့နဲ့အနွေးဓာတ်ပေးနိုင်တာကြောင့် နာကျင်ကိုက်ခဲနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

 

နောက်ဆုံးပေါ်ရေပန်းကိုသုံးပြီး ပုံမှန်အတိုင်း ရေပူရေအေးနဲ့ကြိုက်သလိုချိုးလို့ရပါတယ်။

ပုံစံကတော့ တခြားရေပန်းတွေလိုပါပဲ။

https://youpouch.com/2019/04/09/567736/

 

အမြှုပ်ထွက်စေတဲ့ compressor ပါတာကြောင့် ရေချိုးရလည်းလွယ်ပြီး အကြီးကြီးလည်းမဟုတ်ပါဘူး။

ယန်း ၄၃၀၀၀ နဲ့စတင်ရောင်းချခဲ့ပြီး ခဏလေးအတွင်းမှာပဲ တော်တော်လေးကိုရောင်းကောင်းခဲ့ပါတယ်။

ရေပူစမ်း၊ ရေချိုးကန်တွေနဲ့လည်း အထူးသင့်တော်တာကြောင့် ဒီရေပန်းနဲ့သာရေချိုးလိုက်မယ်ဆိုရင် တကယ့်ကိုလန်းဆန်းသွားမှာပဲ။

မြန်မာနိုင်ငံမှာလည်း ရောင်းနေပြီလားမသိဘူးနော် ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: