အကောင်းစားနာရီ ငှားရမ်းပေးတဲ့ဝန်ဆောင်မှု

OMEGA、ROLEX、FRANK MULLER ဆိုတဲ့နာရီတွေဟာ လူတိုင်းလိုချင်တဲ့ အကောင်းစားနာရီတွေပဲဖြစ်ပါတယ်။

ဈေးကြီးလွန်းတာကြောင့် တော်ရုံနဲ့မဝယ်နိုင်ကြပါဘူး။

ဒါပေမယ့် အရေးကြီးတဲ့အစည်းဝေးပွဲတွေတက်ရောက်တဲ့အခါ၊ ချိန်းတွေ့တဲ့အခါမျိုးတွေမှာ ဒီလိုနာရီတွေကိုပတ်ထားမယ်ဆိုရင် အရမ်းကိုမိုက်မှာပဲဆိုပေမယ့်………………..

ဂျပန်နိုင်ငံမှာဆိုရင်တော့ သင့်ကိုပြည့်စုံစေမယ့် ဝန်ဆောင်မှုတစ်ခုရှိပါတယ်။

အကောင်းစားနာရီငှားရမ်းတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။

https://karitoke.jp/karitoke

နာရီကဈေးကြီးလွန်းလို့ ငှားရင်လည်းဈေးကြီးမှာပဲလေလို့ စာဖတ်သူတို့တွေးမိနေမလားမသိပေမယ့် အံ့သြစရာကောင်းလောက်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးမှာဖြစ်ပါတယ်။

ငှားရမ်းတဲ့ပုံစံ ၄ မျိုးရှိပြီး တစ်လကို ယန်း ၃,၉၈၀ နဲ့ ၁၉,၈၀၀ ကြား ဈေးကစားနေတာဖြစ်ပါတယ်။

ဒီပုံစံ ၄ မျိုးထဲမှာမှ ကိုယ်ရွေးချယ်တဲ့စျေးနှုန်းနဲ့ကိုက်ညီတဲ့နာရီကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။

ဈေးနှုန်းယန်း ၃,၉၈၀ တန်ဆိုရင် ဒီလိုနာရီမျိုးတွေကိုရွေးချယ်လို့ရပါတယ်။

https://karitoke.jp/item?from_collection=true&m_plan_id=1

 

ယန်း ၁၉၈၀၀ တန်ဆိုရင်တော့ ROLEX နာရီကိုလည်းရွေးချယ်လို့ရပါပြီ။

 

https://karitoke.jp/item

အကောင်းစားနာရီတစ်လုံးပိုင်ပြီး နေ့တိုင်းဒါချည်းပဲပတ်နေရရင် ရိုးအီလာပါလိမ့်မယ်။

ဒါပေမယ့် ဒီငှားရမ်းပေးတဲ့ဝန်ဆောင်မှုနဲ့သာဆိုရင် လတိုင်းပဲဖြစ်ဖြစ်၊ အပတ်စဥ်တိုင်းပဲဖြစ်ဖြစ် တစ်လုံးပြီးတစ်လုံး ပြောင်းပတ်လို့ရပါတယ်။

နာရီတွေကိုနှစ်သက်ပေမယ့် တစ်လုံးမှမဝယ်နိုင်တဲ့သူအတွက် ဒီဝန်ဆောင်မှုဟာ ပြီးပြည့်စုံစေမယ့် ဝန်ဆောင်မှုလေးဖြစ်ပါတယ်။

ဂျပန်မှာနေထိုင်နေကြတဲ့ အမျိုးသားအပေါင်းတို့ရေ …..

နာရီဆိုတာ ရိုးရိုး accessories ထက်ပိုပြီး၊ နာရီပတ်ထားမယ်ဆိုရင် ခန့်ညားတဲ့လူတစ်ယောက်အသွင် ပြောင်းပေးပါလိမ့်မယ်နော်။

အမျိုးစားစုံလင်တဲ့နာရီတွေကို အောက်ပါလင့်ခ်ထဲမှာ ဝင်ရောက်ကြည့်ရှု့လိုက်ပါနော်။

https://karitoke.jp/karitoke

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: