ဂျပန်မှာ iPhone တွေပစ္စည်းပျက်တယ်? တကမ္ဘာလုံးက လိုချင်ကြတဲ့ ဂျပန်ရဲ့ iPhone

လူကြိုက်များတဲ့ Apple ရဲ့  iPhone

ဂျပန်မှာလည်း ဈေးကြီးပေးပြီး အသစ်အဟောင်း လဲလှယ်ကြတာမျိုး ရှိပေမယ့်၊ အခု တော်တ်ောလေး ဆိုးဝါးနေပါတယ်

 

အဟောင်းဝယ်တဲ့ဆိုင်က အသစ်ဈေးနဲ့ အတူတူ/ အဲ့ထက်ပိုပြီးတော့ကို ပေးပြီးဝယ်တဲ့ဆိုင်တွေ ပေါ်လာလို့ပါပဲ

ဘာဖြစ်လို့ပါလိမ့်?

အကြောင်းကတော့ အလျင်အမြန်ဖြစ်လာတေနဲ့ ယန်းဈေးကျမှုပါပဲ

ယန်းဈေးတွေ အကြီးအကျယ်ကျနေပြီး နိုင်ငံခြားကကြည့်လိုက်ရင် ဂျပန် iPhone တွေက ကမ္ဘာမှာဈေးအပေါဆုံးလို့ ဖြစ်နေပါတယ်

ဒါကြောင့် ဂျပန်အဟောင်းဈေးကွက်မှာ လည်ပတ်နေတဲ့ iPhone တွေဟာ လုံးဝကို ပြတ်တောက်သွားပြီး၊ ဒီကြားထဲမှာကို ဝယ်လိုအညးက မရပ်သေးတော့ ပစ္စည်းအသစ်ထက်ကို ဈေးကြီးပေးပြီး ဝယ်ကြတော့တာပါ

အသစ်မှာမယ်ဆိုရင် အကြာကြီးစောင့်ပြီး မှာလို့ရခဲ့ရင်တောင်၊ ပစ္စည်းရောက်တဲ့အထိ 2 ပတ်ကနေ 4 ပတ်စောင့်ရပါတယ်

အရောင်၊ model နဲ့လိုက်ပြီး လအကြာကြီး စောင့်ရတာမျိုးလည်း ရှိပါတယ်

 

နိုင်ငံခြားက ကုမ္ပဏီတွေက အကုန်စုဝယ်ပြီး ပြန်သွားကြပေမယ့်၊ ကိုယ့်နိုင်ငံကို ပြန်ဝင်တဲ့အခါ ပစ္စည်းစစ်ဆေးခံရပြီး ဒဏ်ရိုက်ခံရတာတွေ၊ အသိမ်းခံရတာမျိုးပါ ရှိနေပါတယ်

 

ဂျပန်မှာ ပေါပေါပဲပဲဝယ်တာက ကိစ္စမရှိပေမယ့် စည်းကမ်းအတိုင်းတော့ လိုက်နာရမယ်နော်

တကူးတကဝယ်ထားတဲ့ iPhone လေးအသိမ်းခံလိုက်ရရင် နှမြောစရာကြီးပါ

 

ဂျပန်ယန်းဈေးကျတာက ဘယ်လောက်အထိသွားမယ်လို့ ထင်ပါသလဲ?

လက်ရှိ 1USD = 136 ယန်းလောက်ပါ

 

ဩဂုတ်လလောက်ဆိုရင်တော့ 160 လောက်များရောက်သွားမလား? လို့ထင်ပေမယ့် အားလုံးကရော ဘယ်လိုထင်ပါသလဲ?

 

ယန်းဈေးကျတာက ကောင်းတဲ့အချက်လည်း ရှိပါသေးတယ်

ဂျပန်ကို နိုင်ငံခြားသားတွေလာတော့ ဟော်တယ်တွေ၊ စားသောက်ဆိုင်တွေ၊ အိမ်ငှားတာတွေက ဈေးပေါပါမယ်

အများကြီးလာနိုင်တဲ့အခါ ဂျပန်မှာ ငွေအများကြီး သုံးပေးကြလို့ ကောင်းတဲ့အချက်ပါပဲ

 

သွင်းကုန်တွေကိုပဲ အားကိုးနေရတဲ့ ဂျပန်ဟာ ယန်းဈေးကျတော့ ဆုံးရှုံးမှုကြီးပေမယ့်၊ ကောင်းတာလေးတွေလည်း ရှိတာကြောင့် ရှာကျံပြီး အပျော်ရှာရမှာပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: