NO.1 ဆာမူရိုင်းတစ်ယောက်ရဲ့ စကားတစ်ခွန်းက သင့်ဘဝကို ပြောင်းလဲပစ်နိုင်လား?

Miyamoto Musashi ဆိုတာ ဂျပန်မှာရှိခဲ့တဲ့ ဆာမူရိုင်းတွေထဲမှာ တော်တ်ောလေး သန်စွမ်း ထက်မြတ်ခဲ့တဲ့သူပါ
ကြားဖူးသူရှိပါသလား?
သူ့အကြောင်း ဝတ္ထုတွေ၊ ဇာတ်လမ်းတွေပါ ရိုက်ကြရလောက်တဲ့အထိ နာမည်ကြီးတာပါ
သူပြောခဲ့တဲ့စကားက သင့်ဘဝကို ပြောင်းလဲပေးနုင်မလား?
ဘယ်လမ်းကိုပဲလျှောက်ရလျှောက်ရ ခွဲခွာရတာ ဝမ်းမနည်းနဲ့
ဘဝဆိုတာ ဆုံတွေ့ရတာရှိသလို၊ ခွဲခွာရတာလည်း ရှိစမြဲပဲ
ဒါပေမယ့် ခွဲခွာရတာကို ဝမ်းနည်းဖို့မလိုပါဘူး
ဒါက တခြားနေရာရောက်သွားတာတင်မကဘဲ၊ သေသွားတဲ့အခါမှာလည်း အတူတူပါပဲ
ဝမ်းနည်းမနေဘဲ ရှေ့ကိုဆက်ကြည့်ပြီး နောက်ထပ်တွေ့ရမယ့်အရာကို ရှာဖွေလိုက်ရအောင်
စိတ်ကို အမြဲတမ်းလမ်းမလွဲပါစေနဲ့
ဂျပန်စာမှာ “ လမ်း” ဆိုတာ အသက်ရှင်သင့်တဲ့ပုံစံ၊ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ရှေ့ဆက်လျှောက်သင့်တယ်လို့
ဆိုချင်တာပါ
ဓားရေးကျွမ်းကျင်တဲ့ Musashi ဟာ ဓားကျွမ်းကျင်သူဆိုတာထက် ပိုတဲ့အရာကို အမြဲရည်မှန်းထားသူပါ
ဘယ်လိုအရာတွေပဲ ဖြစ်လာပါစေ လုပ်သင့်တာက ၁ ခုတည်းပါ။ လမ်းမလွဲပါစေနဲ့
သင်လည်းပဲ သင်လျှောက်သင့်တဲံ့လမ်းကို မလွဲစေဘဲ ကျွမ်းကျင်စွာလျှောက်လှမ်းပါ
ကောင်းကင်ကြီးကို လမ်းလို့မြင်ပြီး လမ်းကို ကောင်းကင်ကြီးလို့မြင်ပါ
လမ်းဆိုတာက ခုနကပြောတဲ့ ဘဝလမ်း
ဆာမူရိုင်းတွေအတွက် Bushido ဆိုတဲ့စကားလုံးရှိပါတယ်
ကောင်းကင်ဆိုတာ စိတ်နှလုံးပဲဆိုတဲ့ အဓိပ္ပာယ်နဲ့ ဟင်းလင်းပြင် ဆိုတဲ့ အဓိပ္ပာယ်ပါနေပါတယ်
လောဘနည်းပါးစွာ အပြစ်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လျှောက်လှမ်းပါလို့ ဆိုချင်တာပါ
ဘာလုပ်ရင်ကောင်းမလဲလို့ နားမလည်ဘဲ ဖြစ်လာတဲ့အခါ ဒီစကားလေးကို သတိရလိုက်ပါ
ဘုရားကိုကိုးကွယ်ပါ၊ အားမကိုးပါနဲ့
ဒုက္ခရောက်တဲ့အချိန်မှာ ဘုရားဆီဆုပဲတောင်းပြီး ကိုယ်တိုင်ကအားမထုတ်တဲ့လူတွေ အများကြီးရှိပါတယ်
မလုပ်သင့်ပါဘူး
နတ်တွေကို မယုံကြည်ဘဲ ဥပေက္ခာလည်း မပြုရပါဘူး
ယုံကြည် အားထားရင်း အားထုတ်ရမှာပါပဲ
ရက် ၁ ထောင်လေ့ကျင့်ရင် အလေ့အကျင့်ရမယ်၊ ရက် ၁ သောင်းလေ့ကျင့်ရင် ကျွမ်းကျင်သွားမယ်
ရက် ၁ ထောင်လေ့ကျင့်လို့ 50% အောင်မြင်ရင် ရက် ၁ သောင်း ဆို 100% အောင်မြင်မှာပါ
ဝါသနာကိုပဲဖြစ်ဖြစ် အလုပ်ကိုပဲဖြစ်ဖြစ် ဒီလိုကြိုးစားရမှာပါပဲ
ခန္ဓာကိုယ်ကို စွန့်လွှတ်ရရင်တောင် နာမည်ကိုတော့ မစွန့်လွှတ်နဲ့
သေရတာထက် ကြောက်ဖို့ကောင်းတာက ကိုယ့်နာမည်ကို အရှက်ရစေတဲ့အရာပါ
ကိုယ့်ကိုယ်ကို ဂုဏ်ယူနိုင်ဖို့ ထိန်းသိမ်းရမှာပါ
တစ်နေရာကို ရောက်သွားနိုင်ရင် နည်းလမ်းတစ်သောင်းကို နားလည်မယ်
လမ်းတစ်ခုကို ထွန်းပေါက်သွားရင် ဘယ်လိုအရာကိုမဆို နားလည်နိုင်သွားမယ်
နားလည်နိုင်အောင် အားထုတ်ရမယ်
ဘာနေနေ စမ်းလုပ်ကြည့်တာကောင်းပေမယ့်၊ တစ်ခုခုကို သေသေချာချာ လုပ်ဆောင်နိုင်ရင် ကျွမ်းကင်သွားမှာပါ
ငါဟာ နောင်တမရှိ
နောင်တရနိုင်မယ့် ဘဝလမ်းကို မလျှောက်နဲ့ ဆိုတဲ့အဓိပ္ပာယ်ပါ
ဘဝမာ ဘယ်အချိန် ဘာဖြစ်မလဲ မသိနိုင်ပါဘူး
သူတစ်ဖက်သားအမြင်မရှက်စေမယ့် ဘဝမျိုးကို နေထိုင်ပါ
ဘယ်လိုလဲ?
ဓါးအကြောင်း တိုက်ခိုက်မှုအကြောင်းကိုပဲ ဦးစားပေးပြောနေသူဖြစ်ပေမယ့် အခုခေတ်နဲ့လည်း ကိုက်ညီတဲ့စကားတွေပါပဲ
Abe Kango